ရစ်သမ်မှန်နေတဲ့ လီဗာပူး မန်စီးတီးကို အနိုင်ယူဦးမလား - ပရီမီယာလိဂ်ပွဲစဉ်(၂၇)

ရစ်သမ်မှန်နေတဲ့ လီဗာပူး မန်စီးတီးကို အနိုင်ယူဦးမလား - ပရီမီယာလိဂ်ပွဲစဉ်(၂၇)

၀က်စ်ဟမ်း - ပဲလေ့စ် စနေ၊ ည ရး၁၅
၀က်စ်ဟမ်းခြေပြန်ကောင်းလာနေပါ တယ်။ စပါးပွဲမှာ သရေကျသွားတာ တော်တော် နစ်နာသွားပါတယ်။
၀က်စ်ဟမ်းအကောင်းဆုံး ကစားနိုင်ခဲ့ပြီး သရေကျသွားတာပါ။ ၀က်စ် ဟမ်း ကစားအားပြန်တင်
လာတာ တွေ့ရပါ တယ်။ပဲလေ့စ်ကတော့ နည်းနည်းရစ်သမ်ပျက်နေပါတယ်။ ကစားအားတင်
ပမယ့် ခံစစ်က ဂိုးတွေစပေးနေရတာက ပဲလေ့စ်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။၀က်စ်ဟမ်း
အိမ်ကွင်းမှာ နိုင်ပွဲပြန်တွေ့မယ့်ပွဲ ဖြစ်လာပါ လိမ့်မယ်။

မန်ယူ - ဆန်းဒါးလန်း စနေ၊ ည ၉း၃၀
ရစ်သမ်မှန်နေတဲ့ မန်ယူ ပြီးခဲ့တဲ့အပတ်က ဆွမ်ဆီးကို ရှုံးသွားတာက မန်ယူကို ထိုးနှက် လိုက်
သလို ဖြစ်သွားပါတယ်။ မန်ယူကစားကွက်ကို ဗန်ဟားလ်တစ်ယောက် တည်ငြိမ်အောင် တည်
ဆောက်နိုင်ခြင်း မရှိပါဘူး။အမြင့်ဘောတွေ၊ ဖြတ်တင်ဘောတွေပဲ အားပြုကစားနေတာက မန်ယူ
ကစားကွက် ကို အထင်သေးစရာဖြစ်ပါတယ်။ ဆန်းဒါးလန်း ကလည်း ခြေမှန်တဲ့အသင်းတော့
မဟုတ်ပါဘူး။ တိုက်စစ်က ခန့်မှန်းရခက်တဲ့အသင်း ဖြစ်ပါတယ်။ အခုပွဲမှာ ဆန်းဒါးလန်း ခပ်မာမာ
တင်းတင်း ကစားလာနိုင်ပါတယ်။ မန်ယူ ဂိုးသွင်းနိုင်ပေမယ့် ဂိုးလည်းပြန်ပေးရနိုင်ပါတယ်။ မန်ယူ
အနိုင်က ဂိုးမပြတ်နိုင်ပါဘူး၊ ဆန်းဒါးလန်းကိုကြိုက်ပါတယ်။

နယူးကာဆယ် - ဗီလာ စနေ၊ ည ၉း၃၀
နယူးကာဆယ်က နည်းပြဂျွန်ကာဗာ လက်ထက်မှာ ဂိုးသွင်းအားကောင်းသလောက် ခံစစ်ကလည်း
ဂိုးတွေပေးနေရတဲ့အသင်းဖြစ်ပါတယ်။ တကယ်လို့ တိုက်စစ်က ဂိုးမသွင်းနိုင် တော့ဘူးဆိုရင်တော့
နယူးကာဆယ်မှာ ပြဿနာရှိသွားမှာ ဖြစ်ပါတယ်။ ဗီလာကလည်း တော်တော်အခြေအနေဆိုးနေတဲ့
ကလပ်ပါ။ ခံစစ်က မလုံတဲ့အသင်းဖြစ်ပါ တယ်။ ဒါပေမဲ့ တင်ရှားဝုဒ် တစ်စုံတစ်ရာပြောင်းလဲနိုင်
မယ်လို့ ထင်ပါတယ်။ ဗီလာ ခံစစ်ပြောင်းလဲလာနိုင်လို့ ဒီပွဲကသရေနဲ့ အဆုံးသတ်ဖွယ် ရှိပါတယ်။

စတုတ် - ဟားလ်စီးတီး စနေ၊ ည ၉း၃၀
စတုတ်က နောက်ဆုံးပွဲမှာ ဗီလာကို အနိုင် ကစားထားပါတယ်။ အိမ်ကွင်းရောက်ရင် စတုတ်ဟာ
တိုက်စစ်အားပြုကစားလေ့ရှိပါ တယ်။ ဟားလ်စီးတီး နောက်ဆုံးနှစ်ပွဲမှာ အနိုင်ရပြီး တန်းဆင်းဇုန်နဲ့
လွတ်လာနေပါ တယ်။ ရမှတ် ၂၆ မှတ်နဲ့ အဆင့်(၁၅)ကိုရောက် လာတဲ့အတွက် ဟားလ်စီးတီးဟာ
အခုပွဲမှာ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင် လာနိုင်ပါတယ်။ စတုတ် ကစားရခက်မယ့်ပွဲ
ဖြစ်ပါတယ်။ စတုတ်သရေလောက်ပဲ ကစား နိုင်လို့ ဟားလ်စီးတီးကိုပဲ ကြိုက်ပါတယ်။

