နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသော စတုတ္တအကြိမ်မြောက် အမျိုးသားအားကစား
ပွဲတော်ကြီး၏ ဖေဖော်ဝါရီ ၂၄ ရက်နေ့ပွဲစဉ် များအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးက ရွှေတံဆိပ်
ရ၁ ခု၊ ငွေတံဆိပ် ၄၆ ခု၊ ကြေးတံဆိပ် ၃၄ ခုတို့ကို ဆွတ်ခူးထားကာ ပြိုင်ပွဲကြီးကို ဦးဆောင်နေ
သည်။
စတုတ္ထအကြိမ်မြောက် အမျိုးသား အား ကစားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှ ၂၈
ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များ
ကိုယ်စားပြု အသင်း ၁၅ သင်း ပါ၀င်ယှဉ်ပြိုင်လျက်ရှိသည်။ အားကစားနည်း ၂၇ မျိုးကို ပြိုင်ပွဲဝင်
အားကစားသမား အမျိုးသား ၂,၈၉၅ ဦး၊ အမျိုးသမီး ၁,၄၆၆ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိ
သည်။
ပြိုင်ပွဲကြီးကို (၂၈) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် မျိုးဆက်သစ် အားကစား သမားများ
ပေါ်ထွက်လာရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ အမျိုးသား အားကစားပွဲတော်ကြီး
ကို ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်များတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ် မြောက်ပြိုင်ပွဲကြီး ကို
၂၀၁၅ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်။
"ဒီပြိုင်ပွဲကြီးမှာ နိုင်ငံလက်ရွေးစင် အားကစား သမားတွေ အများကြီးပါ၀င်သလို မျိုးဆက်သစ်
အားကစားသမားတွေလည်း ပါ၀င်ပါတယ်။ လက်ရွေးစင်တွေအတွက် ဒီပြိုင်ပွဲကြီးဟာ (၂၈)ကြိမ်
မြောက် ဆီးဂိမ်းအကြိုပြင်ဆင်မှု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ အရည်အသွေး ရှိတဲ့ မျိုးဆက်သစ်
ကစားသမားတွေ ပေါ်ထွက် လာနိုင်ပါတယ်။ ဆီးဂိမ်းအတွက် အပြီးသတ် လူစာရင်းကို ဒီပြိုင်ပွဲကြီး
ပြီးရင် ရွေးချယ် သွားမှာဖြစ်သလို မျိုးဆက်သစ် ကစားသမား တွေထဲကလည်း အလွန်ထူးချွန်တဲ့သူ
တွေကို ရွေးချယ်ခေါ်ယူသွားမှာပါ"ဟု အားကစား ၀န်ကြီးဦးတင့်ဆန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးက ပထမနေရာ တွင် ဦးဆောင်နေပြီး ဒုတိယနေရာတွင် မန္တလေးတိုင်း
ဒေသကြီးက ရွှေတံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၃၉ ခု၊ ကြေးတံဆိပ် ၅၀ ခု၊ တတိယနေရာတွင် ပဲခူး
တိုင်းဒေသကြီးက ရွှေတံဆိပ် ၁၉ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေး တံဆိပ် ၂၅ ခု တို့ကို ဆွတ်ခူးထား
သည်။
အမျိုးသား အားကစားပွဲတော်ကြီး၏ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင်
နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။















