ချယ်လ်ဆီး - စပါး တနင်္ဂနွေ၊ ည ၁၀း၃၀
ဒီပွဲက လိဂ်ဖလားဗိုလ်လုပွဲ ဖြစ်ပါ တယ်။ လန်ဒန်နှစ်သင်း ဗိုလ်လုမယ့်ပွဲ ဖြစ်လို့ လန်ဒန်ပရိသတ်
တွေ အားပြိုင် မယ့်ပွဲဖြစ်ပါတယ်။ ဒီနှစ်သင်း ပရီမီ ယာလိဂ်ပွဲ နှစ်ကျော့စလုံး ကစားထားပြီး ဖြစ်ပါ
တယ်။
ချယ်လ်ဆီးကွင်းမှာ ချယ်လ်ဆီးက ၃-၀ နဲ့အနိုင်ရပြီး စပါး ကွင်းမှာ စပါးက ၅-၃ နဲ့ အနိုင်ရထားခဲ့
ကြပါတယ်။ လက်ရှိတိုက်စစ်စွမ်းရည် ပိုင်းမှာ စပါးက ချယ်လ်ဆီးထက် ဂိုးသွင်း အားပိုကောင်းနေ
ပါတယ်။ ပြိုင်ပွဲ အတွေ့အကြံုပိုင်းမှာတော့ မော်ရင်ညို က ပိုချက်တီနိုထက်ပိုပြီး အတွေ့အကြံု ရှိ
ထားပါတယ်။ ချယ်လ်ဆီးဂိုးသွင်း အား ကျနေသလို ခံစစ်ကလည်း နောက် ဆုံးငါးပွဲမှာ တစ်ပွဲပဲ
ဂိုးမပေးခဲ့ရတာ ကို တွေ့ရပါတယ်။ စပါးလည်း ဒီအတိုင်း ပါပဲ။
နောက်ဆုံးငါးပွဲမှာ ဂိုးသွင်းပြီး ဂိုးပေးနေရပါတယ်။ ဂိုးမပေးရတဲ့ပွဲ တစ်ပွဲသာရှိပါတယ်။ စပါးအား
နည်း ချက်က စပါးဟာ ယူရိုပါလိဂ် အဝေး ကွင်းပွဲ ကစားထားရခြင်းပဲ ဖြစ်ပါ တယ်။ ဒီပွဲဟာ
အချိန်ပိုအထိ ရောက် သွားမယ် မထင်ပါဘူး။ မော်ရင်ညိုရဲ့ ပြိုင်ပွဲအတွေ့အကြံုကြောင့် ချယ်လ်ဆီး
အသင်း မိနစ် ၉၀ အတွင်းမှာ အနိုင်ရ သွားပါလိမ့်မယ်။