၀က်စ်ဘရွန်း - ဆောက်သမ်တန် စနေ၊ ည ၉း၃၀
၀က်စ်ဘရွန်းကစားပုံ ပြန်ကောင်းနေပါ တယ်။ အထူးသဖြင့် ခံစစ်ပိုင်း တော်တော်ကောင်းနေပါ
တယ်။ နှစ်ပွဲဆက်တိုက်ရှုံးပွဲမရှိ ကစားထားလို့ အဆင့်(၁၄)ကို တက်လာနေပါ တယ်။ တောင်ပံ
တွေကို အားပြုကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ ဆောက်သမ်တန်က ကစားပုံကောင်းပြီး အဆုံး
သတ်အားနည်းလို့ လီဗာပူးကို ရှုံးခဲ့သလို ၀က်စ်ဟမ်းကိုလည်း သရေကျထားခဲ့ပါတယ်။ အခုပွဲမှာ
ဆောက် သမ်တန်ကွင်းလယ်ပိုင်း ကစားကွက်အသာနဲ့ ကစားနိုင်ပါတယ်။ ဆောက်သမ်တန်
အနိုင်နဲ့ သရေပါ။

ဘန်လေ - ဆွမ်ဆီး စနေ၊ ည ၉း၃၀
ဆွမ်ဆီးက နိုင်ပွဲပျောက်နေရာကနေ ပြီးခဲ့တဲ့အပတ်က မန်ယူကို အနိုင်ကစားထား နိုင်ခဲ့ပါတယ်။
အဓိက ကစားသမားကတော့ ကွင်းလယ်သမား ရှက်ဗ်လေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဝေးကန်ချက်
တွေကနေ ဆွမ်ဆီးဂိုးတွေရသွားတာဖြစ်ပါတယ်။ အခုဘန်လေကွင်းမှာဆိုတော့ ဆွမ်ဆီးခံစစ်အား
ပြုဦးမှာ မဟုတ်ပါဘူး။ ဘန်လေကလည်း တိုက်စစ် အားသန်တဲ့ အသင်းဖြစ်ပါတယ်။ ဘန်လေကို
လျှော့တွက်လို့ မရပါဘူး။ အသင်းလိုက်ကစားအားကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဘန်လေ ဂိုး
တွေသွင်းနိုင်ပါတယ်။ ဆွမ်ဆီးက မန်ယူကို အနိုင်ကစားပေမယ့် ဘန်လေကွင်း မှာ အခက်အခဲ
တွေ့လာပါလိမ့်မယ်။ ဘန်လေ ကိုကြိုက်ပါတယ်။

လီဗာပူး - မန်စီးတီး တနင်္ဂနွေ၊ ညနေ ၆း၃၀
လီဗာပူးရဲ့ရစ်သမ်ကတော့ အရမ်းကို မှန်နေပါတယ်။ နောက်ဆုံးခြောက်ပွဲမှာ လီဗာပူး ငါးပွဲနိုင်၊
တစ်ပွဲသရေတောင် ကစား ထားပါတယ်။ အသင်းလိုက်ကစားအားကောင်းနေတဲ့အသင်းဖြစ်ပါ
တယ်။ နောက်ဆုံး ပွဲမှာလည်း ဆောက်သမ်တန်ကို ခံစစ်ရော၊ အဆုံးသတ်တိုက်စစ်ပါ ကောင်း
ခဲ့လို့ ဂိုးပြတ် နဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးကလည်း နယူးကာဆယ်ကိုဂိုးပြတ်နဲ့ နိုင်ထား
တော့ ဒီပွဲက အကြိတ်အနယ်ဖြစ်လာပါလိမ့်မယ်။ ဘယ်အသင်းတိုက်စစ်ကောင်းမလဲ စောင့်ကြည့်
ရမယ့်ပွဲဖြစ်ပါတယ်။ လီဗာပူးရော၊ မန်စီးတီး ပါတိုက်စစ်ကောင်းနေတော့ ဂိုးတွေအပြန် အလှန်
သွင်းလာနိုင်ပါတယ်။ ဂိုးအများကို ရွေးသင့်ပါတယ်။

အာဆင်နယ် - အဲဗာတန် တနင်္ဂနွေ၊ ည ၈း၃၅
ဒီပွဲလည်း ကြည့်ကောင်းလာနိုင်ပါတယ်။ တိုက်စစ်အားပြိုင်မယ့်ပွဲ ဖြစ်လာနိုင်ပါ တယ်။ တစ်ခုရှိတာ
က အဲဗာတန်ကွင်းလယ် ပိုင်းရော၊ တိုက်စစ်က လူကာကူပါ ယူရိုပါလိဂ် ကစားပြီးရင် ပွဲပန်းတဲ့ပုံ
ပေါက်နေတတ်ပါ တယ်။ ကွင်းလယ်က ဘောလုံးကို တည်ငြိမ် အောင်ထိန်းချုပ်ရာမှာ အားနည်း
ပါတယ်။ အာဆင်နယ်က တိုက်စစ်အားပြုပြီး ကစား အား တင်လာနိုင်ပါတယ်။ အဲဗာတန် ခံစစ်ဇုန်
မှာပဲ အာဆင်နယ်တိုက်စစ်ကို ခုခံကစားရနိုင် တဲ့ပွဲ ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ် နှစ်ဂိုးပြတ်
အနိုင်ရနိုင်သလို ဂိုးလည်း များသွား နိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်



ဖတ်ရှုမှုအများဆုံး