အသေးစိတ်အချက်အလက်များ ၁။အောက်တွင်ဖော်ပြထားသည့်ပုံစံထဲတွင်ပွဲစဉ်တစ်ခုစီမှ အနိုင်ရမည်ဟုထင်သည့် ဘောလုံးအသင်းအမည်များကို ဖြည့်စွက်ပေးပါ။
( ဆီမီးဖိုင်နယ်ပွဲစဉ်များဖြစ်သည့် ပွဲစဉ် ၁၉နှင့်၂၀မှာ အိမ်ကွင်းအဝေးကွင်းပွဲစဉ်နှစ်ပွဲကစား
မည်ဖြစ်သော်လည်း မြန်မာတိုင်းမ်၏ခန့်မှန်းချက်ပုံစံတွင် ယင်းနှစ်ပွဲအား တစ်ပွဲစာအဖြစ်သာ
သတ်မှတ်ထားသည်။) ၂။အနိုင်ရမည်ဟုထင်သည့် အသင်း၏ အမည်ကို ဖြည့်စွက်ပါ။
ဥပမာ- မြဝတီဘောလုံးအသင်း ပွဲစဉ်၁တွင် အနိုင်ရမည်ဟု ထင်ပါက ယင်းအမည်ကို ရေးရမည်။
ယင်းအသင်း ရတနာပုံဘောလုံးအသင်းကို ပွဲစဉ်ရတွင် ဆက်လက်အနိုင်ရသည်ဟု ထင်ပါက
မြဝတီဘောလုံးအသင်းအမည်ကို ထပ်မံရေးပေးရမည်ဖြစ်ပြီး ပွဲစဉ်၁တွင်အနိုင်ရသည့်အသင်း
ဟု မရေးရပါ။ ၃။ ရမှတ်များကို အောက်ပါအတိုင်း သတ်မှတ်ပေးသွားမည်။
(ပထမအဆင့်ပွဲစဉ်) မှန်ကန်သည့် ရွေးချယ်မှုတစ်ခုစီအတွက် ၂ မှတ် (ပွဲစဉ်အားလုံးအတွက်
စုစုပေါင်း ၁၂မှတ်) (၁၆သင်းရှုံးထွက်ပွဲစဉ်) မှန်ကန်သည့် ရွေးချယ်မှုတစ်ခုစီအတွက် ၂ မှတ်
( ပွဲစဉ်အားလုံးအတွက် စုစုပေါင်း ၁၆မှတ်) (ကွာတားဖိုင်နယ်ပွဲစဉ်) မှန်ကန်သည့်ရွေးချယ်မှု
တစ်ခုစီအတွက် ၄မှတ် (ပွဲစဉ်အားလုံးအတွက် စုစုပေါင်း ၁၆မှတ်) (ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ခုစလုံး)
မှန်ကန်သည့်ရွေးချယ်မှုတစ်ခုစီအတွက် ၈မှတ် ( ပွဲစဉ်အားလုံးအတွက် စုစုပေါင်း ၁၆မှတ်)
(ဖိုင်နယ်ပွဲစဉ်) မှန်ကန်သည့်ရွေးချယ်မှုတစ်ခုစီအတွက် ၁၆မှတ် ( ပွဲစဉ်အားလုံးအတွက်
စုစုပေါင်း ၁၆မှတ်) ၄။ ဘောလုံးပွဲစဉ်အစမှ ခန့်မှန်းပေးရမည်ဖြစ်ပြီး ဖိုင်နယ်ပွဲတက်လာသည့်
အသင်းနှစ်သင်း၏အမည်ခန့်မှန်းချက် မှားယွင်းပါက ပွဲစဉ်၂၁အတွက် မည်သို့မျှ အမှတ်မရနိုင်တော့
ပါ။ ၅။မြန်မာတိုင်းမ်က ပုံနှိပ်ထုတ်ဝေထားသည့် ပုံစံစာရွက်ကို အကန့်အသတ်မရှိဖြည့်စွက်နိုင်ပြီး
အဆိုပါခန့်မှန်းချက်ပုံစံများကို မြန်မာတိုင်းမ်ရုံး၊ အမှတ် ၃၇၉။ ၃၈၃၊ ဗိုလ်အောင်ကျော်လမ်း၊
ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ သို့ လိပ်မူပေးပို့ရမည်။
၆။ အောက်ဖော်ပြပါ အီးမေးလ်ခန့်မှန်းချက်ပုံစံကို ဧပြီ၂၅ရက် (စနေနေ့) နေ့လည် ၂ နာရီနောက်ဆုံးထားပြီးိ
[email protected]သို့ ပေးပို့ရမည်။ ခန့်မှန်းချက်ပေးပို့သူအမည်
အီးမေးလ်လိပ်စာ
ဖုန်းနံပါတ်
လိပ်စာ
ပွဲစဉ် အုပ်စု(၁) အုပ်စု(၂) ခန့်မှန်းအနိုင်ရမည့်အသင်း ရမှတ် ၁ မြဝတီအက်ဖ်စီ ံ- Horizon FC ၊
၂ ဟံသာဝတီယူနိုက်တက် -Phong Gan FC ၊၃ မြဝတီအက်ဖ်စီ -GEA FC၊ ၄ Silver Stars FC-University FC၊
၅ ဆောက်သမ်းမြန်မာအသင်း - Best United ၊၆ ဒဂုံအက်ဖ်စီ- ရခိုင် ယူနိုက်တက်
ရ ရတနာပုံအက်ဖ်စီ- ပွဲစဉ်၁အနိုင်ရအသင်း၊ ၈ ပွဲစဉ်၂အနိုင်ရအသင်း- ကေဘီဇက် အက်ဖ်စီ၊
၉ မကွေးအက်ဖ်စီ -ချင်းယူနိုက်တက်၊ ၁၀ ပွဲစဉ်၃အနိုင်ရအသင်း- ရန်ကုန်ယူနိုက်တက်၊
၁၁ ဇွဲကပင်ယူနိုက်တက်- ဇေယျာရွှေမြေအက်ဖ်စီ၊ ၁၂ ပွဲစဉ်၄ အနိုင်ရအသင်း -ဧရာဝတီယူနိုက်တက်၊
၁၃ မနောမြေ အက်ဖ်စီ -ပွဲစဉ်၅အနိုင်ရအသင်း ၊၁၄ ပွဲစဉ်၆ အနိုင်ရအသင်း- နေပြည်တော်အက်ဖ်စီ ၊
၁၅ ပွဲစဉ်ရအနိုင်ရအသင်း- ပွဲစဉ်၈အနိုင်ရအသင်း၊ ၁၆ ပွဲစဉ်၉အနိုင်ရအသင်း- ပွဲစဉ်၁၀အနိုင်ရအသင်း၊
၁၇ ပွဲစဉ်၁၁အနိုင်ရအသင်း- ပွဲစဉ်၁၂အနိုင်ရအသင်း၊ ၁၈ ပွဲစဉ်၁၃အနိုင်ရအသင်း -ပွဲစဉ်၁၄အနိုင်ရအသင်း၊
၁၉ ပွဲစဉ်၁၅အနိုင်ရအသင်း- ပွဲစဉ်၁၆အနိုင်ရအသင်း၊ ၂၀ ပွဲစဉ်၁၇အနိုင်ရအသင်း -ပွဲစဉ်၁၈အနိုင်ရအသင်း၊
၂၁ ပွဲစဉ်၁၉အနိုင်ရအသင်း -ပွဲစဉ်၂၀အနိုင်ရအသင်း















