၂၀၁၆ ဘရာဇီးလ်အိုလံပစ် အမျိုးသမီး ဘောလုံးပထမအဆင့်ခြေစစ်ပွဲ၏ အုပ်စုပွဲစဉ် အဖြစ်
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း နှင့် သီရိလင်္ကာလက်ရွေးစင် အမျိုးသမီးအသင်းတို့သည်
မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိဘောလုံး ကွင်းတွင် ယှဉ်ပြိုင်
ကစားကြမည်ဖြစ်သည်။
ခြေစစ်ပွဲအုပ်စုတွင် အိမ်ရှင်မြန်မာအသင်း၊ သီရီလင်္ကာအသင်းနှင့်
အိန္ဒိယ အမျိုး သမီးလက်ရွေးစင်အသင်းများက ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအသင်း
တစ်သင်း သာ ဒုတိအဆင့်ခြေစစ်ပွဲကို တက်ရောက် နိုင် မည်ဖြစ်သည်။
ပွဲစဉ်အားလုံးကို ညနေ ၅ နာရီ တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ကွင်း ၀င်ကြေးအဖြစ်
ရိုးရိုးတန်း ကျပ် ၂,၀၀၀၊ အထူးတန်း ကျပ် ၃,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
မတ်လ ၁၃ရက်နေ့တွင် သီရိလင်္ကာ အမျိုး သမီးအသင်းနှင့် အိန္ဒိယအမျိုးသမီးအသင်း တို့
ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယ
အမျိုးသမီးအသင်းတို့က ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
သည် အိန္ဒိယအမျိုးသမီးအသင်းနှင့် ၂၀၁၃ ခုနှစ် အာရှဖလားခြေစစ်ပွဲ တွင် နောက်ဆုံး
အကြိမ်တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ၂ဪဝ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယ
အဆင့်ခြေစစ်ပွဲတွင် ထိုင်း၊ ဗီယက် နမ် အမျိုးသမီးလက်ရွေးစင်အသင်းများနှင့် ပထမအဆင့်
ခြေစစ်ပွဲအောင် အသင်း သုံးသင်းက ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။














