၂၀၁၄-၁၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲသည် ကွာတားဖိုင်နယ်အဆင့့် ရောက်လာခြင်းနှင့်အတူ
ဥရောပထိပ်သီးနိုင်ငံ အသီးသီးက အမှတ်ပေးပွဲများလည်း လေးပုံသုံးပုံ ကျိုးချိန် တွင် ပရိသတ်
စိတ်ဝင်စားမှုသည် ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာသည်။
ထိုအချိန် တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲနှင့် ခြေသွေးပွဲများ ကြားဖြတ် ၀င်ရောက်လာရာ ပရိသတ်
အတွက် စိတ်ဝင်စားမှု အလှည့်အပြောင်း ဖြစ်လာ သည်။ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အလားအလာ
ကောင်းနေသော အီတလီအသင်းသည် ယခု တစ်ခေါက်တွင် ခြေစစ်ပွဲတစ်ပွဲ၊ ခြေစမ်းပွဲ တစ်ပွဲ
စုစုပေါင်း နှစ်ပွဲကစားရမည် ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲ အဖြစ်
ဘူဂေးရီးယားမြေပေါ် သွားရောက် ကစားပြီး မတ်လ ၃၁ ရက်၌ အီတလီနိုင်ငံ၊ တူရင်မြို့တွင်
အင်္ဂလန်နှင့် ခြေသွေးမည် ဖြစ်သည်။
အီတလီအသင်းသည် နည်းပြ အန်တိုနီယို ကွန်တီလက်ထက်တွင် ရလဒ်၊ စွမ်းဆောင် ရည်နှင့်
နည်းစနစ်ပိုင်းတို့တွင် ဘက်စုံထောင့်စုံ တိုးတက်ခဲ့သည်။ နည်းပြကွန်တီ သည် အီတလီအသင်းကို
ယူရို ၂၀၁၆ ခြေစစ်ပွဲနားနီးမှ ကပ်ပြီးကိုင်တွယ်ရသောကြောင့် လေ့ကျင့်ပြင်ဆင်ချိန်
မလုံလောက် သော်လည်း ခြေစစ်ပွဲ သုံးပွဲဆက်တိုက် နိုင်လိုက်သည်။
အီတလီအသင်းသည် နည်းပြကွန်တီ လက်ထက်တွင် ခြေစစ်ပွဲ လေးပွဲ၊ ချစ်ကြည်ရေး
ပွဲနှစ်ပွဲ စုစုပေါင်း ခြောက်ပွဲကစားခဲ့ရာတွင် ချစ်ကြည်ရေးနှစ်ပွဲစလုံး နိုင်ခဲ့သည်။ ခြေစစ်ပွဲ
လေးပွဲတွင် သုံးပွဲနိုင်ပြီး တစ်ပွဲသရေကျသည်။ ရလဒ်အားဖြင့် ကောင်းမွန်သော်လည်း
ခြေစွမ်းအားဖြင့် ယခုထက် ပိုမိုတိုးတက်အောင် ပြုပြင်ရမည့်အပိုင်းများ ရှိနေသေး ကြောင်း
နည်းပြကွန်တီကိုယ်တိုင် ၀န်ခံ ထားသည်။
နည်းပြကွန်တီ လက်ထက်တွင် အီတလီ အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူဟောင်း
အနည်းငယ်ကိုသာ အသင်းကို ထိန်းကျောင်းရန် ထည့်သွင်းသုံးစွဲပြီး အများစု မှာ လူသစ်များ၊
လက်ရွေးစင်အသင်းတွင် ကာလအတန်ကြာ ပျောက်ကွယ်သွားသူများ နှင့် ကလပ်အသင်းတွင်
