မန်ယူကိုရှုံးပြီးတော့ အာဆင်နယ်ကိုဆက်ရှုံးဦးမှာလား လီဗာပူး

မန်ယူကိုရှုံးပြီးတော့ အာဆင်နယ်ကိုဆက်ရှုံးဦးမှာလား လီဗာပူး

အာဆင်နယ်- လီဗာပူး
စနေ၊ ညနေ ၆း၁၅

ပြီးခဲ့တဲ့အပတ်က မန်ယူကို အိမ်ကွင်းမှာရှုံးခဲ့တဲ့ လီဗာပူးဟာ အခုတစ်ခါ အာဆင်နယ် နဲ့ ဆက်တွေ့ပြန်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါ အာဆင်နယ်ကွင်းမှာ တွေ့နေတာဖြစ်လို့ လီဗာပူးအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်နေ ခဲ့ပြန်ပါတယ်။ ၂၀၁၅ ထဲမှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ လီဗာပူးရစ်သမ် စပျက်လာ နေပါပြီ။ အာဆင်နယ်ကလည်း တောက်လျှောက်ခြေကောင်းနေပါတယ်။ တိုက်စစ် ရော၊ ခံစစ်ပါကောင်းနေလို့ လီဗာပူး ခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ လီဗာပူး ရှုံးပွဲ တွေ့ဦးမယ့်ပွဲဖြစ်သလို ဂိုးလည်းများမယ့်ပွဲ ဖြစ်ပါတယ်။

အဲဗာတန် - ဆောက်သမ်တန်
စနေ၊ ည ၈း၃၀

အဲဗာတန်က ကျူပီအာရ်ကိုနိုင်လို့ အဆင့် တက်လာပေမယ့် အမှတ်လိုနေပါသေးတယ်။ အိမ်ကွင်းဖြစ်လို့ သာသယောင်ရှိပေမယ့်ဆောက်သမ်တန်က အဝေးကွင်းမှာ ခံစစ် ကောင်းတဲ့ အသင်းဖြစ်နေလို့ အဲဗာတန် ဂိုးသွင်းဖို့ ခက်ခဲနိုင်ပါတယ်။ အကြိတ်အနယ် ဖြစ်လာနိုင်ပြီး သရေနဲ့ပြီးနိုင်တာကြောင့် ဒီပွဲမှာ ဂိုးအနည်းကိုရွေးတာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

လက်စတာ- ၀က်စ်ဟမ်း
စနေ၊ ည ၈း၃၀

လက်စတာခြေက မှန်းရခက်တဲ့ခြေစွမ်း ဖြစ်ပါတယ်။ စပါးကွင်းမှာ ရှုံးပေမယ့် အကောင်းဆုံးကစားနိုင်တာ တွေ့ရပါတယ်။အခုအိမ်ကွင်းဆိုတော့ ကစားအားတင်လာမှာ သေချာပါတယ်။ ၀က်စ်ဟမ်းက အဝေးကွင်း ကောင်းတဲ့ အသင်းမဟုတ်ပါဘူး။ သူလည်း ရှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီးမှ ပြီးခဲ့တဲ့ အပတ်က နိုင်ပွဲပြန်ရသွားပါတယ်။ လက်စတာ ကို ရွေးရမယ့်အချိန်လို့ မြင်နေမိပါတယ်။

၀က်စ်ဘရွန်း-ကျူပီအာရ်
စနေ၊ ည ၈း၃၀

၀က်စ်ဘရွန်းက ၃၃ မှတ်၊ ကျူပီအာရ်က ၂၂ မှတ်ရထားပါတယ်။ ၀က်စ်ဘရွန်း အမှတ် ပြည့်ရအောင် ကစားရမယ့် အဓိကကျတဲ့ပွဲ ဖြစ်ပါတယ်။ ကျူပီအာရ်က လက်ထောက်နည်းပြနဲ့ ခရီးဆက်နေရာမှာ တစ်ပွဲသာ နိုင်ထားပြီး ငါးပွဲဆက်တိုက် ရှုံးထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်ရင် ၀က်စ်ဘရွန်း စိတ်ချရသလောက် ဖြစ်မှာမို့ ဘရာဟီနိုတို့ အကောင်းဆုံးကစားပြပါလိမ့်မယ်။ ၀က်စ် ဘရွန်းကို ရွေးလိုက်ပါ။

ဆွမ်ဆီး- ဟားလ်စီးတီး
စနေ၊ ည ၈း၃၀

ဆွမ်ဆီးက နောက်ဆုံးပွဲမှာ ဗီလာကို နိုင် ထားပါတယ်။ ကစားပုံကောင်းပြီး အဆုံးသတ် ပိုင်းအားနည်းနေပါတယ်။ ကွင်းလယ်ကစားအားကိုအဓိကအားထားတဲ့ အသင်းဖြစ်လို့ ဟားလ်စီးတီးဟာ အဝေးကန်ပို့ပြီးသာ တိုက်စစ်ဆင်ရပါမယ်။ ဟားလ်စီးတီးဟာ အဝေးကွင်းမှာ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက် နေတဲ့ အသင်းဖြစ်ပါတယ်။ အခုလည်း မလွယ် ပါဘူး။ ဆွမ်ဆီးနဲ့ ဂိုးအနည်းကို ရွေးရမှာပါ။

မန်ယူ - ဗီလာ
စနေ၊ ည ၈း၃၀

မန်ယူဟာ လီဗာပူးကို နိုင်လိုက်တဲ့အတွက် ယုံကြည်မှု ပိုပြီးပြည့်ဝသွားပြီ ဖြစ်ပါတယ်။ ဗီလာက ရုန်းကန်နေရဆဲအသင်း ဖြစ်ပါ တယ်။ မန်ယူက အရေးကြီးတဲ့ စပါးနဲ့ပွဲ၊ လီဗာပူးနဲ့ပွဲတွေမှာ အကောင်းဆုံးကစားနိုင် ပြီး အမှတ်ပြည့်ရခဲ့လို့ မန်ယူဟာ တည်ငြိမ်လာ နေတဲ့အသင်းဖြစ်ပါတယ်။ မန်ယူ ဂိုးပြတ် အနိုင်ရဦးမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီး - စတုတ်
စနေ၊ ည ၁၁းဝဝ

ချယ်လ်ဆီးဟာပြီးခဲ့တဲ့အပတ်က ဟားလ်စီးတီးကို ခက်ခက်ခဲခဲကစားပြီး အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီး အိမ်ကွင်းကစားတာ ကောင်းပေမယ့် ဂိုးသွင်းတဲ့အပိုင်းမှာ အားနည်းမှုရှိနေပါတယ်။ စတုတ်ကို လျှော့တွက် လို့ မရပါဘူး။ မန်စီးတီး၊ စပါးတို့ကို အဝေးကွင်း မှာ အနိုင်ကစားထားပါတယ်။ ချယ်လ်ဆီးရဲ့ အနိုင်က သုံးဂိုးမပြတ်နိုင်လို့ စတုတ်က နေရ မယ့်ပွဲဖြစ်ပါတယ်။

ဘန်လေ - စပါး
တနင်္ဂနွေ၊ ည ရးဝဝ

ဘန်လေက ရုန်းအားတော့ရှိပါတယ်။ ဒါပေမဲ့ ကစားချိန်ကြာလာရင် ခံစစ်က အားလျော့သွားတာ တွေ့ရပါတယ်။ ကြည့်လိုက်ရင် စပါးသာသယောင်ရှိပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ဂိုးတွေသွင်းနေတော့ ဘန်လေကိုနိုင်မှာပဲလို့ တွက်ဆနိုင်ပေမယ့် ဂိုးပြတ်အနိုင်ရဖို့ ခက်ခဲမယ့်ပွဲဖြစ်လာနိုင်ပါ တယ်။ ဘန်လေကို ရွေးသင့်ပါတယ်။

ဆန်းဒါးလန်း - နယူးကာဆယ်
တနင်္ဂနွေ၊ ည ၉း၃၀

ဆန်းဒါးလန်း အခြေအနေဆိုးနေပါတယ်။ ခုနစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။ နယူးကာဆယ်ကလည်း လက်ထောက်နည်းပြ နဲ့ ခရီးဆက်ရာမှာ အခြေအနေဆိုးနေတဲ့အသင်းဖြစ်ပါတယ်။ နှစ်သင်းစလုံး ခံစစ်တွေ ဆိုးဆိုးရွားရွားဂိုးပေးနေရလို့ ဒီပွဲက နှစ်ဖက် အပြန်အလှန်ဂိုးတွေ သွင်းနိုင်တဲ့ပွဲ ဖြစ်ပါ တယ်။ မြောက်ပိုင်းဒါဘီပွဲလည်း ဖြစ်နေလို့ ကစားပုံ ပိုပြင်းထန်မယ့်ပွဲလည်းဖြစ်ပါတယ်။ ဂိုးအများကို ရွေးသင့်တဲ့ပွဲဖြစ်ပါတယ်။

ပဲလေ့စ် - မန်စီးတီး
အင်္ဂါ၊ နံနက် ၁း၃၀

ပဲလေ့စ်က နှစ်ပွဲဆက်တိုက်အနိုင်ရလိုက် တဲ့အတွက် ဒီရာသီပရီမီယာလိဂ်မှာ တင်ကျန် ဖို့ သေချာသွားပြီဖြစ်ပါတယ်။ အခု ၃၆ မှတ် ရထားပြီဖြစ်သလို အဆင့်(၁၁)မှာ ရပ်တည်နေပါတယ်။ မန်စီးတီးက အထနှေးတဲ့ အသင်းဖြစ်လို့ ပဲလေ့စ်ဟာ ပွဲအစမိနစ် ၂၀ အတွင်းမှာ ကစားအားတင်ပါလိမ့်မယ်။ ဒုတိယပိုင်းရောက်မှ မန်စီးတီး ကစားကွက်ငြိမ်ငြိမ်နဲ့ ကစားရနိုင်ပါတယ်။ မန်စီးတီးနိုင် မယ်ဆိုရင် ဂိုးမပြတ်နိုင်ပါဘူး။ ဒါကြောင့် အိမ်ရှင်ကိုပဲကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး