နီပွန်ဖောင်ဒေးရှင်း ယူ-၁၅ ဗိုလ်လုပွဲ အထက်မြန်မာပြည် နှစ်သင်းဖြစ်သော မန္တလေးနှင့် စစ်ကိုင်းတို့ ထိပ်တိုက်တွေ့ဆုံ

နီပွန်ဖောင်ဒေးရှင်း ယူ-၁၅ ဗိုလ်လုပွဲ အထက်မြန်မာပြည် နှစ်သင်းဖြစ်သော မန္တလေးနှင့် စစ်ကိုင်းတို့ ထိပ်တိုက်တွေ့ဆုံ

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ပြုလုပ်
ကျင်းပပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်းက ကူညီ ပံ့ပိုးပေးသည့်MFF Nippon Foundation U-15
၂၀၁၅ ပြည်နယ်နှင့် တိုင်းဒေသကြီး ကျောင်းပေါင်းစုံ လူငယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌
အထက်မြန်မာပြည်အသင်း နှစ်သင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အသင်းနှင့်
စစ်ကိုင်းတိုင်းဒေသကြီး အသင်း တို့ ထိပ်တိုက်တွေ့ဆုံနေသည်။

အဆိုပါ ဗိုလ်လုပွဲကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်၊ ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏ
မြက်ခင်းတုကွင်း အမှတ်(၃) တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်
ပြိုင်ပွဲများမှာ အကြိတ်အနယ်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသ ကြီးအသင်းက ရှမ်းပြည်နယ်
(အရှေ့)အသင်း ကို ၈ဪဝ ဂိုးဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက
ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၂-၁ ဂိုးဖြင့် လည်းကောင်း ခြေစွမ်းပြ အနိုင်ယူပြီး
ဗိုလ်လုပွဲသို့ ထိုက်ထိုက် တန်တန် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တတိယနေရာလုပွဲအဖြစ်
ဧပြီလ ၈ ရက်နေ့၊ နံနက် ၈ နာရီတွင် မြက်ခင်းတုကွင်း အမှတ် (၃) ၌ ရှမ်းပြည်နယ်
(အရှေ့)အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ ဗိုလ်လုပွဲအပြီး ဆုပေးပွဲ အခမ်းအနား ပြုလုပ်ကျင်းပသွားမည် ဖြစ် သည်။

ယင်းပြိုင်ပွဲကြီးတွင် ဗိုလ်စွဲသည့် အသင်းမှာ ဆုဖလား ချီးမြှင့်ခံရမည်ဖြစ်ပြီး ရွှေဆွဲပြားနှင့်အတူ
ဆုကြေးငွေ ကျပ်သိန်း ၂၀၊ ဒုတိယရရှိသည့် အသင်းမှာ ငွေဆွဲပြားနှင့် ဆုကြေးငွေ
ကျပ် ၁၀ သိန်း၊ တတိယ ရရှိ သည့် အသင်းမှာ ကျပ်ငါးသိန်းချီးမြှင့် ခံရ မည် ဖြစ်သည်။
ပြိုင်ပွဲတစ်လျှောက် အကောင်း ဆုံး ကစားသမားဆုအတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေ
ကျပ်တစ်သိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးဆု ၊ အကောင်းဆုံး ကွင်းလယ်
ကစားသမားဆု၊ အကောင်းဆုံး ခံစစ် ကစားသမားဆု၊ အကောင်းဆုံး ဂိုးသမား ဆုများ
အတွက် ဆုကြေးငွေကျပ်တစ်သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။ နီပွန်ဖောင်ဒေးရှင်း ယူ-၁၅
ဘောလုံး ပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ လူငယ်လေ့ကျင့်ရေးစခန်း
မြက်ခင်း တုကွင်းများတွင် ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများက အသင်း ၁၈ သင်း
၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး