Eleven Sport ဂျာနယ်က ရွေးချယ်ချီးမြှင့် သည့် ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ
ကစားသမားဆုပေးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ
ထိုင်ဝမ်စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး မြန်မာကစားသမားဆုကို ရတနာပုံအသင်း နှင့် မြန်မာ့
လက်ရွေးစင် ယူ-၂၀အသင်း တိုက်စစ်မှူး အောင်သူက ရရှိခဲ့ပြီး ဒုတိယဆု ကို ရန်ကုန်ယူနိုက်
တက်အသင်းနှင့် မြန်မာ ယူ-၂၀ အသင်း တိုက်စစ်မှူး သန်းပိုင်က ရရှိခဲ့ သည်။
ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက် ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုက တတိယ ဆုကို ရရှိခဲ့
သည်။
"ဒီဆုကို မမျှော်လင့်ပဲရရှိခဲ့တာပါ။ ရရှိတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်
အကောင်းဆုံးဆုရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတစ်သင်းလုံးကို ကျေးဇူးတင်
ပါတယ်။ အသင်းဖော်တွေက ကျွန်တော် ခြေစွမ်းပြနိုင်အောင် အကောင်းဆုံးပံ့ပိုးပေး ခဲ့တာပါ။
ကျွန်တော်တို့က အခုမှ သက်တမ်း အလိုက် အသင်းလေးပဲ ရှိပါသေးတယ်။ ဒီထက်အောင်မြင်
မှုတွေ ပိုပြီး ရရှိအောင် ကြိုးစားသွားမှာပါ"ဟု အကောင်းဆုံး ကစား သမားဆုရရှိခဲ့သော အောင်သူ
က ပြောသည်။
အကောင်းဆုံးဆုရရှိခဲ့သော အောင်သူ နှင့် ဒုတိယရရှိခဲ့သော သန်းပိုင်တို့သည် ၂၀၁၄ ခုနှစ်
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာရှ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် အကောင်း
ဆုံးခြေစွမ်းပြကစား နိုင်ခဲ့သူများဖြစ်ပြီး မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရန်အတွက်
အရေးပါ သော သွင်းဂိုးများကို သွင်းယူပေးခဲ့ကြသည်။
Eleven Sport ဂျာနယ်သည် မြန်မာ အကောင်းဆုံး ဘောလုံးသမားဆုများကို ၂၀၀၀ ပြည့်နှစ်
မှစတင်၍ ရွေးချယ်ချီးမြှင့်ခဲ့ ခြင်းဖြစ်သည်။














