လာဇီယို-အမ်ပိုလီ
တနင်္ဂနွေ၊ ည ရး၃၀
လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ သို့ ၀င်ရောက်ခွင့်ရဖို့ အာရုံစိုက်လာသော
လာဇီယိုသည် စီးရီးအေပွဲစဉ်များကို မလွတ် စတမ်း အနိုင်ရရှိအောင် ဖျစ်ညှစ် ကစား
လာ သည်ကို တွေ့ရသည်။ တစ်ဖက်ကလည်း မြို့ခံပြိုင်ဘက် ရိုးမားကို ဖိအားပေးရင်း
တစ်မှတ်အကွာသို့ ရောက်လာသော လာဇီယို သည် ဒုတိယနေရာကိုပါ ချိန်ရွယ်လာ
သည်။ စီးရီးအေ ခုနစ်ပွဲဆက်တိုက် အတိမ်းအစောင်းမရှိဘဲ နိုင်ပွဲရခဲ့သော လာဇီယိုခြေစွမ်း
သည် လတ်တလော ထိပ်တန်း အသင်းကြီးများအနက် ခြေစွမ်းအထက် မြက်ဆုံးနှင့်
ရာနှုန်းပြည့် နိုင်ပွဲရသော အသင်း ဖြစ်သည်။ ခုနစ်ပွဲဆက်တိုက်နိုင်ရာတွင် ၁၇ ဂိုးသွင်းနိုင်ပြီး
သုံးဂိုးသာ ပြန်သွင်း ခံရသည်။ ယင်းခုနစ်ပွဲတွင် လေးပွဲတိတိ ပေးဂိုးမရှိ clean-sheet
ဖြစ်သောကြောင့် တိုက်စစ်ခံစစ် စွယ်စုံထက်မြက်သော အသင်း ဖြစ်သည်။
သို့ရာတွင် ထိပ်တန်းအသင်းကြီးများ အနက် လာဇီယို သည် တိုက်စစ်မှူးအင်အား
အနည်းဆုံးဖြစ်ပြီး နာမည်ကျော်များပင် ပါ၀င်ခြင်းမရှိဘဲ အသက် ၃၆ နှစ်ရှိပြီဖြစ် သော
၀ါရင့်ဂျာမန်တိုက်စစ်မှူး ကလိုဆေးကိုသာ 'မှေး'သုံး နေရသည်။ အစောပိုင်းကခြေစွာခဲ့သော
တိုက်စစ်မှူး ဂျော်ဂျီဗစ်သည် လတ်တလော ခြေစွမ်းကျဆင်းကာ ပွဲထွက် ခွင့်ပင် ပျောက်
ဆုံးနေသည်။ အခြား တိုက်စစ် မှူးများမှာလည်း ကလိုဆေးလောက်ပင် 'အဖြစ်မရှိ' ကြသေးရာ
လာဇီယိုတိုက်စစ် ယန္တရားသည် သာမန်အဆင့်သာ ရှိသည်ဟု ဆိုရမည်။ လာဇီယိုအသင်းကို
အဓိကဦးဆောင် မောင်းနှင်နေသည်မှာ ကွင်းလယ်ယန္တရား ဖြစ်သည်။ နည်းပြ စတီဖန်နိုပိုလီ
သည် လာဇီယိုကို ကွင်းလယ်အားပြုသောပုံစံအဖြစ်သို့ စနစ်တကျ လေ့ကျင့်သင်ကြား ပေးကာ
ပြောင်းလဲယူခဲ့သည်။
ပြိုင်ဘက် အနေအထားပေါ်လိုက်ကာ လာဇီယိုသည် ၄-၅-၁ နှင့် ၄-၃-၃ ကစားကွက်တို့ကို
ကျွမ်းကျင်စွာ ပြောင်းလဲကျင့်သုံးနိုင်စွမ်း ရှိသောကြောင့် technical flexibility ကောင်းမွန်သော
အသင်း ဖြစ်သည်။ လာဇီယိုတိုက်စစ်တွင် ၀ါရင့်အထောင် တိုက်စစ်မှူး ကလိုဆေးကို
'တည်'ပြီး ကွင်းလယ်တိုက်စစ်သမားများ ၀န်းရံထားသည်။ သုံးယောက်တိုက်စစ်တွင်
ကွင်းလယ် တိုက်စစ်၊ နောက်ချန်တိုက်စစ်မှူးနေရာများ ၌ ခြေစွမ်းပြနိုင်ကြသော ဖိလစ်ပီအန်ဒါဆင်
နှင့် ကန်ဒရီဗာတို့ကို ရှေ့တက်ကစားစေသည်။
၄-၅-၁ ပုံစံ ပြောင်းလဲကစားသောအခါတွင် ကန်ဒရီဗာနှင့် အန်ဒါဆင်တို့သည် တောင်ပံတိုက်
စစ် ထွက်ကစားတတ်ပြီး ကွင်းလယ်တိုက်စစ်တွင်လည်း ၀င်ဖြည့်ပေး နိုင်သည်။ ကွင်းလယ်
ကစားသမားများ ဖြစ်သည့် အန်ဒါဆင်၊ ကန်ဒရီဗာနှင့် မာကို ပိုရိုတို့သုံးယောက် သွင်းယူသည့်
ဂိုးအရည် အတွက်မှာ ၂၂ ဂိုးရှိသောကြောင့် လာဇီယို တစ်သင်းလုံး စီးရီးအေသွင်းဂိုး ၅၅ ဂိုး၏
၄၀ ရာခိုင်နှုန်းနှင့် ညီမျှနေသည်။ တစ်ဖက်တွင် အမ်ပိုလီသည် ခြေစွမ်း အားဖြင့် အကျဘက်
ရောက်နေသေးသည်။ မတ်လပိုင်းမှစတင်ကာ ပါလာမို၊ ဂျီနိုအာ၊ ကက်ဂလီယာရီတို့နှင့်
သုံးပွဲဆက်တိုက် သရေကျခဲ့ရာတွင် နှစ်ဂိုးသာ သွင်းယူနိုင် သည်။
မတ်လ ၂၂ ရက်တွင် အမ်ပိုလီကို ၃ဪ၁ ဖြင့် နိုင်ခဲ့သော်လည်း ပြီးခဲ့သောပွဲစဉ် တွင်
ဂျူဗင်တပ်ကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ သည်။ အမ်ပိုလီကို နှစ်ဂိုးပြတ်နိုင်သော ဂျူဗင်တပ်တွင်
အဓိက ကွင်းလယ်လူများဖြစ် သော ပေါ့ဂ်ဘာ၊ မာချီစီယို၊ ပီယာလိုတို့ ပါ၀င်နိုင်ခြင်းမရှိဘဲ
အရန်လူများဖြင့်သာ ကစားခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်များ အသာစီးရခဲ့သောကြောင့်
ယေဘုယျအားဖြင့် အမ်ပိုလီသည် ထိပ်တန်း အသင်းကြီးများကို ရင်ဆိုင်နိုင်စွမ်းမရှိ
သေးကြောင်း ပေါ်လွင်နေသည်။
အထူး သဖြင့် ကွင်းလယ်တိုက်စစ်တွင် အမ်ပိုလီ သည် လာဇီယိုကဲ့သို့သော အသင်းမျိုးကို
မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။ ခြံုကြည့်လျှင် ရစ်သမ်မိပြီး ကွင်းလယ် တိုက်စစ်
စီးစီးပိုင်ပိုင်ရှိသော လာဇီယိုသည် ကစားကွက် အသာစီးဖြင့် စိတ်ကြိုက်ကစား သွားဖွယ်
ရှိသည်။ လတ်တလောတွင် လာဇီယို သည် တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်း
နေသောကြောင့် ယခုပွဲတွင် လာဇီယိုကို ကြိုက်ပြီး ဂိုးများသောပွဲဖြစ်လာနိုင်သည်။














