ဆွမ်ဆီး- အဲဗာတန်
စနေ၊ ညနေ ၆း၁၅
ဆွမ်ဆီးက ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ ဟားလ်စီးတီးကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
အခုလည်းအိမ်ကွင်းမှာ ဆက်ကစားရမှာဖြစ်လို့ ဆွမ်ဆီးကစားအားကို သတိပြုရမှာ
ဖြစ်ပါ တယ်။ အဲဗာတန်ကလည်း ဆောက်သမ်တန် ကို အိမ်ကွင်းမှာ အနိုင်ရထားတဲ့
အသင်းဖြစ်ပါ တယ်။ တစ်ခုရှိတာက အဝေးကွင်းရောက်ရင် အဲဗာတန်ဟာ ခံစစ်ကို
ဦးစားပေးကစားလေ့ ရှိတာကြောင့် ဆွမ်ဆီးက ဟားလ်စီးတီးနဲ့ပွဲလိုမျိုး ကစားလို့ရမှာ
မဟုတ်ပါဘူး။ ဘောလုံး အပျက် များမယ့်ပွဲဖြစ်ပါတယ်။ ဂိုးအနည်း ကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။
၀က်စ်ဘရွန်း- လက်စတာ
စနေ၊ ည ၈း၃၀
ပြီးခဲ့တဲ့အပတ်က ၀က်စ်ဘရွန်းဟာ အိမ်ကွင်းမှာ ကျူပီအာရ်ကို ဂိုးပြတ်ရှုံးသွား တာ
အတော်နစ်နာပါတယ်။ အခုလည်း အိမ်ကွင်းမှာပဲ ဆက်ကစားရမှာဖြစ်လို့ ဒီပွဲဟာ
၀က်စ်ဘရွန်းအတွက် အရမ်းအရေးပါတဲ့ပွဲ ဖြစ်နေပါတယ်။ လက်စတာကတော့ ပြီးခဲ့တဲ့
အပတ်ကအိမ်ကွင်းမှာ ၀က်စ်ဟမ်းကိုအနိုင် ကစားလိုက်လို့ စိတ်ဓာတ်တက်သွားပါ
တယ်။ တိုက်စစ်ကိုဦးစားပေးပြီး လက်စတာကစားသွားတာကို တွေ့ရပါတယ်။
လက်စတာဖောင်ဖျက်ကစားနေတယ်လို့ မြင်မိလို့ ဒီပွဲဟာ အသင်းမရွေးဘဲ ဂိုးအများကိုပဲ
ရွေးသင့်ပါတယ်။
စပါး - ဗီလာ
စနေ၊ ည ၈း၃၀
စပါးဟာ ချန်ပီယံလိဂ်ဝင်ဖို့ မျှော်လင့်ချက် ရေးရေးရှိထားလို့ အိမ်ကွင်းမှာ ဗီလာကိုပေါ့ပေါ့ဆဆ
ကစားလာမယ် မထင်ပါဘူး။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ အဲရစ်ဆင်၊
အင်ဒီတောင်ဆန်၊ မေဆန်တို့ ကစားအား တင်ကစားလာနိုင်ပါတယ်။ ဗီလာ ကလည်း
တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ အသင်းဖြစ်လို့ အခုပွဲကို သတိထားပြင်ဆင် လာနိုင်ပါတယ်။
ဗီလာခြေက မှန်းရခက်တဲ့ ခြေ ဖြစ်ပါတယ်။ ကစားကောင်းတဲ့နေ့ဆိုရင် ဗီလာဟာ ထိန်းရခက်
တဲ့အသင်းမျိုးဖြစ်ပါ တယ်။ အခုပွဲမှာ ဗီလာ သရေတစ်မှတ် ရရင်ပဲ တန်ဖိုးရှိလို့ ဗီလာခံစစ်ကို
ဦးစားပေး မယ်ထင်ပါတယ်။
ဆန်းဒါးလန်း- ပဲလေ့စ်
စနေ၊ ည ၈း၃၀
ဆန်းဒါးလန်းက နည်းပြအပြောင်းအလဲ တွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့အသင်း ဖြစ်ပါ တယ်။
အသင်းမှာ ကစားသမားကောင်းတွေရှိထားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းကစားဟန်
က မတည်ငြိမ်ပါဘူး။ ပဲလေ့စ်က တော့ နည်းပြပြောင်းပြီးမှ ကစားပုံက ချက်ချင်း ပြောင်းပြီး
အမှတ်တွေရထားတာ တန်းမဆင်း ရဖို့ တော်တော်သေချာနေပြီ ဖြစ်ပါတယ်။ ပဲလေ့စ်တိုက်စစ်ကို
လျှော့တွက်လို့ မရပါဘူး။ အခုပွဲမှာလည်း ပဲလေ့စ် တိုက်စစ်က ဂိုးသွင်း လာနိုင်လို့ ပဲလေ့စ်ကို
ကြိုက်ပါတယ်။
၀က်စ်ဟမ်း - စတုတ်
စနေ၊ ည ၈း၃၀
ဒီနှစ်သင်းက ပရီမီယာလိဂ်မှာ တင်ကျန်နေတဲ့အသင်းဖြစ်ပါတယ်။ အလယ်အလတ်နှစ်
သင်းတွေ့တဲ့ပွဲက ဘာဖိအားမှ မရှိပါဘူး။ ကစားပုံကလည်း နှစ်သင်းစလုံး တူညီကြပါ
တယ်။ ၀က်စ်ဟမ်းက အိမ်ကွင်းဖြစ်လို့ ပရိသတ်ကို အကောင်းဆုံးဖျော်ဖြေဖို့ လိုအပ်
ပါတယ်။ စတုတ်ဟာ ဒီပွဲမှာ ပိတ်ကစားမှာ မဟုတ်ပါဘူး။ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ပြီး
ကစားလာနိုင်ပါတယ်။ အခုပွဲမှာ ဂိုးအများကို ရွေးတာ အကောင်းဆုံးပါ။
ဆောက်သမ်တန် - ဟားလ်စီးတီး
စနေ၊ ည ၈း၃၀
ဆောက်သမ်တန်က တဖြည်းဖြည်းနဲ့ ကစားအားကျလာပါတယ်။ အထူးသဖြင့် တိုက်စစ်က
ဂိုးသွင်းအားကျလာပါတယ်။ ခံစစ်ပိုင်းမှာတော့ ဆောက်သမ်တန်ခံစစ် တည်ငြိမ်နေဆဲ ဖြစ်ပါ
တယ်။ ဟားလ်စီးတီး ကလည်း တန်းမဆင်းရဖို့ ဒီပွဲကို သတိထား ကစားရပါတော့မယ်။
ပြီးခဲ့တဲ့အပတ်က ဆွမ်ဆီးကွင်းမှာ ဂိုးပြတ်နဲ့ ရှုံးပွဲတွေ့ခဲ့ပါတယ်။ အခုပွဲမှာတော့ ဟားလ်စီးတီး
သတိထား ကစားလာနိုင်ပါတယ်။ ဂိုးအနည်းကို ရွေးသင့်တဲ့ပွဲဖြစ်ပါတယ်။
ဘန်လေ- အာဆင်နယ်
စနေ၊ ည ၁၁းဝဝ
အာဆင်နယ်က ရာသီအစပိုင်းနဲ့မတူဘဲ တော်တော်ကောင်းလာပါတယ်။ တိုက်စစ် က
အရမ်းကောင်းနေပါတယ်။ ဘန်လေက အိမ်ကွင်းကစားပုံကောင်းပါတယ်။ မန်စီးတီးကို
နိုင်ထားပါတယ်။ မန်ယူ၊ လီဗာပူးတို့နိုင် ပေမယ့် ပြတ်ပြတ်သားသား အနိုင်ရမထားပါဘူး။
အသင်းလိုက်ကစားအားကောင်းတဲ့ အသင်းဖြစ်ပါတယ်။ အာဆင်နယ်ကစားပုံက မန်ယူ၊
လီဗာပူးတို့နဲ့မတူဘဲတိုက်စစ်ပိုင်းမှာ အတွဲလိုက် ကစားအားကောင်းလို့ တိုက်စစ် ဖွင့်ကစားမယ့်
ဘန်လေခံစစ်ပေါက်သွားနိုင် ပါတယ်။ အာဆင်နယ် ဂိုးပြတ်နဲ့ အနိုင်ရနိုင် ပါတယ်။
ကျူပီအာရ်- ချယ်လ်ဆီး
တနင်္ဂနွေ၊ ည ရးဝဝ
ရှုံးပွဲဆက်နေတဲ့ ကျူပီအာရ်အသင်း ပြီးခဲ့တဲ့အပတ်က ၀က်စ်ဘရွန်းကွင်းမှာ ဂိုးပြတ်နဲ့ အနိုင်
ရသွားပါတယ်။ ကျူပီအာရ် တိုက်စစ်ဖွင့်ကစားနေပါတယ်။ ချယ်လ်ဆီး တိုက်စစ်က တဖြည်းဖြည့်
နဲ့ လျော့လာသလို ပါပဲ။ စတုတ်ပွဲမှာ နိုင်ခဲ့တာက စတုတ်ဂိုးသမား မှားခဲ့လို့ ချယ်လ်ဆီး
ဂိုးတွေသွင်းနိုင်တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အနေအထားနဲ့ တွဲလုံးကောင်းတွေ ပျောက်နေ
ပါတယ်။ ကျူပီအာရ်ကွင်းမှာ ချယ်လ်ဆီးခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ချယ်လ်ဆီးအနိုင်ရ
လည်း ဂိုးမပြတ်နိုင်လို့ ကျူပီအာရ်ကို ကြိုက် ပါတယ်။ ဂိုးလည်းများနိုင်ပါတယ်။
မန်ယူ -မန်စီးတီး
တနင်္ဂနွေ၊ ည ၉း၃၀
မန်ယူက အာဆင်နယ်ကိုရှုံးပြီးနောက်ပိုင်း မှာ နိုင်ပွဲတွေဆက်နေပါတယ်။ မန်ယူရဲ့ခြေစွမ်း
ပိုပြီးကောင်းလာပါတယ်။ ကွင်းလယ်ပိုင်းမှာ ပိုပြီးတည်ငြိမ်လာပါတယ်။ မာတာ၊ ဟာရဲရား
တို့ ဂိုးတွေသွင်းနိုင်တာကတော့ မန်ယူရဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။ မန်စီးတီးက ခြေမ
တည်ငြိမ်ပါဘူး။ ကောင်းတဲ့နေ့ဆိုကောင်း ပြီး ညံ့တဲ့နေ့ဆို ညံ့နေတတ်ပါတယ်။ မန်ယူက
လူငယ်များလို့ မန်စီးတီးနောက်တန်းက လူအိုကြီးတွေ အခက်တွေ့လာနိုင်ပါတယ်။ ပြီးတော့
ဒီပွဲကဒါဘီပွဲဖြစ်နေလို့ အကြိတ်အနယ်ဖြစ်ပြီး နှစ်ဖက်ဂိုးတွေသွင်းမယ့်ပွဲ ဖြစ်ပါတယ်။ ဂိုးအများက
အသေချာဆုံးဖြစ် ပါတယ်။ အသင်းကတော့ မန်ယူကိုပဲ ရွေးရမှာ ဖြစ်ပါတယ်။
လီဗာပူး-နယူးကာဆယ်
အင်္ဂါ၊ နံနက် ၁း၃၀
ခြေကောင်းနေတဲ့လီဗာပူးဟာ နှစ်ပွဲဆက်တိုက်ရှုံးပွဲဆက်သွားပါတယ်။ မန်ယူကိုရှုံး၊
အာဆင်နယ်ကိုရှုံးပြီး ခြောက်ဂိုးအသွင်းခံလိုက်ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ တောင်
မှေးမှိန်သွားပါတယ်။ နယူးကာဆယ် က အဝေးကွင်းမှာ ကစားပုံကောင်းတဲ့အသင်း
မဟုတ်ပါဘူး။ နယူးကာဆယ် ခံစစ်ပိုင်း ဘယ်လောက်ကောင်းမလဲ စောင့်ကြည့်ရ
မယ့်ပွဲဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဂိုးသွင်းမခံရတဲ့ပွဲက ငါးပွဲသာရှိတဲ့အတွက် အခုပွဲမှာလည်း
လီဗာပူး ဂိုးပေးရနိုင်လို့ လီဗာပူး အနိုင်က မပြတ်သားပါဘူး။














