မြန်မာနိုင်ငံ အားကစားကလောင်ရှင်များ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပ ဉ္စမ အကြိမ်မြောက်
သက်ကြီးဝါရင့် အားကစား ကလောင်ရှင်ကြီးများ ဂါရဝပြုကန်တော့ ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၂၃ ရက်နေ့ က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
"ဒီနှစ်က ပ ဉ္စမအကြိမ်မြောက် ကျင်းပ တဲ့ ကန်တော့ပွဲပါ။ ကန်တော့ပွဲကို ကျန်းမာ ရေးကြောင့်
မလာရောက်နိုင်တဲ့ ၀ါရင့် ကလောင်ရှင်ကြီးတွေကိုလည်း အိမ်တိုင် ရာရောက် ကန်တော့ငွေတွေ
ပေးအပ်သွား မှာပါ။ ၀ါရင့်ကလောင်ရှင်ကြီးများကို တစ်ဦးလျှင် ကျပ်ငါးသိန်းစီနဲ့ လက်ဆောင်
ပစ္စည်းနဲ့ အားဆေးတွေပေးအပ်သွား မှာပါ။ ဒီကန်တော့ပွဲကြီးကိုလည်း နှစ်စဉ် ကျင်းပနိုင်အောင်
ကြိုးစားသွားမှာပါ။နောက်ပြီး ၀ါရင့်အားကစားကလောင်ရှင် ကြီးတွေအတွက် နာမကျန်းရန်ပုံငွေ
ထားရှိ သွားဖို့စီစဉ်နေပါတယ်"ဟု ပြောသည်။
အဆိုပါ ကန်တော့ပွဲတွင် အားကစား သတင်းဆောင်းပါးများကို နှစ်ပေါင်း များစွာရေးသားခဲ့သော
အသက် ရ၀ နှစ် အထက် ၀ါရင့်ကလောင်ရှင်ကြီးများကို အားကစားဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် အားကစားကလောင်ရှင်များအဖွဲ့က ဂါ၀ရပြု ကန်
တော့ခဲ့ပြီး အလှူငွေ ကျပ် ငါးသိန်းစီ ပေးအပ်ခဲ့သည်။ ကန်တော့ခံ ၀ါရင့်အားကစားကလောင်ရှင်
ကြီး ၂၀ ထဲတွင် အသက် ရ၂နှစ်မှ ၉၆ နှစ် အထိ ပါ၀င်သည်။
"ဒီလိုပွဲမျိုးကျင်းပပေးတဲ့အတွက် ၀ါရင့် အားကစားကလောင်ရှင် တစ်ယောက် အနေနဲ့ဝမ်းသာ
ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ မြန်မာ့အားကစားတိုးတက် ဖို့အတွက် တစ်ထောင့်တစ်နေရာ
ကနေ ကလောင်စွမ်းနဲ့ ပါ၀င်ခွင့်ရခဲ့တဲ့အတွက် လည်း ကျေနပ်မိပါတယ်။ ဒီလိုကန်တော့ပွဲ ကို
စီစဉ်ပေးတဲ့ အားကစားဝန်ကြီးနဲ့ အားကစား ကလောင်ရှင်များ အဖွဲ့ကို ကျေးဇူးတင်ပါတယ်။
မျိုးဆက်သစ်လူငယ် အားကစား ကလောင်ရှင်တွေအနေနဲ့လည်း ဘောလုံးအားကစားနည်း
တစ်မျိုးတည်း ကိုပဲ အသားပေး မရေးသားကြဘဲ တခြား အားကစားနည်းတွေကိုလည်း ဝေဖန်
အကြံပြုသတင်းဆောင်းပါးတွေ များများ ရေးကြပါလို့ တိုက်တွန်းချင်ပါတယ်"ဟု ကန်တော့ခံ
၀ါရင့်အားကစားကလောင် ရှင် ဦးဝင်းလွင်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
အားကစားဝန်ကြီး ဦးတင့်ဆန်းက "ဒီလို သက်ကြီးဝါရင့်အားကစားကလောင် ရှင်ကြီးတွေကို
ကန်တော့ခွင့်ရတဲ့အတွက် အလွန် ၀မ်းသာမိပါတယ်။ မြန်မာ့ အားကစား တိုးတက်ရေးအတွက်
ဘက် ပေါင်းစုံက ထောက်ပြရေးသားပေးခဲ့တဲ့ အတွက်လည်း အားကစားကလောင်ရှင်ကြီး တွေ
ကို ကျေးဇူးတင်ပါတယ်။ အားကစား ကလောင်ရှင်တွေရဲ့ ဖော်ပြရေးသားမှုတွေ သာမရှိခဲ့ရင်
မြန်မာ့အားကစားတွေကို ပရိသတ်တွေသိရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီလို အပြုသဘော
ဆောင်တဲ့ အားကစား သတင်းများစွာကို ရေးသားခဲ့တဲ့ အားကစား ကလောင်ရှင်ကြီးတွေရဲ့
ရေးသားမှုတွေကို ကြိုဆိုပါတယ်"ဟု ပြောသည်။














