အကောင်းဆုံးဖြစ်လာနိုင်တဲ့ ဒေါ့မွန်နဲ့ ရှော်လ်ကေးပွဲစဉ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၃)

အကောင်းဆုံးဖြစ်လာနိုင်တဲ့ ဒေါ့မွန်နဲ့ ရှော်လ်ကေးပွဲစဉ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၃)

ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ကတော့ ၀ုဖ်ဘတ်ကို ရှစ်မှတ်ဖြတ်ပြီး ဦးဆောင်နေဆဲပါ။ အကြိတ်
အနယ် ရှိမယ့်ပွဲစဉ်ကတော့ တန်းဆင်းဇုန်ကနေ ခုန်ထွက်လာတဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်
မှန်းနေတဲ့ ရှော်လ်ကေးတို့ရဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် -ကိုလုံး
စနေ၊ နံနက် ၂းဝဝ ပထမအကျော့ရလဒ်၊
ကိုလုံး ၀-၂ ဘိုင်ယန်

ဘိုင်ယန်ဟာ စတုဂတ်နဲ့ပွဲကစလို့ ခံစစ် ပိုင်းက ပေးဂိုးလုံးဝမရှိသေးပါဘူး။ သူတို့ရဲ့ နောက်ဆုံး
ခြောက်ပွဲမှာ ဟမ်းဘတ်ကို ၈-၀၊ ပက်ဒါဘွန်းကို ၆-၀ သွင်းထားနိုင်တာက တိုက်စစ်စွမ်းရည်ကို
ဖော်ပြနေပါတယ်။ ကိုလုံးရဲ့ အနေအထားကိုကြည့်ရင် ဟမ်းဘတ် ကို အဝေးကွင်းမှာ ၀-၂ နဲ့
နိုင်ခဲ့ပြီးတဲ့နောက် နိုင်ပွဲပျောက်ဆုံးနေတာကို တွေ့ရပါတယ်။ တိုက်စစ်ကလည်း လေးပွဲမှာ တစ်ဂိုး
သာ သွင်းနိုင်ခဲ့လို့ ဘိုင်ယန်ကို ရွေးချယ်ပါတယ်။

ဒေါ့မွန် -ရှော်လ်ကေး
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ရှော်လ်ကေး ၂-၁ ဒေါ့မွန်

ဒေါ့မွန်ဟာ ဖရိုင်းဘတ်ကို အဝေးကွင်းမှာ ၀-၃ နဲ့ နိုင်ပြီးတဲ့နောက် မိန့်ဇ်၊ စတုဂတ်တို့ကို ပါ နိုင်ပွဲ
ရပြီး တန်းဆင်းဇုန်က ခုန်ထွက်ကာ အဆင့်(၁၂)နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ အဲဒီ
အနိုင်ရတဲ့သုံးပွဲမှာ တိုက်စစ်က ၁၀ ဂိုးသွင်းပြီး ခံစစ်က လေးဂိုးပြန်ပေးခဲ့ ရပါတယ်။ ရှော်လ်ကေး
ဟာ အဆင့်(၄)မှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ သုံးပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေပါ
တယ်။ ဒါ့ပြင် အားထားရတဲ့ တိုက်စစ်မှူး ဟန်တဲလားရဲ့ ဒူးအရွတ်စုတ်ပြတ်မှု ဒဏ်ရာဟာ ဘယ်နေ့
ပြန်ကစားနိုင်မယ် ဆိုတာမပြောနိုင်သေး ပါဘူး။ အိမ်ကွင်းရမှတ်ကို ရှော်လ်ကေးရဲ့ အဝေးကွင်း
ရမှတ်ထက် ရယူထားနိုင်တဲ့ ဒေါ့မွန်ကိုကြိုက်ပါတယ်။

