အင်တာမှာ အိမ်ရှင်အားသာချက်ရှိနေတယ်

အင်တာမှာ အိမ်ရှင်အားသာချက်ရှိနေတယ်

အင်တာမီလန် - ဆီစီနာ
တနင်္လာ၊ နံနက် ၂း၁၅

လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကြိုးပမ်းမည်ဟု ထုတ်ဖော်ကြံုးဝါး ထားသော
အင်တာမီလန်သည် ပွဲစဉ်(၂၆)အပြီးတွင် တတိယနေရာက နာပိုလီနှင့် ၁၀ မှတ် ပြတ်သွား
သောကြောင့် လက်ကျန် ၁၂ ပွဲတွင် အမီလိုက်နိုင်ပါ့မလားဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။

တစ်ဖက် ကလည်း အင်တာမီလန် စီးရီးအေနှင့် ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း 'ဖွင့်'
ကစားနေလျက်ရှိရာ ထိုအခြေအနေမျိုးတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးပါ ထည့်သွင်း စဉ်းစားရမည်
ဆိုလျှင် အင်တာမီလန်ဟာ ဖိအားပိုများလာဖွယ်ရှိသည်။ ဖေဖော်ဝါရီ ၂ ရက်တွင် ကစားခဲ့သည့်
ကိုပါအီတာလျံဖလားတွင် နာပိုလီကို အရေးနိမ့်ပြီးနောက် အင်တာမီလန်သည် ခြေစွမ်းရော
ရလဒ်ပါ တစ်ဟုန်ထိုး တိုးတက် လာသည်။ ယင်းနောက်ပိုင်း ငါးပွဲဆက်တိုက် တွင် လေးပွဲနိုင်ပြီး
တစ်ပွဲသာ သရေကျခဲ့ သည်။ ထိုငါးပွဲအတွင်း စုစုပေါင်း ၁၃ ဂိုး သွင်းယူနိုင်သောကြောင့် အင်တာ
တိုက်စစ် ကို ပြိုင်ဘက်တိုင်းက သတိပြုမိလာသည်။ သို့ရာတွင် မတ်လ ၁ ရက်၌ အိမ်ကွင်း ပွဲစဉ်
အဖြစ် ဖီအိုရင်တီးနားကို ယှဉ်ပြိုင် သောအခါ အင်တာမီလန်သည် မထင်မှတ် ဘဲ ၁-၀ ဖြင့်
အရေးနိမ့်သည်။ တစ်ဖန် နာပိုလီ ကွင်း၌ ၂-၂ သရေကျသည်။ နာပိုလီနှင့်ပွဲစဉ်တွင် အင်တာမီလန်
သည် အိမ်ရှင်အသင်းကို နှစ်ဂိုးပြတ် အရေး နိမ့်ရာမှ အောက်ကလိုက်ကစားသောကြောင့်
စိတ်ဓာတ်မာကျောကြံ့ခိုင်မှု ပေါ်လွင် သည်။ ၄-၃-၃ ကစားကွက်ကို ပုံသေအထိုင် ချလာသော
အင်တာမီလန်သည် အိုင်ကာဒီ (၂၂ နှစ်)၊ ပလာစီယို(၃၃ နှစ်) ရှာကွီရီ (၂၃ နှစ်) တိုက်စစ်တွဲကို
ပွဲစဉ်တစ်လျှောက်လုံး ထည့်သွင်းအသုံးပြုသည်။

အစောပိုင်းက ပုံမှန်နေရာရသော ဂျာမန်တိုက်စစ်သမား ပိုဒေါ့စကီးကိုမူ နာပိုလီနှင့်ပွဲတွင် 'ခေါက်'
ထားသည်။ အင်တာမီလန်နည်းပြ မန်စီနီသည် ကွင်းလယ်တွင် ဂယ်ရီမီဒယ်(၂၇ နှစ်)၊
ဂူအာရင်(၂၈ နှစ်)၊ ဘရိုဇီဗစ် (၂၂ နှစ်) တို့ဖြင့် 'အထိုင်ချ'ရာ အတွေ့အကြံု၊ ကစားအားနှင့်
အသင်းကို တည်ငြိမ်မှုရှိအောင် ထိန်းကျောင်း နိုင်သည့် အပိုင်းများတွင် တိုးတက််မှု ရှိလာ
သည်။ အထူးသဖြင့် အင်တာမီလန်နည်းပြ မန်စီနီသည် တိုက်စစ်နှင့် ကွင်းလယ်တွင် သမ္ဘာရှိသူ
များနှင့် ကစားအားရှိသူများကို အချိုးအစား ညီညွတ်မျှတအောင် ထည့်သွင်း သော ဖော်မြူလာကို
စနစ်တကျ သုံးစွဲလာ သောကြောင့် 'အစပ်အဟပ်'တည့်သွားလျှင် အင်တာမီလန်သည်
တိုက်စစ်ရော၊ ကစား ကွက်ပါ ကောင်းမွန်သော အသင်းအဖြစ် ပြန်လည်ပေါ်ထွက်လာဖွယ်ရှိသည်။

တစ်ဖက်ကလည်း နည်းပြမန်စီနီသည် အင်တာမီလန်နောက်တန်းကို တည်ငြိမ်မှု ရအောင်
ကြိုးပမ်းနေပြီး နားလည်မှုကောင်း သော 'တွဲလုံး' (ခသာဘငညအေငသည) ရရှိအောင်
ဖော်ထုတ်နေသည်။ အထူးသဖြင့် ဗဟိုခံစစ် တွင် အထိုင်ကစားသမားနှစ်ယောက်ဖြင့်
တည်ငြိမ်စွာ အထိုင်ချနိုင်အောင် ပြင်ဆင်နေသည်။ သို့ရာတွင် ဖီအိုရင်တီးနား၊ နာပိုလီ
တို့လို ထိပ်သီးနှစ်သင်းနှင့် ဆက်တိုက် ကစားရသော အခါတွင် အင်တာမီလန် ခံစစ်ကြောင်း၌
'ပျော့ကွက်' အချို့ ရှိနေသေး သည်ကို တွေ့မြင်ရသည်။ တစ်ဖက်တွင် အင်တာမီလန်နှင့် ရင်ဆိုင်
မည့် ဆီစီနာသည် တန်းမဆင်းရရေးအတွက် ရှိသမျှ ခွန်အားနှင့် အစွမ်းအစများကို ဖျစ်ညှစ်အသုံး
ပြုရသောကြောင့် ခြေစွမ်းရော၊ ရလဒ်ပါ တိုးတက်လာသည်။ မတ်လ ၁ ရက်တွင် ယူဒီးနိစ်ကို
၁-၀ ဖြင့် နိုင်ပြီး မတ်လ ၈ ရက်တွင် ပါလာမိုနှင့် ၀-၀ သရေကျခဲ့သောကြောင့် ဆီစီနာခြေစွမ်း
က တက်ရိပ်ပြနေသည်။ ထိုနှစ်ပွဲစလုံးတွင် ဂိုးသွင်းမခံရသော ဆီစီနာခံစစ်ကြောင်း ကစားပုံသည်
သိသိသာသာ တိုးတက်လာ ပြီး ယခင်ပွဲစဉ်များကထက် အချိတ်အဆက် ပိုမိလာသည်။

သို့ရာတွင် ဆီစီနာသည် အဝေးကွင်း၌ ခြေစွမ်းကို ထိန်းထားနိုင်စွမ်း မရှိခြင်း၊ ထိပ်တန်းအသင်းကြီးကို
ရင်ဆိုင် ရာတွင်လည်း အတွေ့အကြံုရော ကစား ကွက်ပါ တစ်ပန်းရှုံးနေခြင်း အစရှိသော အခက်အခဲများကို
ရင်ဆိုင်ကျော်လွှားရ မည် ဖြစ်သည်။ ဆိုရပါလျှင် ဆီစီနာသည် အင်တာမီလန် ကို ရင်ဆိုင်ရာ၌
မာကျောသော စိတ်ဓာတ် ကိုသာ အားကိုးရဖွယ်ရှိသည်။ အင်တာသည် ပြီးခဲ့သော နှစ်ပွဲဆက်
တိုက် နိုင်ပွဲပျောက်ခဲ့ သည်။ သို့ကလိုကြောင့် တိုက်စစ်ကောင်းပြီး အိမ်ရှင်အားသာချက်ရှိသော
အင်တာကို ရွေးချယ်သင့်သည်။



ဖတ်ရှုမှုအများဆုံး