မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ရန်ကုန်အသင်း ခုနစ်ပွဲဆက် အနိုင်ရရှိ

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ရန်ကုန်အသင်း ခုနစ်ပွဲဆက် အနိုင်ရရှိ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ် လိဂ် အမှတ်
ပေးပြိုင်ပွဲ၏ ပွဲစဉ်(၇)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ
ရန်ကုန်ယူနိုက်တက် အသင်းက ခုနစ်ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး အမှတ် ပေးဇယားကို ဦးဆောင်လျက်
ရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မကွေး အသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစား ခဲ့ရပြီး
သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။ မကွေးအသင်းသည် ယခုနှစ်ရာသီ ပထမဆုံးရှုံးပွဲ
တွေ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံ ရတနာပုံအသင်းက ဟံသာ-၀တီယူနိုက်တက်အသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သလို ကမ္ဘောဇအသင်း ကလည်း ဇွဲကပင်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

နေပြည်တော်အသင်းသည် အိမ်ကွင်း၌ ဇေယျာရွှေမြေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး
ယခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် မနောမြေ
အသင်းကို သုံးဂိုးဪဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့ပြီး နှစ်ပွဲဆက်အနိုင်နှင့်အတူ အမှတ်
ပေးဇယား၏ အဆင့်(၇)နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီအစပိုင်း ရလဒ်များ ဆက်တိုက် ဆိုးရွားခဲ့သော်လည်း
ပွဲစဉ် (၆)နှင့်ပွဲစဉ် (၇) တို့တွင် နှစ်ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပြီး ရမှတ် ခြောက်မှတ်ဖြင့် အဆင့်(၇)နေရာ
သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၇)အပြီးတွင် ရန်ကုန်
ယူနိုက်တက်အသင်းက ခုနစ်ပွဲဆက်အနိုင်နှင့်အတူ အမှတ်ပေးဇယား ကို ဦးဆောင်နေသည်။

ဒုတိယနေရာတွင် ဧရာဝတီယူနိုက်တက်အသင်းက တစ်ပွဲလျော့ အနေအထားဖြင့် ရမှတ် ၁၆ မှတ်၊
တတိယ နေရာတွင် ကမ္ဘောဇအသင်းက ရမှတ် ၁၅ မှတ်၊ စတုတ္ထနေရာတွင် လက်ရှိချန်ပီယံ
ရတနာပုံ အသင်းက ရမှတ် ၁၃ မှတ်စီဖြင့် အသီးသီး ရပ်တည်နေကြသည်။

အမှတ်ပေးဇယား အောက်ခြေတွင် မနောမြေအသင်းက ရမှတ် လေးမှတ်၊ ဇွဲကပင်ယူနိုက်တက်
အသင်းက ရမှတ်တစ်မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။ ပွဲစဉ် (၈)များကို လာမည့်ဖေဖော်ဝါရီလ
၂၈ ရက်နှင့် မတ်လ ၁၊ ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မကွေးနှင့် ဇေယျာရွှေမြေ၊
ရခိုင်ယူနိုက်တက်နှင့် ချင်း ယူနိုက်တက်၊ မနောမြေနှင့် ဟံသာဝတီယူနိုက် တက်၊ ဇွဲကပင်ယူနိုက်
တက်နှင့် နေပြည်တော်၊ ကမ္ဘောဇနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီ ယူနိုက်တက်နှင့်ရတနာပုံ
အသင်းတို့ အသီး သီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး