အေစီအသင်း ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းစီးပွားရေးသမားထံ ရောင်းချရန်သဘောတူ

အေစီအသင်း ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းစီးပွားရေးသမားထံ ရောင်းချရန်သဘောတူ

မီလန်-စီးရီးအေကလပ် အေစီမီလန်အသင်း ၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းစီးပွား ရေး
သမားတစ်ဦးထံ ရောင်းချရန် အကြို သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းသိရသည်။

အေစီအသင်းပိုင်ရှင် ဘာလူစကိုနီနှင့် ထိုင်းစီးပွားရေးသမားဖြစ်သူ ဘီးတေချောင်ဘိုတို့သည်
ပြီးခဲ့သည့် တစ်ပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း
သတင်းများ က ဖော်ပြသည်။ တေချောင်ဘိုသည် အေစီ၏ ရှယ်ယာ များကို ၀ယ်ယူရန် ပြီးခဲ့
သည့်လကတည်း ကပင် စိတ်ဝင်စားခဲ့သူဖြစ်သည်။ ၎င်းသည် ရှယ်ယာများ အမှန်တကယ်
၀ယ်ယူဖြစ်ခဲ့ပါက အသင်း၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ဖြစ်သော ယူရို သန်း ၂၅၀ ကို လာမည့်
မေလ ကုန်တွင် ပေးချေရမည်ဖြစ်သည်။ ထို့အတူ ဘာလူစကိုနီတို့ဘက်ကလည်း ရှယ်ယာများ
ရောင်းချရန် ပျက်ကွက်ခဲ့ပါက ယူရို သန်း ၂၅၀ ၏ ၁၀ ရာခိုင်နှုန်းကို ပြန်လည် ပေးလျော်ရ
မည်ဖြစ်သည်။ အေစီမီလန်အသင်းသည် ၂၀၁၃ဈ၁၄ ဘောလုံးရသီတုန်းက ယူရို ၂၅၄ ဒသမ
၆ သန်းခန့် အရှုံးပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ အကြွေး ယူရို ၂၄၄ သန်းတင်လျက်ရှိသည်။ ထို့ပြင်
ဘာလူစကိုနီမိသားစုပိုင် ကုမ္ပဏီမှာ လည်း အရှုံးပေါ်လျက်ရှိကြောင်း သတင်း များထွက်ပေါ်နေသည်။

ထိုကြောင့် ဘာလူ စကိုနီက အေစီမီလန်အသင်း၏ ရှယ်ယာ များကို ထုတ်ရောင်းရခြင်းဖြစ်ကြောင်း
သတင်းများက ဖော်ပြသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အေစီအသင်း စီအီးအို
ဂယ်လီယာနီက "အေစီမီလန်အသင်းဟာ ဘာလူစကိုနီလက်အောက်မှာ ရှိနေတာ ၂၉ နှစ်ရှိပါပြီ။
ယခုထွက်ပေါ်နေတဲ့ ကုမ္ပဏီဘက်က အရှုံး ပေါ်လို့ အသင်းရှယ်ယာတွေ ထုတ်ရောင်း
ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဘာမှ အတည်ပြုလို့ မရပါဘူး"ဟု ပြောကြားသွား ခဲ့သည်။

ဘာလူစကိုနီပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ မှာ အရှုံးပေါ်နေသည့်အတွက် အေစီအသင်းကို ယူရို
သန်း ၉၇၀ နှင့် ရောင်းချ တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော် လည်း အသင်းတာဝန်ရှိသူများက ငြင်းဆိုခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး