ချီယေဗို - ပါလာမို
စနေ ည၊ ၁၁း၃၀
အေစီမီလန်နဲ့ရိုးမားကို ဆက်တိုက် ၀-၀ သရေကျပြီးနောက် ဂျီနိုအာကွင်းမှာ ၂၀ နဲ့ နိုင်လိုက်တဲ့
ချီယေဗို ခြေစွမ်းကို လျှော့တွက် လို့ မရတော့ဘူး။ အထူးသဖြင့် အသင်းကြီးတွေ အပါအဝင်
သုံးပွဲဆက်တိုက် ကစားခဲ့ရာ ဂိုးသွင်းမခံရတဲ့ ချီယေဗိုနောက်တန်းဟာ လုံခြံုကျစ်လျစ်မှုရှိနေတယ်။
ချီယေဗိုကို ရွေးချယ်သင့်တယ်။
အမ်ပိုလီ- ဆက်စူလို
တနင်္ဂနွေ ညနေ၊ ၆းဝဝ
သရေပွဲတွေ ဆက်တိုက်များလာပေမယ့် အမ်ပိုလီခြေစွမ်း ကျဆင်းသွားခြင်းမရှိဘဲ ကစားကွက်နဲ့
ဘောလုံးပိုင်ဆိုင်မှု တိုးတက် လာတယ်။ ဆက်စူလိုကတော့ ပူပူနွေးနွေး ပါးမားကို လေးဂိုးပြတ်နိုင်
ထားတဲ့ အရှိန်နဲ့ ဆက်ညှစ်မယ်လို့ ယူဆရတယ်။ ချိန်ဆလိုက် ရင်ဆက်စူလိုဘက်က
အရဲစွန့်သင့်တယ်။
ပါးမား - တိုရီနို
တနင်္လာ နံနက်၊ ၂း၁၅
ရိုးမားနဲ့အတ္တလန္တာကို ဂိုးမရှိသရေကျခဲ့ ပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆက်စူလိုကို ၄၁နဲ့ ဂိုးပြတ်ရှုံးခဲ့လို့
ပါးမားခြေစွမ်း အကျဘက်ကို ပြန်ဆင်းသွားနိုင်တယ်။ တိုရီနိုကလည်း ယူရိုပါလိဂ်ကိုပါ
တစ်ပြိုင်နက်တည်း 'ဖွင့်'ကစား နေရတယ်။ တိုရီနိုဘက်က ဂိုးသွင်းနိုင်ရင် သုံးမှတ်ရယူ
သွားနိုင်တယ်။
အေစီမီလန် - ကက်ဂလီယာရီ
တနင်္ဂနွေ နံနက်၊ ၂း၁၅
တိုက်စစ်အားကောင်းပြီး ဂိုးသွင်းခြေစွမ်းရှိတဲ့ အေစီမီလန်ဟာ အသင်းလိုက် 'ဟန်ချက်' ကို
ထိန်းမထားနိုင်လို့ နိုင်သင့်တဲ့ပွဲတွေ အနိုင် မရဘဲ သရေနဲ့ ကျေနပ်နေရတယ်။ ကက်ဂလီ
ယာရီကလည်း တောက်လျှောက် စိုက်ဆင်းနေပြီး နောက်တန်း 'ပွင့်' နေတယ်။ အေစီမီလန်
နိုင်ခြေများတယ်။
နာပိုလီ- အတ္တလန္တာ
တနင်္လာ နံနက်၊ ၂း၁၅
ယူရိုပါလိဂ်ဘက်ကို အာရုံမျှပေးနေရတဲ့ နာပိုလီတို့ စီးရီးအေမှာ ခြေစွမ်းရော ရလဒ် တွေပါ
ကျဆင်းလာတယ်။ အတ္တလန္တာကတော့ ရှုံးပွဲဆက်နေရာကနေ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်
မှာပါးမားနဲ့ ယူဒီးနိစ်တို့ကို ဂိုးမရှိ သရေကျထားလို့ ခံစစ်ကစားပုံ တိုးတက်မှုရှိလာတယ်။
အတ္တလန္တာကို ပိုကြိုက်တယ်။
ယူဒီးနိစ် - ဖီအိုရင်တီးနား
တနင်္လာ နံနက်၊ ၂း၁၅
တိုရီနိုကို ၃-၂နဲ့နိုင်ပြီး အတ္တလန္တာကွင်း မှာ ဂိုးမရှိသရေကျခဲ့တဲ့ ယူဒီးနိစ်ခြေစွမ်းက တက်ရိပ်ပြ
လာပေမယ့် နောက်တန်းကတော့ စိတ်ချလို့ မရသေးဘူး။ ဖီအိုရင်တီးနားလည်း ယူရိုပါလိဂ်ဘက်
အာရုံစိုက်နေရလို့ ကစား ကွက်ကောင်းပြီး တိုက်အားတွန်းအားရှိတဲ့ ယူဒီးနိစ်ကို ပိုကြိုက်တယ်။
လာဇီယို - ဗီရိုနာ
တနင်္လာ နံနက်၊ ၂း၁၅
ဖေဖော်ဝါရီလယ်ပိုင်းကစပြီး ဆက်တိုက်နိုင်လာတဲ့ လာဇီယိုဟာ ကွင်းလယ်ကစားကွက်၊
ကွင်းလယ်တိုက်စစ် ကောင်းမွန် ထက်မြက်တယ်။ ဗီရိုနာကလည်း ပွဲကျပ်တွေ ဆက်နေပေမယ့်
ခြေစွမ်းရော ဂိုးသွင်းအားပါ ပြန်တက်လာတယ်။ ဒါပေမဲ့ လာဇီယိုကွင်းမှာ တော့ဗီရိုနာတို့
ကွင်းလယ်ကစားကွက် ထိန်းချုပ်ခံရဖွယ်ရှိလို့ အိမ်ရှင်လာဇီယိုကို ပိုကြိုက် တယ်။
ဆမ်ဒိုးရီးယား - အင်တာမီလန်
တနင်္လာ နံနက်၊ ၂း၁၅
အသင်းငယ်တွေ ဖိဖိစီးစီးကစားပြီး နိုင်ပွဲ တွေ ပြန်ရလာတဲ့ ဆမ်ဒိုးရီးယားဟာ ခြေစွမ်း ရော၊
စိတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်မှု ရှိလာတယ်။ အင်တာမီလန်ကတော့ ယူရိုပါ လိဂ်ဘက်ကို
အာရုံမျှပေးနေရလို့ စီးရီးအေမှာ ခြေစွမ်းရော ဂိုးသွင်းနှုန်းပါ လျော့ကျသွား တယ်။ ဆမ်ဒိုးရီးယား
ကို အားပေးလိုက်ပါ။
ဆီစီနာ - ရိုးမား
တနင်္လာ နံနက်၊ ၂း၁၅
ယူဒီးနိစ်ကိုနိုင်ပြီး ပါလာမိုနဲ့ သရေကျခဲ့တဲ့ ဆီစီနာဟာ နှစ်ဂိုးတိတိ ဂိုးသွင်းမခံရလို့ ခံစစ်လုံအောင်
ပိတ်ဆို့ပြီး ရှိသမျှအစွမ်းအစ ဖျစ်ညှစ်ကစားလာတဲ့ အနေအထားမှာရှိတယ်။ ရိုးမားကတော့
စီးရီးအေမှာ ခြေစွမ်း တက်ရိပ်မပြသေးဘဲ ဂိုးသွင်းနှုန်း သိသိသာသာကျဆင်းသွားတယ်။
ဒါကြောင့် အိမ်ရှင် ဖြစ်တဲ့ ဆီစီနာကို ပိုကြိုက်တယ်။















