တိုက်စစ်မှူး ဆွာရက်ဇ်မရှိတော့သည့်နောက် ရုန်းကန်ခဲ့ရသည့် လီဗာပူးအသင်းမှာ ယခုအခါ
နေသားတကျဖြစ်လာပြီး နေရာမှန် သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း လီဗာပူးကွင်းလယ်လူ
အယ်လင် က ပြောကြားလိုက်သည်။
ဆွာရက်ဇ် အသင်းမှ ထွက်ခွာသွားခြင်း၊ စတားရစ်ချ် ဒဏ်ရာရနေခြင်းတို့ကြောင့် လီဗာပူးအသင်း
သည် ရာသီအစပိုင်းတွင် ရုန်းကန်ခဲ့ရပြီး နည်းပြဘရန်ဒန်ရော်ဂျာမှာ လည်း ဖိအားများနှင့် ရင်ဆိုင်
ခဲ့ရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ လီဗာပူးအသင်းသည် ပုံမှန်ခြေစွမ်းများ ပြန်လည်ရရှိလာကာ နောက်
ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ရှုံးပွဲမရှိသေးဘဲ ခုနစ်ပွဲအနိုင်ရရှိ ထားသည်။ ယခုအခါ လီဗာပူးအသင်း
မှာ ပရီမီယာလိဂ်အမှတ်ပေး ဇယား အဆင့်(၆)တွင် ရပ်တည်နေပြီး အဆင့်လေးနေရာက မန်ယူ
အသင်းနှင့် နှစ်မှတ်သာကွာတော့သည်။ ထို့ကြောင့် လီဗာပူးအသင်း မှာ နေရာမှန်သို့ ပြန်ရောက်
လာပြီ ဖြစ်ကြောင်း အယ်လင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
(အေအက်ဖ်ပီ)














