လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွား တဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ပြောခဲ့တဲ့
စကားတစ်ခွန်းရှိပါတယ်။ သူ ပရီမီယာလိဂ် က ထွက်ခွာသွားရခြင်း အကြောင်းထဲမှာအင်္ဂလိပ်
မီဒီယာတွေကို ကြောက်ရွံ့ခြင်းဟာ လည်း တစ်ခုအပါအဝင်ပါလို့ ပြောခဲ့ပါတယ်။
သူကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချီလီနီကိုကိုက်ဆွဲခဲ့တဲ့ ဖြစ်ရပ်အပေါ် အင်္ဂလိမ်မီဒီယာတွေက
သူ့ကို ၀ိုင်းဖဲ့ကြလို့ ဖြစ်ပါတယ်။
သူ့အကြောင်း ပြောတဲ့အခါတိုင်း ဒီကိစ္စက မပါမဖြစ်ပါနေခဲ့ ပါတယ်။ အခုအခါမှာတော့
အင်္ဂလိပ်မီဒီယာ တွေ ခံတွင်းတွေ့ ဖော်ပြနေသူတစ်ယောက်ပေါ်လာပြန်ပါတယ်။
သူတို့ခံတွင်းတွေ့နေသူက အင်္ဂလိပ်လူမျိုး စပါးတိုက်စစ်မှူးပဲဖြစ်ပါ တယ်။ ဒီတစ်ခါမှာတော့
စပါးတိုက်စစ်မှူးကို အကောင်းမြင်နဲ့ ချီးကျုးရေးသားဖော်ပြနေကြတာပါ။
ကွင်းထဲဝင် လာလို့ ၆၉ စက္ကန့်အကြာ၊ ဘောလုံးကို သုံးကြိမ်သာထိထားချိန်၊ ဂိုးတစ်ဂိုး
သွင်းသူလို့ဆိုပြီး ရေးသားနေကြသလို အင်္ဂလန်ရဲ့ မျှော်လင့်ခြင်းခရီးရှည်အတွက် အားကိုးရမယ့်
သူဆိုပြီးတော့ကို ဖော်ပြနေခဲ့ ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန် နဲ့ လစ်သူယေးနီးယား
တို့ပွဲမှာ သူဟာ အင်္ဂလန် စီနီယာအသင်းနဲ့ ပထမဆုံး ကစားခဲ့ရသူဖြစ် သလို အဲဒီပထမဆုံးပွဲမှာ
ဂိုးပါသွင်းလိုက်နိုင် တာကြောင့်ပဲဖြစ်ပါတယ်။
သူ့ဟာ မနှစ်ကရာသီတုန်းကတော့ တော့တင်ဟမ် ဟော့ စပါးမှာ နေရာရခဲ့ တဲ့ ကစား သမား
မဟုတ်ခဲ့ပါဘူး။ ယာယီနည်းပြ တင်ရှားဝုဒ် ကိုင်တော့မှ သူဟာ ကြိုးကြားကြိုးကြား ကစားခဲ့ရတဲ့
တိုက်စစ်မှူးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ၀ှုိက်ဟတ်လိန်းပရိသတ်တွေကို မိတ်ဆက်ပေးခဲ့သူဟာ တင်ရှား
၀ုဒ်ဖြစ်တာကိုတော့ မေ့ထားလို့မရပါဘူး။ ဒီနွေရာသီမှာ ၀ိှုက်ဟတ်လိန်းကို ပိုချက်တီနိုရောက်လာတော့မှ
သူဟာစပါးအသင်းမှာ ပုံမှန်နေရာ တစ်ခုပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကြောင့်
နောက်ဆုံးမှာ အဒီဘာယော၊ ဆိုဒါဒိုတို့ နေရာပျောက်ခြင်း နဲ့ တွေ့သွားခဲ့ကြရပါတယ်။
သူ့ရဲ့ခြေစွမ်းက တစ်ပွဲတစ်မျိုးမဟုတ်ဘဲ ပုံမှန်ခြေစွမ်းပြ ကစားနိုင်ခြင်းက နောက်ဆုံးတော့
အင်္ဂလန်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး ဘဝကို ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။
သူကတော့ ဟယ်ရီကိန်းဆိုတဲ့ အင်္ဂလိပ်ကစားသမားပဲဖြစ်ပါတယ်။ သူ့ရဲ့ကစားဟန် က
တစ်ခါတုန်းကခြေစွမ်းပြခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး အလန်ရှီးယားကို သတိရစရာ ဖြစ်လာစေခဲ့ပါတယ်။
ဒီရာသီမှာ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ဟယ်ရီကိန်းဟာ ၂၉ ဂိုးသွင်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပရီမီယာလိဂ်မှာ သူဟာ ထိပ်ဆုံး က ဦးဆောင်နေတဲ့ အဂွေရိုကို ကျော်ဖြတ်သွား ပြီး ဒီယေဂိုကော်စတာကို
အမီလိုက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီယေဂိုကော်စတာလည်း ၁၉ ဂိုး၊ ဟယ်ရီကိန်းကလည်း ၁၉ ဂိုးနဲ့
အပြိုင်အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဒီလိုအနေအထားကို ရောက်လာ
မယ်လို့ အများစုက ထင်မှတ်မထားခဲ့ပါဘူး။
သူ့ရဲ့ခြေစွမ်းက ဒီတစ်ရာသီလုံး တည်ငြိမ်နေတဲ့အတွက် အခုလို ထိပ်တန်းကို ရောက်လာတာ
ဖြစ်ပြီး အင်္ဂလန် နည်းပြ ရွိုင်းဟောက် ဆန်ဟာ အင်္ဂ လန်အသင်းအတွက် ချန်ထား လို့မရ
ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာ ရွန်နေ၊ ၀ဲလ်ဘက်၊ စတားရစ်ချ်တို့ဟာ ကိန်းနဲ့
ယှဉ်လိုက်ရင်တော့ စီနီယာတွေပဲ ဖြစ်ပါ တယ်။ ဒီလိုစီနီယာတွေ ရှိနေတဲ့ကြားကပဲ ရွိုင်းဟောက်ဆန်ဟာ
ဟယ်ရီကိန်းကို ရွေးရ တယ်ဆိုတာ သူ့ရဲ့ထိပ်တန်းစွမ်းရည်ကြောင့် ဆိုတာ ထင်ရှားနေပါတယ်။
ရွိုင်းဟောက်ဆန် ဟာ ၂၀၁၆ ပြင်သစ်ယူရိုပြိုင်ပွဲမှာ ရွန်နေနဲ့ ဟယ်ရီကိန်းကို တွဲပေးဖို့ အခု
ကတည်းက ပြင်ဆင်လာနေပြီဖြစ်ပါတယ်။ အရပ်အမောင်း၊ အလိမ်အခေါက်၊ အဆုံးသတ်၊
ဖရီးကစ်၊ ပင်နယ်တီတို့ကို အကောင်းဆုံးလုပ်ပြနိုင်သူဖြစ်လို့ သူဟာ ၀ှုိက်ဟတ်လိန်းရဲ့ အဖိုးတန်
တိုက်စစ်မှူးဖြစ်လာဖို့ကလည်း လက်တစ်ကမ်း အလိုမှာ ရှိနေပြီဖြစ်ပါတယ်။
စပါးဟာ တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို ငွေကြေးအမြောက်အမြားရရှိသွားခဲ့ပြီးမှာ
ဟယ်ရီကိန်း ဟာ ဘေးလ်လို နောက်ထပ်ငွေကြေးအများ အပြားရှာဖွေပေးဦးမယ့်
ကစားသမားဖြစ်လာ တော့မယ့်သူပဲဖြစ်ပါတယ်။
သူ့အသက်က အခုမှ ၂၁ နှစ်ပဲရှိသေးတာ ပါ။ အရင်ကသူဟာ ယူဪ၂၁ အင်္ဂလန်လက်ရွေး
စင်အသင်းမှာပဲ ကစားနေရသူပါ။ ရွန်နေတို့ အုပ်စုထဲကို ၀င်တိုးလို့မရခဲ့ပါဘူး။ အခုတော့
