အတ္တလန္တာကိုပဲ ယုံရမှာလား - အီတလီစီးရီးအေပွဲစဉ်(၂၅)

အတ္တလန္တာကိုပဲ ယုံရမှာလား - အီတလီစီးရီးအေပွဲစဉ်(၂၅)

ချီယေဗို - အေစီမီလန် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
အမ်ပိုလီကွင်းမှာ သုံးဂိုးပြတ် ရှုံးခဲ့တဲ့ ချီယေဗိုခြေစွမ်းက တည်ငြိမ်တဲ့ အနေအထားကို မရောက်
သေးသလို ခံစစ်မလုံသေးဘူး။ အေစီမီလန်ကတော့ အသင်းငယ်တွေကို အာရုံစိုက်ပြီး 'ညှစ်'ကစား
လာတယ်။ အီတလီ တိုက်စစ်မှူး ဒက်စထရိုရောက်လာလို့ အေစီမီလန်တိုက်စစ် တက်ရိပ်ပြလာ
တယ်။အေစီမီလန်ကို ပိုကြိုက်တယ်။

ကက်ဂလီယာရီ - ဗီရိုနာ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ကစားအား၊ ဂိုးသွင်းအားရှိပေမယ့် အာရုံစိုက်မှု နည်းပါးတဲ့ ကက်ဂလီယာရီဟာ ဒုတိယပိုင်း တွေမှာ
ကစားအားကျလာပြီး အချိတ်အဆက် မမိဘဲ ဖြစ်တတ်တယ်။ အထူးသဖြင့် ကက်ဂလီ ယာရီ
နောက်တန်းကို စိတ်မချရဘူး။ ဗီရိုနာကတော့ ရိုးမားကို ၁-၁ သရေကစားသွားတဲ့ ခြေစွမ်းကို
ဆက်ထိန်းနိုင်မယ်ဆိုရင် ခြေပြန်တက်လာနိုင်တယ်။ အခြေအနေအရ ဗီရိုနာ ဘက်မှာ ရပ်တည်
သင့်တယ်။

ပါလာမို - အမ်ပိုလီ (တနင်္ဂနွေ၊ ည ၈း၃၀)
လတ်တလော ပါလာမိုခြေစွမ်းက အိမ်ကွင်းမှာ အနိုင်ရအောင် ဖျစ်ညှစ်ကစားပြီး အဝေး ကွင်း
ရောက်ရင် ရှုံးတတ်တယ်။ ပြီးခဲ့တဲ့ အိမ်ကွင်းမှာ ပါလာမိုဟာ နာပိုလီကိုတောင် ၃-၁ နဲ့ အနိုင်
ကစားထားတယ်။ တစ်ဖက်မှာ အမ်ပိုလီကလည်း ခြေစွမ်းပြန်တက်လာပြီး အိမ်ကွင်း အနိုင်၊
အဝေးကွင်းသရေထိန်းကစားသွားတယ်။ ပြီးခဲ့တဲ့ အဝေးကွင်းနှစ်ပွဲဆက်တိုက်မှာ အမ်ပိုလီဟာ
အေစီမီလန်နဲ့ရိုးမားတို့ကို ၁-၁ သရေကစားထားလို့ အခုပွဲမှာလည်း အမ်ပိုလီကို ပိုကြိုက်တယ်။

ဆက်စူလို - လာဇီယို (တနင်္ဂနွေ၊ ည ၈း၃၀)
ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်နေရတဲ့ ဆက်စူလိုခြေစွမ်းက အကျဘက်ကို ရောက်နေတယ်။
အထူးသဖြင့် တိုက်စစ်ကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်တဲ့အခါ နောက်တန်းကစားပုံ ပျက်နေ
တယ်။ လာဇီယိုကတော့ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ယူဒီးနိစ်နဲ့ ပါလာမိုကို အနိုင် ကစားထား
လို့ ခြေစွမ်းပြန်လည် ဦးမော့လာတယ်။ ၄-၃-၃ ကစားကွက် ပြောင်းလဲကစားရာမှာ ကွင်းလယ်
အချိတ်အဆက်မိပြီး တိုက်စစ်ရော၊ ခံစစ်ပါ စီးစီးပိုင်ပိုင်ရှိလာတယ်။ လာဇီယို နိုင်ပွဲဆက်ဖို့ အလား
အလာရှိတယ်။

ဂျီနိုအာ - ပါးမား (တနင်္ဂနွေ၊ ည ၈း၃၀)
အသင်းလိုက် အချိတ်အဆက်မိပြီး ဂိုးသွင်းနှုန်းပါ ပြန်ကောင်းလာတဲ့ ဂျီနိုအာမှာ ၀ါရင့် သမ္ဘာရင့်
တွေ ပါ၀င်နေလို့ အချိတ်အဆက်မိရင် ပြိုင်ဘက်တွေအနေနဲ့ ထိန်းရခက်တယ်။ ပါးမားကတော့
ငွေကြေးအရှုပ်အရှင်း ပြဿနာတွေနဲ့အတူ တန်းဆင်းလက်မှတ်ရထားလို့ အားစိုက်ကစားလိမ့်မယ်
လို့ မထင်ရဘူး။ အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီနိုအာသာ အာရုံစိုက် ကစားရင်နိုင်ဖို့ မခက်ခဲဘူးလို့
ယူဆမိတယ်။

အတ္တလန္တာ - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ၈း၃၀)
ဖီအိုရင်တီးနား၊ အင်တာမီလန်၊ ဂျူဗင်တပ်တို့လို ထိပ်တန်းအသင်းကြီးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရာ
မှာ သုံးပွဲစလုံး အရေးနိမ့်ခဲ့တဲ့ အတ္တလန္တာနောက်တန်းဟာ ကိုးဂိုး သွင်းခံလိုက်ရ တယ်။ ဒါပေမဲ့
ဆမ်ဒိုးရီးယား ခြေစွမ်းကလည်း အကျဘက်မှာပဲ ရှိနေသေးတယ်။ ဒါကြောင့် အိမ်ကွင်းတိုက်စစ်
ကောင်းတဲ့ အတ္တလန္တာဘက်က အရဲစွန့်သင့်တယ်။

ဆီစီနာ - ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃၀)
ပွဲကျပ်တွေ ဆက်တိုက်ရင်လိုက်ရလို့ နိုင်ပွဲပျောက်သွားတဲ့ ဆီစီနာဟာ ပြီးခဲ့တဲ့ သုံးပွဲဆက် တိုက်မှာ
တစ်ပွဲကို အနည်းဆုံးနှစ်ဂိုး သွင်းခံထားရတယ်။ ယူဒီးနိစ်လည်း ခြေစွမ်းရော၊ ဂိုးသွင်း အားပါ ကျ
ဆင်းနေပေမယ့် အချိတ်အဆက်မိရင် ကစားကွက်ရော တိုက်စစ်ပါ အသာစီးရ နိုင်တယ်။ ယူဒီးနိစ်
ကို ရွေးချယ်သင့်တယ်။

အင်တာမီလန် - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၁၁း၃၀)
တိုက်စစ်ကစားပုံ ပြန်လည်အချိတ်အဆက်မိလာတဲ့ အင်တာမီလန်ဟာ နိုင်ပွဲဆက်နေပြီး ဂိုးသွင်း
နှုန်း ကောင်းမွန်လာခြင်းနဲ့အတူ ကစားသမားတွေကြားမှာ ယုံကြည်မှု မြင့်တက်လာ တယ်။ ဖီအို
ရင်တီးနားကတော့ ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်ကစား နေရလို့ နိုင်ပွဲ
တန့်သွားပြီး တိုက်စစ်ရော၊ ခံစစ်ပါ အကျဘက်ကို 'ယိုင်' သွားတယ်။ 'ရစ်သမ်'ပေါ်မှာ အခြေခံပြီး
တွက်ရင်တော့ အင်တာမီလန်ပဲ အလားအလာကောင်းတယ်။

တိုရီနို - နာပိုလီ (တနင်္လာ၊ နံနက် ၂း၁၅)
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် သရေကျခဲ့တဲ့ တိုရီနိုဟာ စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု ကြားမှာ
နှစ်ဖက်မျှပြီး အားစိုက်နေရလို့ ပွဲပမ်းသွားနိုင်တယ်။ နာပိုလီတိုက်စစ်ကတော့ အချိတ် အဆက်
မိရင် ထိန်းဖို့မလွယ်ဘူး။ တိုရီနိုခံစစ် မာကျောပေမယ့် အရန်အင်အား ပိုမိုတောင့်တင်း ပြီး
ကွင်းလယ်ကစားကွက်နဲ့ တောင်ပံတိုက်စစ်ကောင်းတဲ့ နာပိုလီတို့ နိုင်ခြေရှိတယ်။



ဖတ်ရှုမှုအများဆုံး