ရီးယဲလ်မက်ဒရစ် -လီဗန်တေး
တနင်္လာ၊ နံနက် ၂း၃၀
လာလီဂါကတော့ အပြောင်းအလဲဖြစ် သွားပြီ။ ရီးယဲလ်မက်ဒရစ် ထိပ်ဆုံးနေရာကို ဖယ်ပေး
လိုက်ရတယ်။ဘီလ်ဘာအိုကို ၁-၀ နဲ့ရှုံးပြီးနောက်မှာ ဘာစီလိုနာကလည်း တစ်ဖက်မှာ
ရာယိုကို ၆-၁ နဲ့ အနိုင်ရလိုက် လို့ ရီးယဲလ်ကို တစ်မှတ်အသာနဲ့ ပြန်ဦးဆောင် ခွင့်ရသွားတယ်။
ဒီတော့ ရီးယဲလ်အတွက် ချန်ပီယံလမ်းကြောင်းပေါ်မှာ ဖိအားပိုရှိသွားပြီး ပိုရုန်းကန်ရတော့မယ့်
အခြေအနေမျိုးနဲ့လည်း ကြုံခဲ့ရပါပြီ။
ဒါကို ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုကိုယ်တိုင်က ၀န်ခံသွားခဲ့ တယ်။ ရီးယဲလ်အနေနဲ့
လက်ကျန်ပွဲတွေမှာ ခက်ခဲစွာ ရုန်းကန်ရတော့မယ်လို့ အစ္စကိုက ပြောသွားခဲ့တယ်။ ရီးယဲလ်ကို
ကြည့်လိုက် ရင်လည်း အခုနောက်ပိုင်းကစားပုံ တဖြည်းဖြည်းကျလာတာ တွေ့ရတယ်။ လာလီဂါ
မှာ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သလို အဲဒီနှစ်ပွဲမှာ တိုက်စစ်ပိုင်းကလည်း
ပင်နယ်တီသွင်းဂိုး တစ်ဂိုးသာ သွင်းနိုင်ခဲ့တာတွေ့ရတယ်။ ဒီအနေအထားအရတော့ ဂိုးပါမြူးနေတဲ့
ဘာစီလိုနာကို ပြန်ကျော်တက်နိုင်ဖို့အတွက် ရီးယဲလ် ပိုပြီးအားစိုက်ရတော့မယ်။ အခုတစ်ပတ်
ရင်ဆိုင်ရမယ့် ပြိုင်ဘက် အသင်းကတော့ လီဗန်တေးလိုအသင်းလို ဖြစ်နေပြီး ကစားရမှာက
လည်း အိမ်ကွင်း ဘာနေဗျူးမှာဆိုတော့ ရီးယဲလ်အတွက် ဒီပွဲဟာ အသင်းရဲ့ယုံကြည်မှုကို
ပြန်ဆွဲ တင်ပြရမယ့်ပွဲမျိုးပါပဲ။ ဒီလိုပွဲမျိုးမှာမှ ရီးယဲလ်အနိုင်မရခဲ့ဘူးဆိုရင်တော့ ရီးယဲလ် ရဲ့ ချန်ပီယံ
အိပ်မက်တွေဟာလည်း အဆုံးသတ် သလောက် ဖြစ်သွားနိုင်တယ်။ ရီးရဲလ်အတွက် အခုပွဲ
ဟာ နိုင်ရုံတင်မကဘဲ တိုက်စစ်ပိုင်းကလည်း ဂိုးတွေပြန်သွင်းပြီး ယုံကြည်မှု ပြန်တည်ဆောက်နိုင်
ဖို့အတွက် ကလည်း အရေးကြီးနေတယ်။ ဒါကြောင့် နောက်ဆုံးနှစ်ပွဲမှာ တစ်ဂိုးသာသွင်းနိုင်
တဲ့ ရီးယဲလ် ဒီပွဲမှာဂိုးတွေ ပြန်ရမလားဆိုတာ လည်း စိတ်ဝင်စားစရာပါပဲ။ လီဗန်းတေးကတော့
အရင်ရာသီတွေက လို တောင့်တင်းမှုမျိုး သိပ်မရှိတော့ဘူး။ ဒီရာသီမှာ အတော်လေးရုန်းကန်နေ
ရပြီး တန်းမဆင်းရဖို့ လက်ကျန်ပွဲတွေမှာ အမှတ် မရရအောင် ကြိုးစားကစားနေတဲ့ပုံမျိုးပေါ်နေ
တယ်။ ကစားပုံလည်း အရင်ကထက်စာရင် နည်းနည်းတော့ တက်လာသလိုပါပဲ။ ဒါပေမဲ့
လီဗန်တေးရဲ့အဝေးကွင်း ကစား အားကတော့ စိတ်ချထားလို့မရတဲ့ အနေ အထားမှာပဲ
ရှိသေးတယ်။ အဝေးကွင်းဆိုရင် လီဗန်တေးရဲ့ ခံစစ်ကစားပုံက စိတ် မချရပါဘူး။ နောက်ဆုံး
ကစားခဲ့တဲ့ အဝေး ကွင်းပွဲမှာလည်း ရာယိုလို မက်ဒရစ်မြို့ခံ အသင်းငယ်လေးတစ်သင်းကိုတောင်
ဂိုးပြတ် အရေးနိမ့်ထားခဲ့လို့ အခု ရီးယဲလို မဟာ အသင်းကြီးတစ်သင်းကို ထိန်းချုပ်ကစား
နိုင်ဖို့ဆိုတာ လီဗန်းတေးအတွက် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒါကြောင့်
အခုပွဲအတွက် အဓိကစဉ်းစား ရတော့မှာက ရီးယဲလ်ရဲ့ ကစားအားနဲ့ ဂိုးသွင်းနှုန်းပဲ ဖြစ်လာတယ်။
ရီးယဲလ်ဟာ ဒီပွဲမတိုင်မီ ချန်ပီယံလိဂ်မှာ ကွာတားတက်ရေးအတွက် အဆုံးအဖြတ်ပွဲကို အိမ်
ကွင်း ဘာနေဗျူးမှာပဲ ရှော်လ်ကေးနဲ့ကစား ထားရသေးတယ်။ ရှော်လ်ကေးနဲ့ပွဲက အနိုင်
အရှုံးရလဒ်နဲ့ ဂိုးသွင်းနိုင်စွမ်းအနေအထား ကလည်း အခုပွဲအပေါ် အကျိုးသက်ရောက် မှုရှိနေနိုင်
တာမျိုးကိုလည်း ထည့်စဉ်းစားဖို့ တော့ လိုလိမ့်မယ်။ နောက်တစ်ချက်က ဒဏ်ရာပြဿနာတချို့ရှိနေတဲ့
ရီးယဲလ် အတွက် ပွဲပန်းမှုအနေအထားကိုပါ ထည့် တွက်ဖို့ လိုလိမ့်မယ်ထင်တယ်။ စာရွက်ပေါ်က
စာရင်းတွေအရတော့ ဒီပွဲဟာ ရီးယဲလ်အတွက် အဘက်ဘက်က အသာစီးရနေပြီး စိုးရိမ်စရာ
မရှိလှတဲ့ ပွဲမျိုး လို့ ထင်နိုင်ပေမယ့်လည်း အဓိကရီးယဲလ်ကို အခက်တွေ့စေမှာကတော့ တိုက်
စစ်ပိုင်းက ဂိုးသွင်းနှုန်းပါပဲ။ လီဗန်တေးကလည်း အဝေးကွင်းမှာ အသင်းကြီးတွေနဲ့ တွေ့ပြီ ဆိုရင်
ခံစစ်ကိုအားပြုပြီး တုံ့ပြန်ကစားနိုင်ဖို့ ကြိုးစားလေ့ရှိတယ်။ ကစားပုံကလည်း မာကျောမှုရှိလို့
ရီးယဲလ်တိုက်စစ်အတွက် ထင်သလောက် မလွယ်ကူပါဘူး။ ရီးယဲလ်တိုက်စစ်မှာ ဟာမက်စ်
ရိုဒရီ ဂွက်ဇ် ဒဏ်ရာကြောင့်မကစားနိုင်တော့တဲ့ နောက်ပိုင်း ဘေးလ်၊ ရော်နာဒိုနဲ့ ဘန်ဇီမာ
တို့ကြားမှာ အချိတ်အဆက်ပိုင်း သိသိ သာသာ အားနည်းလာသလို အစ္စကိုက လည်း အရင်
ကထက် ခံစစ်နဲ့တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်ဖို့ ပိုကြိုးစားလာရလို့ ခြေစွမ်းပိုင်းက အရင်ကလို
သက်သောင့်သက်သာသိပ်မရှိတော့ဘူး။ ကွင်းလယ်မှာ ခရူးစ်ရဲ့ကစားပုံကလည်း ပွဲပန်းလာသလို
တွေ့နေရတယ်။ တိုက်စစ်မှာလည်း ဘေးလ် ဂိုးပေါက်ပျောက်နေတာ မိနစ် ၆၅၀ လောက်
အထိရှိနေပြီး ရော်နာဒိုကလည်း အရင်ကလို ဂိုးသွင်းနှုန်းမျိုး ပြန်မရတော့လို့ ဂိုးရဖို့ကို တစ်ဦး
ကောင်းပိုပြီး ကစားလာနေတာ တွေ့ရတယ်။ ရော်နာဒိုနဲ့ ဘေးလ်တို့ကြား မှာလည်း တစ်ဦးနဲ့
တစ်ဦးချိတ်ဆက် ကစား နိုင်ဖို့အားနည်းလာချိန်မှာ ဘန်ဇီမာအတွက် လည်း တစ်ဦးတည်း
သီးသန့်ကစားနေရ သလို ဖြစ်သွားခဲ့တယ်။ ဒါကြောင့် နည်းပြ အန်ဆယ်လော့တီအတွက်
တိုက်စစ်မှူးတွေ ကြားမှာ ယုံကြည်မှုတစ်ခု ပြန်တည်ဆောက် ပေးနိုင်ဖို့အတွက် ကြိုးစားပြဖို့
လိုနေပါပြီ။ ရီးယဲလ်ဟာ ပွဲအစပိုင်းတွေမှာလည်း ကစားပုံအထနှေးလေ့ရှိပြီး ဒီအချက်ကို ပြိုင်
ဘက်တွေကလည်း အကောင်းဆုံး အသုံးချလာနိုင်ဖို့ ပိုကြိုးစားလာတာ တွေ့ရ တယ်။ ကွင်း
လယ်အဖျက်ပိုင်းမှာလည်း အားနည်းမှုတွေရှိနေတဲ့အတွက် ရီးယဲလ်ခံစစ်ဟာ တစ်ခါတလေမှာ
ပြိုင်ဘက်ရဲ့ ဖိအားပေးမှုဒဏ်ကို ခံနိုင်လေ့မရှိဘူး။ ဒါပေမဲ့ အခုပွဲမှာ ရီးယဲလ်အတွက် မျှော်လင့်
နိုင်တာက လီဗန်တေးရဲ့တိုက်စစ်ကလည်း သိပ်ပြီး အားရစရာမရှိတဲ့ အချက်ပါပဲ။ အဝေးကွင်း
ပွဲတွေမှာ ဂိုးရဖို့ ပိုရုန်းကန်နေ ရတဲ့ လီဗန်တေးတိုက်စစ်ဟာ အခုပွဲမှာ လည်း ရီးယဲလ်ကို
ဖိအားပြန်ပေးနိုင်ဖို့ သိပ် မရှိလှပါဘူး။ ဒါကြောင့် ဒီပွဲဟာ ရီးယဲလ် သွင်းဂိုးတွေကိုပဲ တစ်ဖက်
သတ်စောင့်ကြည့် ရမယ့်ပွဲမျိုးလို့ ပြောနိုင်တယ်။ နောက်ဆုံး ဘာနေဗျူးမှာဆုံခဲ့ကြတဲ့ အစဉ်အလာ
အရ တော့ ရီးယဲလ်ကိုပဲ ဦးစားပေးရွေးထားရမယ့်ပုံပါပဲ။ ဂိုးတော့ ထင်သလောက်မများ နိုင်ဘူး
ထင်ပါတယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅
* ဗလင်စီယာ - ဒီပို့တီဗို
စနေ၊ ည ၉း၃၀
* အက်စ်ပန်ညို - အလက်တီကို
စနေ၊ ည ၁၁း၃၀
အိုင်ဘာ - ဘာစီလိုနာ *
တနင်္ဂနွေ၊ နံနက် ၁း၃၀
ရာယို - ဂရန်နာဒါ *
တနင်္ဂနွေ၊ နံနက် ၃း၃၀
ဆယ်လ်တာ - ဘီလ်ဘာအို *
တနင်္ဂနွေ၊ ညနေ ၅း၃၀
* အယ်လ်မီရီယာ - ဗီလာရီးယဲလ်
တနင်္ဂနွေ၊ ည ၁၀း၃၀
* မာလာဂါ - ကော်ဒိုဘာ
တနင်္လာ၊ နံနက် ၀၀း၃၀
* ဆီဗီလာ - အယ်လ်ချီ
အင်္ဂ်ါ၊နံနက် ၂း၁၅
ဂီတာဖေး - ဆိုစီဒက် *