တစ်ဟုန်ထိုး ခြေစွာလာ၍ လက်ရွေးစင်အသင်းတွင် ခြေချခွင့်ရသူများ ဖြစ်ကြသည်။
နည်းပြကွန်တီသည် ခြေစစ်ပွဲလေးပွဲအတွင်း တိုက်စစ်မှူးပေါင်း ငါးယောက်ကိုသာ ခေါ်ယူ
သုံးစွဲခဲ့သည်။ ထူးခြားချက်မှာ ကွန်တီ နည်းပြဖြစ်လာပြီးနောက် နာမည်ကျော် တိုက်စစ်မှူး
မာရီယို ဘာလော့တယ်လီကို ခြေစစ်ပွဲများအတွင်း တစ်ပွဲမျှ ခေါ်ယူသုံးစွဲမှု မရှိခြင်း ဖြစ်သည်။
အလားတူ ၂၀၁၄ ကမ္ဘာ့ ဖလားတွင် ပါ၀င်ခဲ့သော ၀ါရင့်တိုက်စစ်မှူး ကာဆာနိုကိုလည်း
ပြတ်ပြတ်သားသား 'ခေါက်'ထားခဲ့သည်။ ခြံုငုံကြည့်လျှင် အီတလီတိုက်စစ်သည် တိုးတက်မှု
အထိုက်အလျောက် ရှိသော်လည်း အားရကျေနပ်ဖွယ်အနေအထားသို့ မရောက်သေးပေ။
အထူးသဖြင့် ခြေစစ်ပွဲများတွင် အုပ်စု အဓိကပြိုင်ဘက် ခရိုအေးရှားနှင့် အိမ်ကွင်း၌
ယှဉ်ပြိုင်သောအခါ ဘောလုံးပိုင်ဆိုင်မှု အသာစီးမရသကဲ့သို့ အင်မိုဘီ-ဇာဇာ တိုက်စစ်တွဲကို
ခရိုအေးရှားနောက်တန်းက စနစ်တကျ လူကပ်ထိန်းချုပ်နိုင်တာကို တွေ့ရသည်။
၃-၅-၂ ကစားကွက်ကို အသုံးပြုသော အီတလီနည်းပြကွန်တီသည် ခြေစစ်ပွဲများ အတွင်း
ကွင်းလယ်ကစားသမား ၁၃ ယောက် ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ယေဘုယျအားဖြင့်
အီတလီကွင်းလယ်သည် တည်ငြိမ်မှုရှိပြီး ဘောလုံးပိုင်ဆိုင်မှု ကောင်းမွန်စေရန်နှင့်
ခံစစ်လုံခြံုစေရန်တို့ကို ပိုမိုအားပြုသည်။ တိုက်စစ်မှူးများကို ချိတ်ဆက်ပံ့ပိုးရာတွင်မူ ကွင်းလယ်သည်
အားနည်းချက် အနည်းငယ် ရှိသေးသည်။
သို့ရာတွင် ကွင်းလယ်လူများ စုဖွဲ့ပြီး စမနျျငညါ လုပ်ရာ ကောင်းမွန် သေသပ် သောကြောင့်
အီတလီကွင်းလယ်သာ အမှန် တကယ် 'ညှစ်' သောပွဲများတွင် တစ်သင်းလုံး ၏ စွမ်းဆောင်ရည်
တိုးတက်လာသည်။ သုံးယောက်ခံစစ်ပုံစံကို အသုံးပြုသော အီတလီခံစစ်ကြောင်းသည်
ခြေစစ်ပွဲလေးပွဲ အတွင်း နောက်ခံလူခုနစ်ယောက်ကို ထည့်သွင်း အသုံးပြုခဲ့သည်။ လက်ရှိ
အီတလီနောက်တန်း တွင် အသက်အကြီးဆုံးအဖြစ် ချီလီနီ တစ်ယောက်သာ ပါ၀င်ပြီး
ကျန်ကစားသမား များမှာ အရွယ်ကောင်းများ ဖြစ်ကြသည့်အလျောက် ကစားအား၊ ပြေးအား၊
ဖျက်အား များ ကောင်းမွန်ကြသည်။
ယခုတစ်ခေါက် ကစားမည့် ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများအတွက် အီတလီအသင်း လူ စာရင်း
ထွက်ပေါ်လာသောအခါ အဓိက နောက်ခံလူအားလုံး ပါ၀င်သည့်အပြင် လက်ရွေးစင်အသင်းက
အတန်ကြာ ပျောက်ကွယ်သွားသော ဂျူဗင်တပ်နောက်ခံလူ ဘာဇာဂလီယာနှင့် တိုရီနိုတွင်
ခြေစွမ်းပြလာ သော မိုရက်တီတို့ကို ခေါ်ယူထားသည်။ အီတလီရှေ့တန်းတွင် အဓိကတိုက်စစ်မှူး
သုံးယောက်ဖြစ်သော အင်မိုဘီလီ၊ ဆီမြွန်နီ ဇာဇာ၊ ပယ်လေးတို့ ပါ၀င်ပြီး ခြေစစ်ပွဲ တစ်ပွဲမျှ
မကစားဖူးသေးသော နာပိုလီတိုက်စစ်မှူး ဂတ်ဘီယာဒီနီကို ခေါ်ယူထားသည်။ တစ်ဖန်
ကလပ်ပွဲစဉ်များတွင် ခြေစွာလာသော ဆမ်ဒိုး ရီးယားတိုက်စစ်မှူး အီဒါနှင့် ပါလာမို တိုက်စစ်မှူး
ဗက်ဇ်ကေးတို့ကိုလည်း အီတလီ အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူ ထားသည်ကို
တွေ့ရသည်။
ထူးခြားသည်မှာ ထိပ်တန်းအသင်းကြီးများ ဖြစ်ကြသော ဂျူဗင်တပ်၊ ရိုးမား၊ အေစီမီလန်တို့တွင်
ပါ၀င်ကစားနေသော အီတလီ တိုက်စစ်မှူးများ တစ်ယောက်မျှ မပါ၀င်ခြင်း ဖြစ်သည်။ ခြံုငုံကြည့်လျှင်
အောက်တိုဘာ ၂၈ နှင့် အောက်တိုဘာ ၃၁ ရက်များတွင် ခြေစစ်ပွဲ၊ ချစ်ကြည်ရေးပွဲများ
ကစားမည့် အီတလီ အသင်း လူစာရင်းတွင် ယခင်ခြေစစ်ပွဲများ၌ ခြေစွာခဲ့ကြသော
အဓိကဘောလုံးသမား အားလုံးကို ခေါ်ယူပြီး အထိုင်ချထားသည်ကို တွေ့ရသည်။ အထူးသဖြင့် အီတလီနောက်တန်းသည် ခြေစွမ်းထက်မြက်လာသူများကို ခေါ်ယူအားဖြည့်သည်မှလွဲပြီး
လူဟောင်းအားလုံးပါ၀င်နေသောကြောင့် ခံစစ်ကြောင်း တည်ငြိမ်ပြီး ခံစစ်အားပြုသော ပုံစံဘက်ကို
ဦးတည်၍ ကစားကွက် ဖော်ဆောင်သွားမည် ဟု ယူဆရသည်။ ရှေ့တန်းတွင်မူ အဓိက
တိုက်စစ်မှူး သုံးယောက်ကို ထည့်သွင်းထားသောကြောင့် အီတလီတိုက်စစ်သည် အနည်းငယ်
နှေးကွေး ပြီး တည်ငြိမ်မှုရှိသည်ဟု ကောက်ချက်ဆွဲနိုင်သည်။ သို့ရာတွင် လက်ရွေးစင်
အသင်းတွင် ပထမဆုံး ခေါ်ယူခံရသူ နှစ်ယောက်အပါအဝင် လူသစ်သုံးယောက် ပါ၀င်နေသော
ကြောင့် အင်္ဂလန်နှင့် ချစ်ကြည်ရေးပွဲတွင် ၎င်းတို့ကို ထည့်သွင်းစမ်းသပ်မည်ဟု ယူဆ မိသည်။