သူ့ရဲ့အကောင်းဆုံးခြေစွမ်းကြောင့် ၀ဲလ်ဘက်၊ စတားရစ်ချ်တို့အတွက်တော့ မျက်ခုံးလှုပ်
လာနေပြီဖြစ်ပါတယ်။ သူ့အရည်အချင်းက ၀ဲလ်ဘက်၊ စတားရစ်ချ်တို့ထက် မနိမ့်တဲ့အနေ
အထားမှာရှိနေပြီး သာချင်တောင်သာတဲ့ အနေအထားမှာရှိနေပါတယ်။ သူဟာ တော့
တင်ဟမ်ဟော့စပါးအသင်းက မွေးထုတ်ထား တဲ့ home-grown player ဖြစ်နေတဲ့အတွက်
၀ှုိက်ဟတ်လိန်းအတွက်တော့ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ "စပါးက မွေးထုတ်ပေးတာ
ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်ရယ်၊ မေဆန်ရယ်၊ ဒန်နီရိုစ်ရယ်၊
ဘန်တာလက်ရယ်၊ အင်ဒီတောင်ဆန်ရယ် တို့ပါ မွေးဖွားပေးခဲ့တာပါ။
အခုစပါးမှာ အတူ တကွ အကောင်းဆုံးကစားနေကြပါတယ်"လို့ ဟယ်ရီကိန်းက
ရိုးသားစွာပြောဆိုထား ခဲ့ပါတယ်။ သူတို့နဲ့အတူကစားဖူးရင် သူတို့ အကြောင်းကို
သိလာကြမှာဖြစ်သလို အကောင်းဆုံးကစားနိုင်သူလည်းဖြစ်လာပါလိမ့်မယ်။ ကိုယ်နဲ့ကစား
ဖက်တွေနဲ့ မကစားရဘူးဆိုရင် အကောင်းဆုံးကစားနိုင်မှာ မဟုတ်ပါဘူးလို့
သူ့ကစားဖော်တွေရဲ့ အရည်အသွေးကိုထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စပါးမှာ ပိုချက်တီနိုနဲ့
မတွေ့ခင်အချိန်တွေက ဟာရီ ကိန်းဟာ စပါးကနေ အငှားနဲ့ နော်ဝစ်ချ်၊ လက်စတာ၊ လေတန်
အိုရီယန့်၊ မီဝေါလ်ကိုကျင်လည်ခဲ့ရသူပဲဖြစ်ပါတယ်။ အဲဒီအတွက်သူဟာ ထိပ်တန်းအဆင့်ကို
ရောက်လာမယ်လို့ ထင်မထားခဲ့ကြပါဘူး။
အင်္ဂလန်အတွက်ထင်ရှားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်ဟာ မန်ယူကနေ ပရက်စ်တန်ကို အငှားနဲ့သွား
ကစားခဲ့ရတာ။ ဂျွန်တယ်ရီဟာ ချယ်လ်ဆီးကနေ နော့တင်ဂမ်ဖောရက်စ်ကို တစ်လအငှားနဲ့
သွားကစားခဲ့ရ တာတွေရှိပေမယ့် ဟယ်ရီကိန်းလောက်တော့ အငှားနဲ့ ကလပ်အများအပြား
ကိုသွားပြီး မကစားခဲ့ရပါဘူး။ ဒါကြောင့် ဟယ်ရီကိန်း ခြေစွမ်းကို သံသယဖြစ်ခဲ့ကြတာပါ။
အခုတော့ သူကျော်လွှားနိုင်လိုက်ပြီဖြစ်ပါတယ်။ စပါးမှာ ရလာတဲ့ အခွင့်အရေးအပေါ်မှာ
သူဟာ အကောင်းဆုံး စွမ်းဆောင်သွားနိုင်ခဲ့တာ ကြောင့်ပဲဖြစ်ပါတယ်။ "စပါးစီနီယာအသင်းကြီးမှာ
၀င်ကစားလို့ရတဲ့ အနေအထားရှိနေခဲ့သူဟာ ဘာဖြစ်လို့ ကစားခွင့်မရရမှာလဲ။ ဒါဟာကျွန်တော့်ရဲ့
ယုံကြည်ထားမှုပဲဖြစ်တယ်။ ကျွန်တော့် ကစားသမားတိုင်းကို အခွင့်အလမ်းတန်းတူ
ပေးထားတယ်။ ကိုယ့်တန်ဖိုးကို ပြခွင့်ပေးထား ပါတယ်။ ရှုံးတဲ့ပွဲတွေတွေ့မယ်။
နိုင်တဲ့ပွဲတွေလည်းတွေ့မယ်။
ဒါပေမဲ့ ကစားဖို့ အသင့်ဖြစ်နေတဲ့သူတွေကိုဘာဖြစ်လို့ နေရာမပေးရ မှာလဲ"လို
့ ပိုချက်တီနိုရဲ့ သူ့ ကစားသမားတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တဲ့စကားပဲ
ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ ဖီလိုဆော်ဖီက အလားအလာ ရှိတဲ့ လူငယ်တွေကို
နေရာပေးထားတာပါ။ တကယ်လို့သာ ပိုချက်တီနိုလို လူငယ်တွေကို အားကိုးသူ
မန်နေဂျာမဟုတ်ဘဲ ၀ါရင့်တွေကိုအားကိုးတဲ့ မော်ရင်ညိုလို မန်နေဂျာမျိုးဆိုရင် တော့
ဟယ်ရီကိန်းဆိုတဲ့ လက်ရှိခြေစွမ်းပြနေ တဲ့ တိုက်စစ်မှူးဟာ ပေါ်ပေါက်လာမှာမဟုတ်
ဘဲ ဟိုရောက်ဒီရောက်နဲ့ လူမသိသူမသိ ပျောက်သွားမှာပဲဖြစ်ပါတယ်။
ဟယ်ရီကိန်း အနေနဲ့ ပိုချက်တီနို စပါးကိုရောက်လာတာဟာ မဟာကံကောင်းမှုပဲ
ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်က ပရီမီယာလိဂ်မှာ
အသက် ၁၉ နှစ်ဝန်းကျင်ရောက်လာပြီဆိုရင် လူငယ်ကစားသမားအများစုဟာ Blackhole ဆိုတဲ့ တွင်းနက်ကြီးတွေထဲ ပြုတ်ကျပြီးသေဆုံးရတယ်လို့ ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ အင်္ဂလိပ်လူငယ်တိုက်စစ်မှူး ဒေါမနစ်ဆိုလန်ကီဆိုရင်
ချယ်လ်ဆီး ယူ-၁၈ အသင်းမှာခြေစွမ်းပြကစားခဲ့တဲ့ လူငယ်လေးတစ်ဦးပါ။ မနှစ်က
ချယ်လ်ဆီးလူငယ်အသင်းမှာ ၂၅ ပွဲကစားပြီး ဂိုး ၂၀ သွင်းနိုင်ခဲ့ပြီး ၂၀၁၄ ရဲ့ English
Youth Player of the Year ရခဲ့သူဖြစ်ပေမယ့် အဲဒီလူငယ်လေးဟာ မော်ရင်ညိုအသင်းမှာ
နေရာမရရှိခဲ့ပါဘူး။
နောက်တစ်ယောက်က အသက် ၁၉ နှစ်ရှိ ချယ်လ်ဆီးကွင်းလယ်သမား ရူဘင် လော့တပ်ချိပ်ဆိုရင်လည်း ခြေစွမ်းပြကစားနိုင်ပါလျက်နဲ့ မော်ရင်ညိုအသင်းမှာ
ကစားခွင့်မရရှာပါဘူး။ ချယ်လ်ဆီးလူငယ်အကယ်ဒမီဟာ လူငယ်ကစားသမားကောင်း
တွေ ထွက်လာပေမယ့် စီနီယာအသင်း မန်နေဂျာက သူ့အတွက် အသင့်သုံးနိုင်တဲ့
ထိပ်တန်းကစားသမားတွေပဲ သုံးနေတဲ့အတွက် စတီဖင်ဟော့ကင်းရဲ့ တွင်းနက်ကြီးတွေ
ထဲကျပြီး မထင်မရှားဖြစ်နေခဲ့ကြတာကို ဖီးလ်နဗီးလ်က ထောက်ပြပြောဆိုသွားတာပါ။
တကယ်လို့သာ ဒီကစားသမားလေးတွေဟာ လူငယ်တွေသုံးတဲ့ အာဆင်နယ်၊ စပါး၊
ဆောက် သမ်တန်၊ လီဗာပူးတို့လိုအသင်းကြီးတွေမှာသာရှိခဲ့မယ်ဆိုရင် အခုဟာရီကိန်းဖြစ်လာ
သမျိုးဖြစ်လာမယ်လို့ ဖီးလ်နဗီးလ်က ယူဆ နေခဲ့ပါတယ်။ "ပရီမီယာလိဂ်အသင်းတွေထဲမှာ
ချယ်လ် ဆီးအကယ်ဒမီဟာ ကစားသမားကောင်းတွေပိုင်တဲ့အသင်းပါ။ အသက် ၁၈၊ ၁၉၊ ၂၀ တွေ၊
သူတို့ကစားတာမြင်ဘူးသလို သူတို့ကိုလည်း စောင့်ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ဟာ စီနီယာအသင်းကို
ရောက်မလာကြပါဘူး။ ဒါဟာ မှားယွင်းမှုပါပဲ"လို့ ဝေဖန်သွားခဲ့ပါ တယ်။ ဟယ်ရီကိန်းလည်း
ချယ်လ်ဆီးမှာဆိုရင် အခုလိုဖြစ်လာမှာ မဟုတ်ပါဘူးလို့ ဖီးလ်က ယုံကြည်နေခဲ့ပါတယ်။ အခုတော့
သူဟာ စပါးနဲ့ ပိုချက်တီနိုဖြစ်နေတဲ့အတွက် ထိပ်တန်း အဆင့်ကို ရောက်လာခဲ့ရတာပါ။
သူဟာဥရောပရဲ့ ထိပ်တန်းကစားသမားဖြစ်လာတော့မယ့် အရိပ်အယောက်တွေမြင်လာနေပြီ
ဖြစ်ပါတယ်။ မက်ဆီ၊ ရော်နယ်ဒိုတို့ ဂိုး ၄၀ သွင်းထားကြချိန်မှာ ဘာစီလိုနာက ငွေအများ
အပြားပေးဝယ်ထားတဲ့ နေမာ၊ ဆွာရက်ဇ်တို့ဟာ ဟယ်ရီကိန်းလောက် ဂိုးသွင်းထားနိုင်ခြင်း
မရှိသေးတာက ဟယ်ရီကိန်းဟာ နေမာ၊ ဆွာရက်ဇ်တို့နဲ့အပြိုင် ဖြစ်နေတယ်ဆိုတာကို
တွေ့ရမှာပဲဖြစ်ပါတယ်။ ကိန်းဟာ စုစုပေါင်း ၂၉ ဂိုးသွင်းချိန်မှာ ဆွာရက်ဇ်နဲ့ နေမာတို့ သွင်းဂိုးဟာ ၂၉ ဂိုးကိုမရောက်ကြသေးပဲ ဖြစ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ဟယ်ရီကိန်းဟာ
ဟက်ထရစ် သွင်းပြီး ဒီယေဂိုကော်စတာကို မီသွားပြီဖြစ် သလို အဂွေရိုကိုတောင်
ကျော်သွားတာက ၂၁ နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးဟာ တစ်ဟုန်ထိုး တောက်လာဦးမယ့်
သူဆိုတာ ထင်ရှားနေပါတယ်။ သူ့ရဲ့ ကစားဟန်ကြောင့် အလန်ရှီးယားကိုသတိရစရာဖြစ်ပေမယ့်
ဟယ်ရီကိန်းကြိုက်တဲ့ တိုက်စစ်မှူးက တက်ဒီရှရင်ဂန်ဖြစ်နေခဲ့ပါ တယ်။
"တက်ဒီကစားပုံကိုကြိုက်တယ်။ အထူးသဖြင့် သူ့ရဲ့နေရာယူပုံ အပိုင်းပါ။ ကျွန်တော်ကစားတဲ့ပွဲတိုင်း
တက်ဒီနေရာယူပုံ မျိုးနဲ့ပဲ ကစားခဲ့ပါတယ်။ သူဟာ ထူးကဲတဲ့ဂိုးတွေသွင်းခဲ့သလို တွဲဖက်တွေ
ဂိုးသွင်းနိုင် အောင်လည်း ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ကျွန်တော်လည်း သူ့လိုမျိုးဖြစ်အောင်
ကစားနေတာဖြစ်ပါတယ်။ သူဟာကျွန်တော့် ရဲ့စံပြပါ"လို့ ဟယ်ရီကိန်းက ပြောပြသွားခဲ့ပါ
တယ်။ စပါးဟာ ချန်ပီယံလိဂ်ဝင်ဖို့ခက်ခက် ခဲခဲ ရုန်းကန်နေရပေမယ့် ပိုချက်တီနိုဟာ
ထိပ်တန်းတိုက်စစ်မှူးကောင်းတစ်ယောက်ကို ရှာဖွေပေးနိုင်ခဲ့ပါပြီ။ ဒီရှာဖွေပေးနိုင်မှုက
စပါးအတွက်တင်မဟုတ်ဘဲ အင်္ဂလန်အတွက်၊ ကာယကံရှင်ကိန်းအတွက် အကျိုးဖြစ်ထွန်းခဲ့
လို့ ၀ိှုက်ဟတ်လိန်းကို အက်ဖ်အေက သဘော ကျနေမယ်လို့ယူဆနေမိပါရဲ့ ။















