အမှတ်ကွာဟမှုနည်းအောင် ကြိုးစားမယ့် ရိုးမား

အမှတ်ကွာဟမှုနည်းအောင် ကြိုးစားမယ့် ရိုးမား

ရိုးမား - ဂျူဗင်တပ် အင်္ဂါ၊ နံနက် ၂း၁၅
ထိပ်ဆုံးက ဦးဆောင်နေသည့် ဂျူဗင် တပ်နှင့် ကိုးမှတ်ပြတ်သွားသော ရိုးမားသည် တတိယနေရာမှ
ကပ်လိုက်လာသော နာပိုလီ နှင့်လည်း သုံးမှတ်သာ ကွာဟတော့သော ကြောင့် ပြန်လည်အား
စိုက်ပြီး ဖျစ်ညှစ် ကစားရမည့် အနေအထားသို့ ရောက်ရှိ လာပြီ ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ ပြန်လည်စတင်လာ သောကြောင့် ရိုးမားသည် ပြိုင်ပွဲနှစ်ခုကြား တွင် အင်အားချိန်
ခွင်လျှာ မျှတအောင် ကြိုးစားနေရသည်။ အဓိက တိုက်စစ်မှူးအချို့ ဒဏ်ရာကြောင့် လွဲချော်နေချိန်
တွင် အခြား တိုက်စစ်မှူးများလည်း ဂိုးပေါက်လွဲချော်နေ သောကြောင့် ရိုးမားသည် ဇန်နဝါရီနှင့်
ဖေဖော်ဝါရီလထဲတွင် ခြေစွမ်းရော၊ ရလဒ် များပါ ကျဆင်းသွားသည်။ အစောပိုင်းက ဂိုးသွင်းနှုန်း
ကောင်းမွန် ခဲ့သော ရိုးမားသည် ၂၀၁၅ ခုနှစ်ထဲတွင် ဂိုးသွင်းနှုန်း သိသိသာသာ လျော့ကျသွား
သည်။

တော့တီ၊ အိုင်တာဘီ၊ ဖလိုရန်ဇီ အစရှိသော တိုက်စစ်မှူးများ ဂိုးပေါက် ပျောက်သွားပြီး အီတလီ
လက်ရွေးစင် တိုက်စစ်မှူး ဒက်စထရိုကိုလည်း အေစီမီလန် သို့ အငှားချလိုက်ရသည်အထိ ရိုးမား
တိုက်စစ် ပုံပျက်သွားသည်။ ကက်ဂလီယာရီမှ ကိုလံဘီယာတိုက်စစ် မှူး ဗစ်တာအိုင်ဘာဘိုကို
ခေါ်ယူကာ တိုက်စစ်ပိုင်းကို ပြန်လည် ပြင်ဆင်ဖွဲ့စည်း လိုက်သော်လည်း ဂိုးသွင်းနှုန်း ထူးထူးခြား
ခြား တိုးတက်လာခြင်း မရှိသေးပေ။

ပြီးခဲ့သော သုံးပွဲဆက်တိုက်တွင် ရိုးမား သည် ပါးမားနှင့် ၀-၀၊ ဖီယင်နု၊ ဗီရိုနာ တို့နှင့် ၁-၁ ဆက်
တိုက် သရေကျခဲ့သည်။ ထိုသုံးပွဲစလုံးတွင် ရိုးမားသည် အသားကျ နေပြီဖြစ်သော ၄-၃-၃ ကစား
ကွက်သာ ကျင့်သုံးသော်လည်း အတော်ရုန်းကန်ခဲ့ရ သည်။ ဗီရိုနာနှင့်ပွဲတွင် အားထားရသော
တောင်ပံတိုက်စစ်သမား ဂျာဗင်ဟို ပြန်လည် ပါ၀င်လာသည်။ အဝေးကွင်းပင် ဖြစ်လင့် ကစား
ဘောလုံးပိုင်ဆိုင်မှု ရ၀ ရာခိုင်နှုန်း ရရှိခဲ့သောကြောင့် တစ်ဖက်သတ်နီးပါး ဖိကစားနိုင်ကာ
ဂိုးသွင်းခွင့်များ ရရှိခဲ့သည်။

