ဂျူဗင်တပ်မှာ အရန်ကစားသမား အပြည့်ရှိနေတယ်

ဂျူဗင်တပ်မှာ အရန်ကစားသမား အပြည့်ရှိနေတယ်

ဂျူ ဗင်တပ် - ဂျီနိုအာ
တနင်္ဂနွေ ည၊ ၈း၃၀

စီးရီးအေ၊ ချန်ပီယံလိဂ်နှင့် ကိုပါအီတာ လျံ ရှုံးထွက်ဖလားပြိုင်ပွဲသုံးခုကို တစ်ပြိုင် နက်တည်း
'ဖွင့်'ကစားနေသော ဂျူဗင်တပ် သည် ပြိုင်ပွဲတိုင်းကို အာရုံမျှပေးနေရ သော်လည်း ခြေစွမ်းနှင့်
ရလဒ်ပိုင်းများ အထူးဂရုစိုက်ပြီး ကျဆင်းသွားခြင်းမရှိအောင် ထိန်းထားနိုင်သည်ကို တွေ့ရသည်။
ဒုတိယနေရာမှ ရိုးမားသည် ဆက်တိုက် သရေပွဲ များလာသောကြောင့် ထိပ်ဆုံးမှ ဂျူဗင်တပ်နှင့်
အမှတ်ကွာဟမှုအား လျှော့ချနိုင်ခြင်းမရှိသောအချက်က ဂျူဗင်တပ်ကို ဖိအားလျော့ကျစေခဲ့သည်။
သို့ကလို အောက်ဘက်အသင်းများက ဖိအားပေးနိုင်ခြင်း မရှိသောကြောင့်ပင် ဂျူဗင်တပ်သည်
စီးရီးအေတွင် ၁၄ မှတ်ဖြတ်ကာ ဦးဆောင် နေရင်းမှ ချန်ပီယံလိဂ်နှင့် ကိုပါအီတာလျံ ရှုံးထွက်
ဖလားတို့တွင် ဖိဖိစီးစီး အာရုံစိုက်လာနိုင်ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ခါ
ဂျူဗင်တပ်သည် စီးရီးအေ ခုနစ်ပွဲကစားခဲ့ရာ၌ လေးပွဲနိုင်ပြီး သုံးပွဲသရေကျခဲ့ရာ ခြောက်မှတ်
ဆုံးရှုံးခဲ့သည်။ တစ်ဖက်တွင် ရိုးမားသည် ပြီးခဲ့သော ခုနစ်ပွဲအတွင်း တစ်ပွဲသာနိုင်ပြီး ခြောက်ပွဲ
သရေကျခဲ့သောကြောင့် ၁၂ မှတ်ဆုံးရှုံးခဲ့ရာ နှိုင်းယှဉ်လိုက်ပါက ဂျူဗင်တပ်သည် ခြောက်မှတ်
အသာရ ခဲ့ပြီး အမှတ်ကွာဟမှု မြင့်တက်လာသည်။ စီးရီးအေပွဲစဉ်များတွင် ဂျူဗင်တပ်သည်
ပြိုင်ဘက် အနေအထားပေါ် မူတည်ပြီး ၄ဪ၃ဪ၃နှင့် ၃ဪ၅ဪ၂ ကစားကွက်
များကို လှည့်လည်သုံးစွဲခဲ့သည်။ ပြီးခဲ့သော စီးရီးအေ ခုနစ်ပွဲဆက်တိုက်တွင် ဂျူဗင်တပ်သည်
ငါးဂိုးသွင်းခံလိုက်ရသောကြောင့် ပေးဂိုး အားဖြင့် အနည်းငယ် မြင့်တက်လာသော် လည်း
အရန်ကစားသမားအချို့ကို ထည့်သွင်း ကစားသောကြောင့် အနားရခဲ့ပြီး စွမ်းဆောင် ရည်
ကျဆင်းသွားခြင်း မရှိအောင် ထိန်းထား နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ချန်ပီယံလိဂ်
ပွဲစဉ်အဖြစ် ဘိုရုရှဒေါ့မွန်ကို ၂ဪ၁ ဖြင့် နိုင်ပြီး အပြန်ခရီးတွင် ရိုးမားကွင်း၌ ၁-၁ သရေကျ
သည်။

ထို့နောက် ကိုပါအီတာလျံပွဲစဉ်အဖြစ် ဖီအိုရင်တီးနားကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့သော် လည်း ပြီးခဲ့သော
နှစ်ပွဲဆက်တိုက်တွင် ဆက်စူလိုနှင့် ပါလာမိုတို့ကို ၁ဪဝ ဖြင့် အနိုင်ရ သည်။ စီးရီးအေပွဲစဉ်များ၌
ဂျူဗင်တပ်သည် တိုက်စစ်တွင် တေဗက်ဇ်ကို အထိုင်ချထား သည်။ ၃ဪ၅ဪ၂ ကစားကွက်ကို
အသုံးပြုသော အခါ တေဗက်ဇ်ကို စပိန်တိုက်စစ်မှူး လော်ရန်တေးနှင့်တွဲ၍ ပွဲထုတ်သည်။ သုံးယောက်
တိုက်စစ်ပုံစံ အသုံးပြုသောအခါ တေဗက်ဇ်ကို လူငယ်များဖြစ်သော မိုရာတာ (၂၂ နှစ်)၊ ပရေးရား (၂၄ နှစ်)
တို့ဖြင့် တွဲဖက် ကစားစေသည်။ ပွဲကျပ်များ ဆက်တိုက်ကစားလာရသော ကြောင့် ပွဲပမ်းခြင်းဒဏ်မှ
ကာကွယ်နိုင်ရန် ဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် ကွင်းလယ်တွင် လူသစ်များကို ထည့်သွင်း
အသုံးပြု လာသည်ကို တွေ့ရသည်။

ယခင်က ထည့်သုံး လေ့မရှိသော ဒီဆီဂလီ (၂၈ နှစ်)၊ စတူယာရို (၂၂ နှစ်)တို့ကို ထည့်သုံးလာသည်။
အလားတူ ခံစစ်ဗဟိုတွင် ချီနယ်လီဪဘိုနုချီအတွဲဖြင့် အထိုင်ချပြီး ကျန်ကစားသမားများကို
အလှည့်ကျ ထည့်သွင်းခြင်းဖြင့် ပွဲပမ်းမှုမရှိ အောင် လျှော့ချနိုင်ခဲ့သည်။ တစ်ဖက်တွင် ဂျီနိုအာသည်
ဖေဖော်ဝါရီ လဆန်းပိုင်းက လာဇီယိုကို ၁-၀၊ ဗီရိုနာကို ၅ -၂ ဖြင့်နိုင်ပြီး ဒေသခံ ပြိုင်ဘက်
ဆမ်ဒိုးရီး ယားကွင်းတွင် ၁-၁ သရေကျလိုက်သော ကြောင့် ခြေစွမ်းပြန်လည် ဦးမော့လာပြီဟု
ယူဆခဲ့ကြသည်။ သို့ရာတွင် ဂျီနိုအာသည် ထိုခြေစွမ်းကို ဆက်မထိန်းနိုင်တော့ဘဲ ဆမ်ဒိုးရီးယားကို
သရေကျပြီးနောက် အမ်ပိုလီ နှင့် ၁ဪ၁ သရေကျကာ အိမ်ကွင်း၌ ချီယေဗို ကို ၂-၀ ဖြင့်
အရေးနိမ့်ခဲ့သည်။ ဂျီနိုအာရှေ့တန်းတွင် အေစီမီလန်မှ ပြောင်းလာသော ပြင်သစ်တိုက်စစ်မှူး
နီအန်း သည် အစောပိုင်းပွဲများတွင် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်သော်လည်း ချီယေဗိုနှင့်ပွဲ၌ ဂိုး
သွင်းနိုင်ခြင်းမရှိတာကို တွေ့ရသည်။ ထိုပွဲစဉ်တွင် ဂျီနိုအာသည် ဘောလုံးပိုင်ဆိုင် မှု ၆၀
ရာခိုင်နှုန်း ရှိခဲ့သော်လည်း အပြီးသတ် ဂိုးသွင်းယူမှု ကျဆင်းသွားသည်။ ဂျီနိုအာ တိုက်စစ်တွင်
နီအန်း (၂၀ နှစ်)၊ ဖဲလ်ကေး (၂၅ နှစ်)၊ ပါရော့တီ (၂၆ နှစ်)တို့ကို ပုံသေပွဲထုတ် လာသောကြောင့် ကစားအား၊ ပြေးအားများ ကောင်းမွန်သွက်လက်လာပြီး ပြိုင်ဘက် ခံစစ်ကြောင်းများကို မွှေနှောက်နိုင်
စွမ်း ရှိသည်။

ခြံုကြည့်လျှင် ဂျူဗင်တပ်သည် ချန်ပီယံလိဂ်တွင် ဂျာမန်မြေပေါ်သို့ သွားရောက်ကစားပြီးနောက်
အပြန်ခရီးတွင် ဂျီနိုအာကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အနည်းငယ် ပွဲပမ်းလာဖွယ်ရှိသည်။
သို့ကလိုကြောင့် ဂျူဗင်တပ်သည် သရေ၊ သို့မဟုတ်ခပ်ပါးပါး အနိုင်သာ ကစားဖွယ်ရှိပြီး ဂိုးနည်းသောပွဲ
ဖြစ်လာနိုင်သည်ဟု ယူဆမိသည်။



ဖတ်ရှုမှုအများဆုံး