စကာတယ်၏ ဦးခေါင်းဒဏ်ရာ စိုးရိမ်စရာမရှိ

စကာတယ်၏ ဦးခေါင်းဒဏ်ရာ စိုးရိမ်စရာမရှိ

ဘလက်ဘန်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့သော အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရရှိခဲ့သည့်
လီဗာပူးနောက်ခံလူ စကာတယ်၏ ဦးခေါင်းဒဏ်ရာမှာ စိုးရိမ်ဖွယ် အနေအထားမဟုတ်ကြောင်း
နည်းပြ ဘရန်ဒန် ဂျော်ဂျာက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စကာတယ်သည် ဘလက်ဘန်းတိုက်စစ်မှူး ဂက်စ်တီဒီနှင့် ဘောလုံးယှဉ်လုစဉ် ထိခိုက်မိ
ခဲ့ခြင်းဖြစ်ကာ လူစားလဲခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော် စကာတယ်မှာ ပွဲပြီးချိန်
တွင် စကားလည်း ပြောနိုင်ပြီဖြစ် သလို လမ်းလည်း ပြန်လျှောက်နိုင်ပြီဖြစ်သည်။ ဘရန်ဒန်ရော်ဂျာ်
က "ပွဲပြီးချိန်မှာ သူ့ရဲ့အခြေအနေပြန်ကောင်းနေပြီဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့်
စကာတယ်ရဲ့ ဒဏ်ရာ ဟာ စိုးရိမ်စရာမရှိပါဘူး။ တကယ်လို့ သူ ဒဏ်ရာကြောင့် နားရမယ်ဆိုရင်
လည်း သူ့ နေရာမှာ အစားထိုးမယ့် ကစားသမား အဆင် သင့်ရှိပါတယ်။ အခုတော့ ဆေးစစ်ချက်တွေ
အရ စိတ်အေးသွားရပါပြီ"ဟု ပြောကြား ခဲ့သည်။



ဖတ်ရှုမှုအများဆုံး