လဗာကူဆင် -ဖရိုင်းဘတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဖရိုင်းဘတ် ၀-၀ လေဗာကူဆင်
လေဗာကူဆင်အတွက် ဒီသီတင်းပတ် အတွင်း အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ လုပ်ရပ် ကတော့
သူတို့ဟာ ချယ်လ်ဆီး၊ လီဗာပူး စတဲ့ အသင်းကြီးတွေက စိတ်ဝင်စားနေတဲ့ အသက် ၂၄ နှစ်အရွယ်
ဂျာမန်ကွင်းလယ် ကစားသမား ဘယ်လာရာဘီကို ၂၀၂၀ အထိ သက်တမ်းတိုးနိုင်ခဲ့တာပါပဲ။ ဒါပေ
မဲ့ သူတို့ဟာ ဟာသာဘာလင်ကို အဝေးကွင်းမှာ ၀-၁ ရလဒ် နဲ့ နိုင်ပြီးတဲ့နောက် သုံးပွဲဆက်တိုက်နိုင်
ပွဲ ပျောက်ဆုံးနေပါတယ်။ တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ ဖရိုင်းဘတ်ကတော့ တည်ငြိမ်တဲ့ ခြေစွမ်းမရှိ
သေးပါဘူး။ လေဗာကူဆင်နဲ့အတူ ရပ်တည်ရမှာပါ။

ဟော့ဖန်ဟိမ်း -မိန့်ဇ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
မိန့်ဇ် ၀-၀ ဟော့ဖန်ဟိမ်း

မိန့်ဇ်အသင်းကတော့ သူတို့ရဲ့နည်းပြ ကက်စ်ပါဂျူလ်မင်းန်ဒ်ကို ထုတ်ပယ်ပြီး အရန် အသင်းနည်းပြ
မာတင်ရှမစ်ကို အစားထိုး ခန့်အပ်လိုက်ပါပြီ။ သူတို့ဟာ ဒေါ့မွန်ကို အဝေးကွင်းမှာ ၄-၂ နဲ့ ရှုံးပြီးတဲ့
နောက် ကက်စ်ပါကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကစားတဲ့ပွဲတွေမှာတော့ ဖရန့်ဖတ်
ကို အိမ်ကွင်းမှာ ၃-၁ နဲ့ ပြန်နိုင်ခဲ့ပါတယ်။ နည်းပြသစ်ရဲ့ စီမံခန့်ခွဲနိုင်မှုအားကြောင့် မိန့်ဇ် သရေ
တစ်မှတ်ခွဲယူနိုင်မယ်လို့ ထင်တယ်။

ဟန်နိုဗာ -စတုဂတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
စတုဂတ် ၁-၀ ဟန်နိုဗာ

စတုဂတ်ကတော့ အတော့်ကို အခြေအနေ ဆိုးနေပြီ။ ဇယားအောက်ခြေမှာ ဘုတ်ထိုင် ထိုင်နေ
လေရဲ့။ အဝေးကွင်းရလဒ်ကတော့ သုံးပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံးအခြေအနေ ကို ပြဆိုတယ်။
ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက အိမ်ကွင်း ၁၁ ပွဲမှာ ခြောက်ဂိုးပဲသွင်းနိုင်တဲ့ စတုဂတ်ဟာ အဝေးကွင်း
၁၁ ပွဲ ကျတော့ ၁၇ ဂိုးသွင်းနိုင်တာပါပဲ။ ဇယားအလယ်က ဟန်နိုဗာဟာ အိမ်ကွင်းမှာ ၁၂ ဂိုးသွင်းပြီး
ငါးပွဲအနိုင် ရယူနိုင်ခဲ့တယ်။ ဇယား အောက်ခြေ ကနေ ရုန်းထွက်နိုင်မယ့်အခွင့်အရေးကို အသုံးချချင်
နေတဲ့ စတုဂတ်နဲ့ ဂိုးပေါင်းအများ ပါပဲ။

