ဒီတစ်ပတ်မှာအသင်းကြီးတွေ ဂိုးပြတ်ဖို့ခက်လိမ့်မယ်

ဒီတစ်ပတ်မှာအသင်းကြီးတွေ ဂိုးပြတ်ဖို့ခက်လိမ့်မယ်

ပဲလေ့စ် - ကျူပီအာရ်
စနေ၊ ည ရး၁၅

နည်းပြအသစ်မခေါ်ဘဲ လက်ထောက် နည်းပြနဲ့ခရီးဆက်နေတဲ့ ကျူပီအာရ်အသင်း ဂိုးသွင်း
အားရှိပေမယ့် ခံစစ်ပိုင်းမှာ အား နည်းချက်တော့ရှိနေပါတယ်။ အခုပဲလေ့စ် နဲ့ဆိုတော့
အသင်းအားချင်းသိပ်ပြီးမကွာ ပါဘူး။ ကစားပုံလည်းမကွာပါဘူး။ ဂိုးအများ ကို ရွေးသင့်ပါတယ်။

အာဆင်နယ် - ၀က်စ်ဟမ်း
စနေ၊ ည ၉း၃၀

လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းနိုင်ပွဲပျောက်နေတာ အတော်ကြာပြီဖြစ်လို့ အထင်သေး
စရာ ဖြစ်နေပါတယ်။ အာဆင် နယ်က အိမ်ကွင်းကစားအားကောင်းပေမယ့် တိုက်စစ်က
ခြေပုံမှန်မရှိပါဘူး။ နောက်တန်း မှာ ဒဏ်ရာရသူ များနေတာလည်းရှိလို့ အာဆင်နယ်ဟာ
၀က်စ်ဟမ်းကို နိုင်မယ်ဆိုရင် တောင် ဂိုးပေးပြီးမှ ဂိုးမပြတ်ဘဲ အနိုင်ရပါ လိမ့်မယ်။ ၀က်စ်ဟမ်း
ကိုကြိုက်ပါတယ်။

၀က်စ်ဘရွန်း - စတုတ်
စနေ၊ ည ၉း၃၀

၀က်စ်ဘရွန်းက ခံစစ်ပိုင်းပြန်ကောင်းနေတဲ့အသင်းဖြစ်သလို စတုတ်ကလည်း အခု နောက်ပိုင်းမှာ ခံစစ်ပိုင်းပြန်တက်လာပြီး နိုင်ပွဲ တွေဆက်နေပါတယ်။ နှစ်သင်းစလုံး ခံစစ်ပိုင်း စုစည်းမှုကောင်းေ
နေတဲ့အတွက် ဒီပွဲက အကြိတ် အနယ်ဖြစ်ပြီး နောက်ဆုံးမှာ သရေနဲ့ပွဲပြီးသွား နိုင်တဲ့ပွဲဖြစ်ပါတယ်။

ဆန်းဒါးလန်း-ဗီလာ
စနေ၊ည ၉း၃၀
 ဆန်းဒါးလန်းအသင်း နိုင်ပွဲတွေပျောက်နေတဲ့အတွက် ဒီပွဲမှာ ကစားအားတင်လာနိုင် ပါတယ်။
ဗီလာကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေတာဆိုတော့ အကြိတ်အနယ် ဖြစ်လာနိုင်
ပါတယ်။ ပွဲတွေအများကြီးရှိလို့ ဒီပွဲကိုရှောင်တာအကောင်းဆုံးပါ။

လက်စတာ - ဟားလ်စီးတီး
စနေ၊   ည ၉း၃၀
တန်းဆင်းဇုန်ထဲက လက်စတာကို လျှော့ မတွက်ပါနဲ့။ အခုနောက်ပိုင်းမှာ လက်စတာ ကစားအား
ပြန်ကောင်းလာနေပါတယ်။ ဟားလ်စီးတီးက အိမ်ကွင်းမှာ ကစားပုံကောင်း ပေမယ့် အဝေးကွင်း
ကျ ခံစစ်မကောင်းပါဘူး။ လက်စတာက ရုန်းကန်နေတာဆိုတော့ ဒီပွဲဟာ လက်စတာနိုင်ပွဲတွေ့မှာ
သေချာပါတယ်။

ဘန်လေ - မန်စီးတီး
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
ဘန်လေက ကစားအားတော့ ကောင်းတာ ကို တွေ့ရပါတယ်။ ပထမအကျော့တုန်းက ဘန်လေ
သရေကစားနိုင်ခဲ့လို့ ဒီပွဲမှာလည်းကစားအား ထပ်ပြီးတင်လာနိုင်ပါတယ်။ မန်စီးတီးနောက်တန်းဟာ
ကစားသမားတွေ ကြံ့ခိုင် မှု အားနည်းနေပုံရပါတယ်။ အသက်ကြီးတဲ့ ကစားသမားတွေများနေလို့
မန်စီးတီးနောက် တန်း ရုန်းကန်ရနိုင်ပါတယ်။

ချယ်လ်ဆီး - ဆောက်သမ်တန်
တနင်္ဂနွေ၊ ည ၈းဝဝ
ချယ်လ်ဆီးက အိမ်ကွင်းဆိုရင် အကောင်း ဆုံးကစားနိုင်တာ အားလုံးအသိပါ။ အနည်းဆုံး
တစ်ဂိုးတော့ သွင်းနိုင်ပါလိမ့်မယ်။ ဆောက် သမ်တန်အစောပိုင်းမှာ ခြေစွမ်းကောင်း ပေမယ့်
အခုနောက်ပိုင်းမှာ ဂိုးရဖို့ ခက်ခဲနေပါ တယ်။ ချယ်လ်ဆီးကို ကြိုက်ပါတယ်။

မန်ယူ - စပါး
တနင်္ဂနွေ၊ ည ၁၀း၃၀
မန်ယူနဲ့ စပါးတိုက်စစ်အားပြိုင်လာမယ့် ပွဲဖြစ်ပါတယ်။ မန်ယူကို အရင်ကလို ရှိန်ပြီး ကစားတဲ့
အသင်း မရှိတော့တာကိုသတိပြုမိကြမှာပါ။ အခုလည်း စပါးဟာ မန်ယူကို ကြောက်စိတ်နဲ့
ကစားလာမှာ မဟုတ်ဘဲ တိုက်စစ်အားပြုပြီး ကစားလာမယ့်ပွဲဖြစ်ပါတယ်။ မန်ယူတိုက်စစ်
ဂိုးသွင်းနိုင်သလို ဂိုးလည်း ပေးရနိုင်လို့ ဒီပွဲက ဂိုးများနိုင်သလို အသင်း အနေနဲ့ စပါးကို ရွေးသင့်
ပါတယ်။

အဲဗာတန် - နယူးကာဆယ်
တနင်္ဂနွေ၊ ည ၁၀း၃၀
ဒီနှစ် အဲဗာတန်ဟာ အရင်နှစ်ကနဲ့မတူတဲ့ အဲဗာတန်ဖြစ်နေပါတယ်။ တဖြည်းဖြည်းနဲ့ တန်းဆင်း
ဇုန်နားကို ရောက်နေပါတယ်။ အထူးသဖြင့်ခံစစ်ပိုင်းက အရမ်းအားနည်း တဲ့ အသင်းဖြစ်နေပါတယ်။
နယူးကာဆယ်က တိုက်စစ်ပိုင်းကောင်းတဲ့ အသင်းဖြစ်ပါတယ်။ နှစ်သင်းစလုံးတိုက်စစ်အား
သန်တဲ့ အသင်း တွေဖြစ်လို့ ဒီပွဲက နှစ်ဖက်စလုံး ဂိုးတွေသွင်း နိုင်ပါတယ်။ ဂိုးအများကိုရွေးတာ
အသင့် တော်ဆုံးဖြစ်ပါတယ်။

ဆွမ်ဆီး - လီဗာပူး
အင်္ဂါ၊ နံနက် ၂း၃၀
ဘရန်ဒန်ရော်ဂျာအနေနဲ့ အသင်းဟောင်း ဆွမ်ဆီးနဲ့ တွေ့နေတာဖြစ်လို့ ဘယ်လိုကစား မလဲ
စောင့်ကြည့်ရပါတယ်။ လီဗာပူးရဲ့ လက်ရှိ ခြေစွမ်းကတော့ မက်မောလောက်စရာဖြစ် နေပါတယ်။
ဒါပေမဲ့ ဆွမ်ဆီးဟာ အိမ်ကွင်းမှာ အာဆင်နယ်၊ မန်ယူတို့ကို အနိုင်ကစားထား တာကို သတိပြု
ရမှာပါ။ ဆွမ်ဆီးကွင်းမှာ လီဗာပူးအခက်တွေ့သွားနိုင်ပါတယ်။ ါ



ဖတ်ရှုမှုအများဆုံး