ခေါင်းဆောင်ပြောင်းလဲခြင်းနဲ့ အသစ်စတင်ရတော့မယ့်

ခေါင်းဆောင်ပြောင်းလဲခြင်းနဲ့ အသစ်စတင်ရတော့မယ့်

နယ်ပယ်အသီးသီးအတွက်တော့ ခေါင်းဆောင် ကောင်းဆိုတာ အရေးပါဆုံးသူဖြစ်ပါတယ်။
သူညံ့ရင် အားလုံးက အနှေးနဲ့အမြန် ကျရှုံးဖို့ များသွားမှာပါ။ ကျရှုံးရင် တာဝန်အရှိဆုံးဟာ
သူဖြစ်သလို အောင်မြင်ရင်လည်း သူသာ စံရသူပဲဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ခေါင်းဆောင်မှုနယ်ပယ်အသီးသီးအတွက်တော့ ခေါင်းဆောင် ကောင်းဆိုတာ အရေးပါဆုံးသူဖြစ်ပါတယ်။
သူညံ့ရင် အားလုံးက အနှေးနဲ့အမြန် ကျရှုံးဖို့ များသွားမှာပါ။ ကျရှုံးရင် တာဝန်အရှိဆုံးဟာ
သူဖြစ်သလို အောင်မြင်ရင်လည်း သူသာ စံရသူပဲဖြစ်ပါတယ်။ နယ်ပယ်မှာတော့ ခေါင်းဆောင်မှုအရည်အသွေးက ပိုပြီး
သိသာမြင် သာစေပါတယ်။ ကိုယ့်အားနည်းချက်ကြောင့် လုပ်ငန်းဟာ ထိခိုက်သွားပြီဆိုရင်
တချို့ ခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကိုယ်တာဝန် ယူမှုအပြည့်နဲ့ နုတ်ထွက်သွားတာတွေ
ရှိသလို တချို့ကျတော့လည်း စာချုပ်ကြီးတွေဆုပ်ကိုင် ထားပြီး ထုတ်ပယ်မယ့်အချိန်ကိုစောင့်နေကြ
သူတွေလည်း ရှိကြပါတယ်။

ထုတ်ပယ်ရင် လျော်ကြေးဆိုတဲ့ ငွေကြေးရမှာမို့ တာဝန် သိတတ်မှုတွေကို အလေးမထားဘဲ
ထုတ်ပယ် ချိန်ကို စောင့်နေကြတာပဲ ဖြစ်ပါတယ်။ တာဝန် ယူမှုနဲ့ နုတ်ထွက်သွားသူနဲ့
ထုတ်ပယ်ချိန် စောင့်သူတို့ကြားမှာတော့ ကွာခြားမှု ကြီးကြီး မားမားရှိနေခဲ့ကြပါတယ်။အခုလည်း
တစ်ဦး သော ခေါင်းဆောင်တစ်ယောက်ဟာ အရှုံး မပေးဘူးဆိုတဲ့ ခံယူချက်ကိုဆုပ်ကိုင်ပြီး
နုတ်ထွက်သွားခြင်း မရှိသေးဘဲ အသင်းကို ဦးဆောင်လျက်ရှိနေပါ တယ်။

သူကတော့ ပရီမီယာလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ မန်နေဂျာ
ပယ်လီဂရီနီပဲ ဖြစ်ပါ တယ်။ သူဟာထုတ်ပယ်မယ့် အချိန်ကို စောင့် နေသူလား၊
အရှုံးမပေးဘူးဆိုတာကို ဆုပ်ကိုင် ထားသူလား၊ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီ ဖြစ်ပါ တယ်။
ဒီရာသီမှာ ချယ်လ်ဆီးကို တောက် လျှောက် ဖိအားပေးထားခဲ့ပေမယ့် ကစားချိန် ကြာညောင်း
လာမှုအောက်မှာ သူခေါင်း ဆောင်တဲ့ မန်စီးတီးဟာ ဒုတိယနေရာကနေ အဆင့်(၄)နေရာ
ကို ကျသွားခဲ့တာကတော့ သူ့ရဲ့ခေါင်းဆောင်မှုကို ပြောင်းလဲပစ်ရမယ့် အနေအထားဆိုတာ
သေချာနေပါတယ်။ ဒါပေမဲ့ မန်နေဂျာဖြစ်သူကလည်း တာဝန်မယူ၊ ကလပ်ကလည်းစောင့်ကြည့်
ဆိုတဲ့ လိပ်ခဲ တည်းလည်း အောက်မှာ မန်စီးတီးဟာ ဖြတ်သန်းနေရပြီ ဖြစ်ပါတယ်။
အဘူဒါဘီသူဌေးတွေအတွက် လျော် ကြေးငွေက အရေးကြီးတဲ့အရာမဟုတ်ပါဘူး။
ပယ်လီဂရီနီဟာ ပရီမီယာလိဂ်ချန်ပီယံ ဖလားကို မနှစ်က ရယူပေးထားနိုင်လို့ ဆိုတဲ့
အချက်တစ်ခုက ရှိနေသလို ဖြတ်သန်းရတဲ့ ရာသီက ပြီးဆုံးတော့မယ့်အချိန် ရောက်ခါနီး
တာကြောင့်လည်း ပယ်လီဂရီနီကို စောင့်ကြည့် နေတာဖြစ်နိုင်ပါတယ်။

တကယ် မန်နေဂျာ ကောင်းဆိုရင် ဒီအချိန် အကြိတ်အနယ် ဖြတ်သန်းရမှုမှာ ရလဒ်ကောင်းတွေ
ထွက်နေရ မှာပဲဖြစ်ပါတယ်။ ဒီနှစ်မန်စီးတီး က ဒီလိုမဟုတ်ပါဘူး။ ဖိအား တွေသာ တိုးရင်းတိုးရင်း
နဲ့ ဘန်လေလိုအသင်းလေးကို အိမ်ကွင်းမှာ သရေ၊ အဝေးကွင်းမှာ ရှုံးဆိုတဲ့ ရလဒ်မျိုးက မန်နေဂျာ
မှာပဲ တာဝန်အရှိဆုံးဆိုတာ မေးခွန်း ထုတ်စရာ မလိုတော့ပါဘူး။အဲဒီအတွက် သူဟာ တာဝန်မယူဘဲ၊ လျော် ကြေးယူဖို့ စောင့်စားနေတာပဲ ဖြစ်ပါတယ်။

ပယ်လီဂရီနီကတော့ အသင်းကြီးတွေဟာ ပြဿနာကို မန်နေဂျာတွေ ထုတ်ပယ်ခြင်း နည်းလမ်း
တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင် ဘူးလို့ သူ့ကိုယ်သူ ကာကွယ်ပြောဆိုထားတာ တွေ့ရပါတယ်။
အဲဒီတကယ့် ပြဿနာရဲ့ ဇာစ်မြစ်ကို မန်နေဂျာဖြစ်သူဟာ ရှာဖွေနိုင်ရ မှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့
ရှာနိုင်တဲ့ မန်နေဂျာသစ်တစ်ယောက်နဲ့ အစားထိုးရ မှာပဲဖြစ်ပါတယ်။ အရင်ဆုံးတော့
ပယ်လီဂရီနီရဲ့ ဦးစားပေး လူထုတ်ပုံပဲ ဖြစ်ပါတယ်။ သူ့လူစာရင်းကို ပရီမီယာလိဂ်ပွဲကြည့်သူတိုင်း
အလွတ်ရနေမှာပဲဖြစ်ပါတယ်။ ခံစစ်ကိုကြည့်ရင် ကွန်ပနီဟာ ဒီနှစ်တစ်ရာသီလုံး အကောင်းဆုံးခြေစွမ်း
မျိုးမရှိဘူးဆိုတာ တွေ့ရမှာဖြစ်သလို ၀ယ်ခဲ့တဲ့ မင်ဂါလာကို မသုံးဘဲထားတာဟာ ပယ်လီဂရီနီ ရဲ့
အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိ ဒီမစ်ချယ်လီနဲ့ ၂၄ နှစ်ပဲ ရှိသေး တဲ့ မင်ဂါလာယှဉ်
လိုက်ရင် ဒီမစ်ချယ်လီ အနေအထားက လူစားဝင်လောက်ပဲဖြစ်သင့်တော့ပေမယ့် မင်ဂါလာကို အရန်
ထားခဲ့ပါတယ်။ မင်ဂါလာ ခြေမပေါ်တာမှန်ပေမယ့် များများသုံးပေးရင် မင်ဂါလာဟာ အကောင်း ဆုံးပုံစံ
ရလာမှာဖြစ်ပါတယ်။

မင်ဂါလာကို ပေါင် ၃၂ သန်းတောင်ပေးခဲ့ရတာပါ။ ထိပ်တန်း ခြေစွမ်းမျိုးရှိလို့ ဒီဈေးပေးခဲ့ရပေမယ့်
မန်စီးတီးမှာ မင်ဂါလာဟာ အရန်သမားပဲ ဖြစ်ခဲ့ပါ တယ်။ ပယ်လီဂရီနီဟာ ကွန်ပနီကို
မကျော်နိုင်ဘူးလို့ ထင်ပါတယ်။ တကယ်ဆိုရင် ကွန်ပနီဪမင်ဂါလာ၊ ဒီမစ်ချယ်လီ-မင်ဂါလာ
အတွဲမျိုးနဲ့ပွဲထုတ်သင့်ပေမယ့် ကွန်ပနီဪဒီမစ် ချယ်လီအတွဲပဲ အားကိုးထားခဲ့တာက မန်စီးတီးကို
ဘန်လေအသင်းလေးက အခုလို ဂိုးသွင်း တာ ခံရတာပဲဖြစ်ပါတယ်။ တကယ်တမ်းမန်စီးတီးနောက်
တန်းကို ကြည့်လိုက်ရင် အသက်ကြီးသူတွေ အရမ်းများပြားခြင်းက အဓိက အားနည်းချက်ဖြစ်ပါ
တယ်။ ဒီမစ်ချယ်လီ(၃၄ နှစ်)၊ ဆစ်ဂနာ(၃၂ နှစ်)၊ ဇာဘလက် တာ(၃၀ နှစ်)၊ ကွန်ပနီ(၂၉ နှစ်)၊
ကလစ်ချီ (၂၉ နှစ်)၊ ကိုလာရော့ဗ်(၂၉ နှစ်)၊ မင်ဂါလာ (၂၄ နှစ်) ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီခြောက်ဦးပဲ မန်စီးတီးနောက်တန်းမှာ တစ်ရာသီလုံးကစားခဲ့တာ ဖြစ်ပါတယ်။ ပရီမီယာလိဂ်ရဲ့
အမြန်နှုန်းအောက်မှာ ဒီလောက်အသက်ကြီးလာသူတွေကို ဦးစား ပေးထားခြင်းက
မန်စီးတီးခံစစ်လျော့ရဲစေတာအမှန်ပဲဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်အကူမှာ ဖာနန်ဒင်ညို (၂၉ နှစ်)၊ ယာယာတိုရေး(၃၁ နှစ်)၊ ဖာနန်ဒို(၂၇ နှစ်)
ဆိုတဲ့ အသက်တွေကို တွေ့ရမှာပါ။ ယာယာတိုရေးဟာ အာဖရိကနိုင်ငံများ ဖလားပွဲမသွား
ခင်က ခြေကောင်းခဲ့ပေမယ့် ပြန်လာပြီးတဲ့နောက်မှာ ယာယာတိုရေး ခြေစွမ်းက ပုံမှန်အောက်
ကို ရောက်သွားတဲ့အတွက် ခံစစ်ဖျက်အား၊ တိုက်စစ်ပံ့ပိုးအားတွေ လျော့ကျသွားခဲ့ခြင်းဟာ
မန်စီးတီး တိုက်စစ်၊ ခံစစ်အားနည်းသွားခြင်းမှာ အဓိက ကျတဲ့အချက်ပဲဖြစ်ပါတယ်။ တောင်ပံ
က ဆေးလ်ဗား(၂၉ နှစ်)၊ နာဗက်(၂၉ နှစ်)၊ မီလ်နာ (၂၉ နှစ်)တို့မှာ ဆေးလ်ဗား၊ နာဗက်တို့
က ဒီရာသီမှာ ပုံမှန်ကစားခွင့်ရသူတွေ ဖြစ်ပါ တယ်။ အသက် ၂၉ နှစ်ဆိုတဲ့အနေအထား
တွေက ဒီရာသီမှာတော့ အမြင့်ဆုံးအနေအထားပဲ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ယာယာ
တိုရေး၊ အဂွေရိုတို့နဲ့ တွဲလုံးမိမိကစား နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မန်စီးတီး ရဲ့ ဒီရာသီမှာ အကောင်းဆုံးကစားနိုင်သူ ဆိုလို့ ဆေးလ်ဗား(၂၉ နှစ်)နဲ့ အဂွေရို
(၂၆ နှစ်) တို့ပဲ ဖြစ်ပါတယ်။ လူစားဝင်ကစားသမားထဲမှာ မီလ်နာ(၂၉ နှစ်)က အကောင်းဆုံး
ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ တစ်သင်းလုံး အနေအထားကြည့်လိုက်ရင် အသက်တွေက
အရမ်းကြီးလာသူတွေ စုဝေးနေတဲ့ ထိပ်တန်း အသင်းကြီးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

တိုက်စစ်မှာ ဂျိုဗီတစ်၊ ခံစစ်မှာ မင်ဂါလာ တို့လို အသက် (၂၅ နှစ်) ၀န်းကျင်ကစားသမား
တွေကိုမသုံးဘဲထားခြင်း၊ ကလပ်က လူငယ် ကစားသမားတွေကို နေရာမပေးခြင်းတို့က
နောက်ဆုံးမှာ ချယ်လ်ဆီးနဲ့ ၁၂ မှတ်ကွာသွား ဖို့ဖြစ်လာခဲ့သလို ဘန်လေရဲ့ အနိုင်ယူတာ
ခံရတာ၊ မြို့ခံပြိုင်ဘက်မန်ယူရဲ့ အပြတ်ချေမှုန်းတာကိုခံရတာ၊ အာဆင်နယ်၊ လီဗာပူး တို့
အနိုင်ယူတာကို ခံရတာတွေ ဖြစ်လာခဲ့ရ တာပဲဖြစ်ပါတယ်။

ဒီအတွက် တာဝန်အရှိဆုံး ဟာ မန်နေဂျာမှတစ်ပါး တခြားသူမရှိတော့ ပါဘူး။ တိုက်စစ်မှာ
လုံလောက်တဲ့ အင်အားရှိနေပါရဲ့နဲ့ တိုက်စစ်မှူး ဘိုနီကိုခေါ်လိုက်တာ ကလည်း ရေရှည်အတွက်
မှန်ကောင်းမှန်ပေမယ့် လက်ရှိပြဿနာဖြေရှင်းချိန်အတွက် တော့ ဘိုနီထက်စာရင် နောက်တန်းအတွင်း
လူ တစ်ယောက်ကို ခေါ်လိုက်ရမှာပဲ ဖြစ်ပါတယ်။ အခုဖြစ်နေတာက မန်နေဂျာရဲ့ လူထုတ်ပုံ
အမှား၊ အပြောင်းအရွှေ့အမှား၊ အသက်ကြီး သူတွေ များပြားလွန်းတဲ့ အမှားတွေက အဘူ
ဒါဘီသူဌေးတွေ နောက်ထပ်မန်နေဂျာသစ်တစ်ယောက် ရှာပုံတော်ဖွင့်ရဖို့ ဖြစ်လာစေတော့
မှာဖြစ်ပါတယ်။

မာ့ခ်ဟုချ်၊ မန်ချီနီဆိုတဲ့ မန်နေဂျာနှစ်ဦး ပြောင်းလဲသွားပြီးမှာ အခု တော့ သုံးဦးပြောင်းက
မကြာခင်မှာ မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက မန်နေဂျာ ဂျာဂင်ကလော့ပ်ကတော့
အဖြစ်နိုင် ဆုံးသူလို့ တစ်ပြေးနေလို့ ချီလီတစ်ယောက်ရဲ့ အင်္ဂလန်စွန့်စားခန်းက ပြီးဆုံးတော့မှာ
သေချာနေပါရဲ့...။



ဖတ်ရှုမှုအများဆုံး