ဟာသာဘာလင် -အော့စ်ဘတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
အော့စ်ဘတ် ၁-၀ ဟာသာဘာလင်
ဟာသာဘာလင် ခြေစွမ်းတည်ငြိမ်မှုမရှိ ဘူး။ အော့စ်ဘတ်
ကလည်း ထူးမခြားနားပါ။ အိမ်ရှင်က တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး အော့စ်ဘတ်ကတော့
အဆင့်(၅)နေရာမှာ မိန့်မိန့်ကြီးပါပဲ။ အနိုင်အရှုံးပြတ်သားမယ့်ပွဲ ဖြစ်မယ်လို့ထင်ပြီး အိမ်ရှင်ကို
ငြင်းပယ်ချင် ပါတယ်။

ဖရန့်ဖတ် -ဟမ်းဘတ်
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ ပထမအကျော့ရလဒ်၊

ဟမ်းဘတ် ၁-၂ ဖရန့်ဖတ်
အစဉ်အလာပိုင်းအရ ဖရန့်ဖတ်ကွင်းမှာ ဟမ်းဘတ်ကျော်လို့တော့ မရနိုင်ခဲ့။ ၅-၂၊ ၃-၂၊ ၂-၂
အစရှိတဲ့ ရလဒ်တွေက ဟမ်းဘတ်ရဲ့ အနေအထားကို ဖော်ပြနေတယ်။ အဝေးကွင်း မှာတောင်
အနိုင်ကစားလာတဲ့ ဖရန့်ဖတ်နဲ့ပဲ လက်တွဲရမှာပါ။

မွန်ချင်ဂလက်ဘတ် -ပက်ဒါဘွန်း
တနင်္ဂနွေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ပက်ဒါဘွန်း ၁-၂ မွန်ချင်
ပြီးခဲ့တဲ့တစ်ပတ်က ဘိုင်ယန်ကို အိမ်ကွင်း မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ ပက်ဒါဘွန်းရဲ့ခံစစ်က တော့
အတော့်ကို ပေါက်ပြဲနေပါပြီ။ မိန့်ဇ်ကို လည်း အဝေးကွင်းမှာ ငါးဂိုးနဲ့ ရှုံးခဲ့ပါသေး တယ်။ အိမ်ရှင်
မွန်ချင်တို့ နိုင်ပွဲပြန်ယူမှာ သေချာပါတယ်။

၀ါဒါဘရီမင် -၀ုဖ်ဘတ်
တနင်္ဂနွေ၊ ည ၁၁းဝဝ ပထမ
အကျော့ရလဒ်၊
၀ုဖ်ဘတ် ၂-၁ ၀ါဒါဘရီမင်

၀ုဖ်ဘတ်က ဘိုင်ယန်နဲ့ အမှတ်ကွာခြား ချက် ရနိုင်သမျှ လျှော့ချနေတယ်။ ၀ါဒါဘရီမင် ကလည်း
ဘာပဲဖြစ်ဖြစ် ဥရောပတစ်နေရာ ၀င်ဖို့ ပစ်မှတ်ထားနေတာပါပဲ။ ၀ါဒါဘရီမင် ဟာ အိမ်ကွင်းမှာ
ခြောက်ပွဲနိုင်ပြီး ဂိုး ၂၀ သွင်း ထားတယ်။ ၀ုဖ်ဘတ်ကတော့ အဝေးကွင်းမှာ လေးပွဲနိုင်ထားပြီး
၂၁ ဂိုးသွင်းတာတွေ့ရ တယ်။ ဒါပေမဲ့ ၀ုဖ်ဘတ်ရဲ့ အဝေးကွင်း ပေးဂိုးက ၀ုဖ်ဘတ်ရဲ့ အိမ်ကွင်း
သွင်းဂိုးထက် နှစ်ဆမြင့်တာ တွေ့ရတယ်။ ၀ါဒါဘရီမင်နဲ့ လက်တွဲပြီး နှစ်သင်းပေါင်း သွင်းဂိုး
အများကို ရွေးချယ်သင့်တယ်။



ဖတ်ရှုမှုအများဆုံး