သို့ရာတွင် အဆုံးသတ် ဂိုးသွင်းယူမှု အားနည်း သောကြောင့် ရသင့်သောဂိုးများ လက်လွတ်
ဆုံးရှုံးခဲ့ရသည်။ တစ်ဖက်တွင် ဂျူဗင်တပ်သည် စီးရီးအေ အမှတ်ပေးပွဲ၌ လွတ်လွတ်ကျွတ်ကျွတ်
ဦးဆောင်ခွင့်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည်ဝင်ရောက်လာမည် ဖြစ်သော ကြောင့် ပြည်တွင်း
အမှတ်ပေးပွဲတွင် အာရုံ စူးစိုက်မှု လျှော့ချပြီး ချန်ပီယံလိဂ်ဘက် ပို၍အားစိုက်မည်ဟု ယူဆရ
သည်။

ပြီးခဲ့သော အတ္တလန္တာနှင့်ပွဲစဉ်တွင် ဂျူဗင်တပ်သည် ဖိအားနည်းသော အနေ အထားမှ ကစား
ကွက်လိုသလို စိတ်ကြိုက် ဖော်ဆောင် သွားနိုင်သည်ကို တွေ့ရသည်။ ကွင်းလယ်နှင့်နောက်
တန်းတွင် အရန် ကစားသမားများကို ထည့်သွင်းခဲ့သော် လည်း စွမ်းဆောင်ရည်ပိုင်းတွင် ပုံမှန်
နီးပါး အနေအထားကို ထိန်းထားနိုင်ခဲ့သည်။

ပြီးခဲ့သော နှစ်ပွဲဆက်တိုက် အနေ အထားကိုကြည့်လိုက်လျှင် ဂျူဗင်တပ်သည် အဝေးကွင်းများတွင်
ယူဒီးနိစ်နှင့် ၀-၀၊ တန်းမဆင်းရရေး ရုန်းကန်နေရသော ဆီစီနာ နှင့် ၂-၂ သရေကျခဲ့သည်။

ထိုလမ်းကြောင်း အတိုင်းသာ ဆက်သွားပါက ဂျူဗင်တပ် သည် အဝေးကွင်းပွဲစဉ်များတွင် ပွဲကို
ထိန်း ကစားသွားရုံသာရှိပြီး ဖျစ်ညှစ်အားစိုက် ထုတ်မှု လျှော့ချသွားဖွယ်ရှိသည်။ ပြိုင်ဘက် အနေ
အထားပေါ်လိုက်၍ ကစားအား အတင် အချကိုတော့ ပြုလုပ်သွားနိုင်သည်။ ခြံုကြည့်လျှင် ရိုးမား
သည် ဂျူဗင်တပ်နှင့် အမှတ်ကွာဟမှုကို လျှော့ချရန် ယခုအိမ်ကွင်း ပွဲစဉ်သည် အခွင့်အလမ်းတစ်ခု
ဖြစ်သည်။

တစ်ဖန် အောက်ဘက်မှ နာပိုလီကလည်း အမှတ်ကပ်လာပြီ ဖြစ်သောကြောင့် ရိုးမား ကို ဖျစ်ညှစ်
ကစားရန် တွန်းပို့နေသည်။ တစ်ဖက်တွင် ဂျူဗင်တပ်သည် အမှတ်ပြတ် ဦးဆောင်နိုင်ခြင်း၊ အဝေး
ကွင်းများတွင် သာမန်လောက်သာ ကစားခြင်း၊ ချန်ပီယံ လိဂ်ပြိုင်ပွဲများသို့ အာရုံစိုက်ရခြင်းတို့
ကြောင့် အဝေးကွင်းဖြစ်သော ရိုးမားနှင့်ပွဲ တွင် သရေထက် ပိုမိုကောင်းမွန်သော ရလဒ် ထွက်
ပေါ်လာအောင် ကြိုးစားမည် မထင် ပေ။

သို့ကလိုကြောင့် အိမ်ရှင်အားသာချက် ရှိသော ရိုးမားကို ရွေးချယ်သင့်ပြီး ဂိုးနည်း သောပွဲ
ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး