အက်စ်ပန်ညို - ဘာစီလိုနာ
စနေ၊ ည ၈း၃၀
ဘာစီလိုနာကတော့ တောက်လျှောက်ဆိုသလို ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်
ကစားနေရတယ်။
လာလီဂါမှာ ဆီဗီလာ၊ ဗလင် စီယာတို့နဲ့ ဆက်တိုက်ကစားထားရ
သလို ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီနဲ့ ကွာတားပွဲ နွှဲပြီးခဲ့တဲ့အချိန်မှာပဲ အက်စ်ပန်ညိုလို
မြို့ခံပြိုင်ဘက်အသင်းနဲ့ ဆက်ပြီး ကစားရမှာ ဆိုတော့ လက်ရှိအချိန်ဟာ ဘာစီလိုနာအတွက်
တော့ စိန်ခေါ်မှုတွေကြားမှာ ဖြတ်သန်းနေရ တဲ့အချိန်ပဲလို့ ပြောနိုင်တယ်။ ဘာစီလိုနာဟာ
လက်ရှိဖလားသုံးလုံး လမ်းကြောင်းပေါ်မှာရှိနေပြီး ပြိုင်ပွဲသုံးခုစလုံးမှာလည်း အခြေအနေကောင်းနေတယ်။
ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း တည်ငြိမ်မှုရှိနေတဲ့အချိန်လို့ ပြောလို့ရတယ်။
အထူးသဖြင့် ဘာစီလိုနာအသင်းဟာ နည်းပြအင်းနရစ်ရဲ့ အလှည့်ကျ လူထုတ်ပုံစနစ်အောက်မှာ
အသားကျနေတာ တွေ့ရပြီး အသင်းကလည်း ပြိုင်ပွဲစုံမှာ တဖြည်းဖြည်းနဲ့ ကစားပုံတည်ငြိမ်
လာနေတယ်။ ဘာစီလိုနာ အသင်းကို ကြည့်လိုက်ရင် မက်ဆီတစ်ယောက် တည်း ပုံမှန်
ပွဲထွက်ခွင့်ရပြီး ကျန်တဲ့ကစား သမားတွေ အကုန်လုံးကတော့ တစ်ပွဲနဲ့ တစ်ပွဲမတူညီတဲ့
လူစာရင်းနဲ့ ပွဲထွက်ရလေ့ရှိ နေပေမယ့် အသင်းကစားပုံက ပျက်မသွားခဲ့ ပါဘူး။ အခုနောက်
ပိုင်းတိုက်စစ်မှာ နေမာ၊ ဆွာရက်ဇ်၊ မက်ဆီသုံးယောက်တွဲတိုက်စစ်ကို ပုံမှန်ပွဲထုတ်လာနေတဲ့
အပြင် ဆွာရက်ဇ်ရဲ့ သွင်းဂိုးတွေကိုပါ မြင်နေရပြီဖြစ်လို့ ဘာစီလိုနာရဲ့ တိုက်စစ်အားဟာ
ပိုပြီးအားရစရာကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လတ်တလော အက်စ်ပန်ညို
ကလည်း ခြေစွမ်းတည်ငြိမ်နေတဲ့အချိန်ဖြစ်လို့ ဘာစီလိုနာအတွက် သတိထားရမယ့်ပွဲမျိုးလို့
ပြောရမယ်။ အက်စ်ပန်ညိုဟာ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် ရာသီသိမ်းခါနီးမှာတော့
ခြေစွမ်းပိုင်း တည်ငြိမ်မှုကို ပြနေနိုင်တယ်။
ဒါ့ပြင် အသင်းကလည်း ရမှတ် ၄၂ မှတ်နဲ့ ဇယား အလယ်လောက်မှာ ရပ်တည်နေနိုင်ပြီး ရှေ့ကို
လည်း မမျှော်လင့်နိုင်၊ နောက်မှာလည်း စိုးရိမ် စရာမရှိတဲ့အခြေအနေမှာ ရောက်နေလို့ အသင်း
ဟာ ဖိအားမရှိတော့ဘဲ လွတ်လွတ်လပ်လပ်ကစားခွင့်ရနေတယ်။ ဒီအချက်ဟာ ဘာစီလိုနာအတွက်
သတိထားရမယ့်အချက်လို့ပြောနိုင်တယ်။ ကစားရမှာက အက်စ်ပန် ညိုရဲ့ကွင်းမှာ ဖြစ်နေတဲ့အပြင်
မြို့ခံပြိုင်ဘက် အသင်းအချင်းချင်း ရင်ဆိုင်ရမယ့်ပွဲမျိုးဖြစ်လို့ ဖိအားသိပ်မရှိဘဲ လွတ်လပ်စွာ တုံ့ပြန်
လာနိုင် တဲ့ အက်စ်ပန်ညိုရဲ့ကစားအားဟာ ဘာစီလိုနာကို အခက်အခဲတွေ့စေမှာတော့ သေချာ
နေတယ်။
ဘာစီလိုနာဟာ နောက်ဆုံးကစားထားတဲ့ အဝေးကွင်းပွဲမှာလည်း ဆီဗီလာကို နှစ်ဂိုး ပြတ်အနိုင်ကနေ
နှစ်ဂိုးပြန်ပေးခဲ့ရပြီး ၂ဪ၂ သရေကျထားခဲ့သလို ပီအက်စ်ဂျီနဲ့ ချန်ပီယံ လိဂ်အဝေးကွင်းပွဲမှာဆိုရင်
လည်း တစ်ဂိုး ပြန်ပေးထားရလို့ ဘာစီလိုနာရဲ့ အခုနောက် ပိုင်း အဝေးကွင်းခံစစ် ကစားပုံကို သိပ်စိတ်
ချ ထားလို့မရဘူးနဲ့တူတယ်။ အထူးသဖြင့် ဘာစီ လိုနာရဲ့ခံစစ်ကြောင်းဟာ ပြိုင်ဘက်အသင်း က
အရှိန်အဟုန်နဲ့ ဖိအားပေးဖို့ ကြိုးစားလာ တာမျိုးကြံုတဲ့အခါ အမှားအယွင်းတွေလုပ်မိ တတ်တာ
တွေ့ရတယ်။ နည်းပြအင်းနရစ်ဟာ လက်ရှိဘာစီလိုနာရဲ့ ခံစစ်လေးယောက် တန်းမှာ ပီကေး
တစ်ယောက်တည်းကို အထိုင် ထားပြီး ကျန်နေရာတွေမှာ အပြောင်းအလဲ တွေလုပ်ကစားနေတာ
တွေ့ရပေမယ့် ပီကေး ကိုယ်တိုင်က ခြေစွမ်းပိုင်းပုံမှန်မရှိဘဲ အမှား အယွင်းတွေရှိတတ်တာကို
ဆီဗီလာနဲ့ပွဲမှာ သူ့ကြောင့် ပေးလိုက်ရတဲ့ ချေပဂိုးက ပြနေ တယ်။ ဒါကြောင့် အခုလည်း အိမ်ကွင်း
မှာ အားကောင်းတတ်တဲ့ အက်စ်ပန်ညိုရဲ့ ဖိအား ဒဏ်ကို ဘာစီလိုနာခံစစ် တောင့်ခံနိုင်ပါ့
မလားဆိုတာ သေချာစဉ်းစားဖို့လိုလာပါပြီ။ အက်စ်ပန်ညိုဟာ အစောပိုင်းပွဲတွေမှာ တိုက်စစ်က
ဂိုးသွင်းနှုန်းပုံမှန်မရှိဘူး။ ဂိုးရဖို့ အတွက် အသင်းခေါင်းဆောင် ဆာဂျီယို ဂါဆီယာရဲ့ ခြေစွမ်းပေါ်မှာပဲ
အဓိကကျနေခဲ့ ပေမယ့် ၂၀၁၅ ထဲအရောက်မှာတော့ အက်စ်ပန်ညိုရဲ့ တိုက်စစ်ပိုင်းဟာ
တဖြည်းဖြည်းနဲ့ထက်မြက်လာတာ တွေ့ရတယ်။
နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း လူငယ်တွေနဲ့ လျင်မြန်မှုကို အားပြုတည်ဆောက်
ထားတဲ့ ဘီလ်ဘာအိုလိုအသင်းမျိုးကို အနိုင်ရအောင် ကစားပြထားခဲ့ပြီး အဲဒီပွဲမှာ အက်စ်ပန်ညိုရဲ့တိုက်စစ်
ခံစစ်ဟန်ချက်ညီမျှမှုကိုပါ ထုတ်ပြ နိုင်ခဲ့တယ်။ အက်စ်ပန်ညိုဟာ အိမ်ကွင်းဆိုရင် တိုက်စစ်
ကလည်း ဂိုးရအောင်ပိုကစားတတ်တဲ့အပြင် ခံစစ်ကစားပုံလည်း ပိုပြီးလုံခြံုမှုရှိတယ်။
လက်ရှိအချိန်မှာလည်း အသင်းဟာ ဖိအားမရှိတော့လို့ ဘာစီလိုနာလို အမှတ်ပေး ဇယား
ထိပ်ဆုံးက ဦးဆောင်နေတဲ့ မြို့ခံ ပြိုင်ဘက်အသင်းကြီးတစ်သင်းကို အိမ်ကွင်း မှာ စိတ်ဓာတ်
အပြည့်နဲ့ ရင်ဆိုင်သွားဖို့ရှိနေတဲ့ အချက်ကလည်း အက်စ်ပန်ညိုရဲ့ အားသာနေ နိုင်တဲ့အချက်
မျိုးလို့ ပြောနိုင်တယ်။ ဘာစီလိုနာကတော့ ပွဲကျပ်တွေ ဆက်တိုက် ကစားနေရတဲ့ကြားထဲမှာ
တည်ငြိမ်မှုတစ်ခု ကို ထိန်းထားနိုင်ဖို့ လွယ်ပါ့မလားဆိုတာ စောင့်ကြည့်စရာဖြစ်နေတယ်။
အခုနောက်ပိုင်း အဝေးကွင်းကစားပုံကလည်း အနည်းငယ် အားလျော့နေသလိုပါပဲ။
နောက်ဆုံးကစား ခဲ့တဲ့ ဆယ်လ်တာဗီဂို၊ ဆီဗီလာတို့နဲ့ အဝေး ကွင်းနှစ်ပွဲစလုံးမှာ ဘာစီလိုနာ
ကစားပုံဟာ ရုန်းကန်နေရသလို တွေ့ခဲ့ရပြီး ဂိုးရဖို့လည်း ခက်ခဲလာတာတွေ့ရတယ်။
မက်ဆီကိုယ်တိုင် လည်း အခုနောက်ပိုင်း ဂိုးသွင်းမှုက လိုအပ်ချက်တွေရှိနေတယ်။
ဒီအနေအထား ဟာ အဝေးကွင်းမှာ ပိုဖြစ်တတ်လို့ အိမ်ကွင်း ခံစစ်ကစားပုံမှာ ကောင်းမွန်
တဲ့ အက်စ်ပန်ညို ကသာ မက်ဆီကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင် ဘာစီလိုနာ ဂိုးတွေရဖို့
လွယ်ကူပါ့မလား ဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။
ဒီကြားထဲ အက်စ်ပန်ညိုကပါ အိမ်ကွင်းမှာ ခံစစ်လုံအောင် ကစားတတ်တဲ့အသင်းမျိုးဖြစ်
နေလို့ ဒီပွဲမှာလည်း ဘာစီလိုနာဂိုးတွေရဖို့ သိပ်ပြီးလွယ်လှဦးမယ်မထင်ပါဘူး။ အက်စ် ပန်ညို
နဲ့ ဂိုးအနည်းကိုပဲ အရဲစွန့်ရွေးထားချင် ပါတယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၁း၁၅
ကော်ဒိုဘာ - ဘီလ်ဘာအို
စနေ၊ ည ၁၀း၃၀
* အလက်တီကို - အယ်လ်ချီ
တနင်္ဂနွေ၊ နံနက် ၀၀း၃၀
* ဂီတာဖေး - လီဗန်တေး
တနင်္ဂနွေ၊ နံနက် ၂း၃၀
* ဆိုစီဒက် - ဗီလာရီးယဲလ်
တနင်္ဂနွေ၊ ညနေ ၄း၃၀ မာလာဂါ - ဒီပို့တီဗို
* တနင်္ဂနွေ၊ ည ၉း၃၀
အယ်လ်မီရီယာ - အိုင်ဘာ
* တနင်္ဂနွေ၊ ည ၁၁း၃၀
* ဆီဗီလာ - ရာယို တနင်္လာ၊ နံနက် ၁း၃၀
* ဆယ်လ်တာ - ရီးယဲလ် အင်္ဂါ၊ နံနက် ၁း၁၅
* ဗလင်စီယာ - ဂရန်နာဒါ















