မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်) ကို အောက်တိုဘာ အပြီး တည်ဆောက်မည်

မြန်မာ ဘောလုံး အကယ်ဒမီ (ရန်ကုန်) ကို အောက်တိုဘာ အပြီး တည်ဆောက်မည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ၏တတိယ မြောက် ဘောလုံးအကယ်ဒမီ ဖြစ်လာမည့်
Myanmar Football Academy(Yangon) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ အပြီး
တည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်)၏ လေ့ကျင့်ရေးကွင်းများ အပါအဝင် စုစုပေါင်း
ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် ဖြစ်ပြီး ဖီဖာမှGoal Project 5
အစီအစဉ်အရ ကန်ဒေါ်လာ ငါးသိန်း ပ့ံပိုး ထည့်ဝင်မည်ဖြစ်ကာ ကျန်ကုန်ကျစရိတ် ကန်
ဒေါ်လာနှစ်သန်းဝန်းကျင်ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ၎င်းတည်ထောင်ထားသည့်
ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

ရန်ကုန် ဘောလုံး အကယ်ဒမီ တည်ဆောက် ရန် ဖီဖာမှ ဒေါ်လာငါးသိန်းထောက်ပံ့
ပေးအပ် မှု သဘောတူ စာချုပ် ချုပ်ဆိုပွဲကို မတ်လ ၂ ရက် နေ့ မွန်းလွဲ ၂ နာရီက
ရန်ကုန်မြို့ Novotal Hotel,Yangon Max တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖီဖာမှ တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးဇော်ဇော်၊ အဆောက်အအုံတည်ဆောက် မည့်မင်းဓမ္မ ဆောက်လုပ်ရေးမှ တာဝန်ရှိသူ
များ တက်ရောက်ပြီး စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက်
မြက်ခင်းတု လေ့ကျင့်ရေးကွင်းနှစ်ကွင်းကို ဧရာဝတီ ဖောင်ဒေးရှင်း လှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီး
သွားပြီဖြစ်ပြီး အဆောက် အအုံကိုလည်း လေ့ကျင့်ရေးကွင်းအနီးတွင် ဆက်လက်ဆောက်
လုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ပထမဆုံး အကယ်ဒမီကျောင်းဖြစ်သည့် မြန်မာ ဘောလုံး
အကယ်ဒမီ (မန္တလေး)နှင့် မြန်မာဘောလုံး အကယ်ဒမီ (ပုသိမ်)တို့မှာလည်း သက်တမ်း
အလိုက် လက်ရွေးစင် ကစားသမားများ မွေးထုတ်ပေးလျက်ရှိပြီး ရန်ကုန်ဘောလုံး
အကယ်ဒမီ ပြီးစီးသည်နှင့် လူငယ် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်လာရန်
MFFမှဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး