တိုက်စစ်ပြောင်းနေတဲ့ ရိုးမားကို ကြိုက်တယ်

တိုက်စစ်ပြောင်းနေတဲ့ ရိုးမားကို ကြိုက်တယ်

အေစီမီလန်- ရိုးမား
တင်္နနွေ၊ နံနက် ၁း၁၅

သုံးပွဲဆက်တိုက် အရေးနိမ့်ထားသော အေစီမီလန် ခြေစွမ်းသည် ကျဆင်းနေသော ကြောင့်
ကွင်းလယ်တိုက်စစ်ကောင်းပြီး ခြေစွမ်းပြန်လည် ထက်မြက်လာသော ရိုးမားကဲ့သို့ ထိပ်တန်း
အသင်းကြီးကို မည်ကဲ့သို့ ရင်ဆိုင်မည်နည်းဆိုသော မေးခွန်း အတွက် အေစီမီလန်နည်းပြ
အင်ဇာဂီ သည် 'ခေါင်းခဲ'နေလောက်ပြီ ဖြစ်သည်

ပြီးခဲ့သော သုံးပွဲဆက်တိုက်တွင် အေစီမီလန်သည် ယူဒီးနိစ်ကို ၂-၁၊ ဂျီနီု်အာကို ၃-၁၊ နာပိုလီကို
၃-၀ ဖြင့် အရေးနိမ့်ခဲ့ရာ၌ ရှစ်ိုးသွင်းခံလိုက်ရသောကြောင့် ခံစစ် လုံခြံုမှု သိသိသာသာ ကျဆင်း
သွားတာကို တွေ့ရသည်။ အထူးသဖြင့် နာပိုလီနှင့်ပွဲတွင် ပွဲအစပိုင်း တစ်မိနစ်မှာပင် ညာနောက်
ခံလူ ဒီဆစ်လီယို ထုတ်ပယ်ခံလိုက်ရသောကြောင့် နည်းစနစ်နှင့် စည်းကမ်းသေဝပ် မှုအပိုင်းများ
အားနည်းနေတာကို ဖော်ပြ နေသည်။ နည်းပြ အင်ဇာီအနေဖြင့် သုံးယောက်တိုက်စစ်ပုံစံကို
အသုံးပြုရာ၌ အေစီမီလန် သည် ဖေဖော်ဝါရီနှင့် မတ်လထဲတွင် ခြေစွာပြီး ဂိုးမြူးခဲ့သော်လည်း
နောက်ပိုင်း တွင် ိုးသွင်းအား ကျဆင်းလာသည်။

ကွင်းလယ်ခံစစ် ကစားပုံမတည်ငြိမ်သော ကြောင့် နောက်တန်းလုံခြံုမှုပါ ကျဆင်း သွားသည်။
အေစီမီလန်တိုက်စစ်တွင် ရိုးမားမှ ပြောင်းလာသော တိုက်စစ်မှူးဒက်စ် ထရိုကို 'တည်'ပြီး
အထိုင်ချရန် ကြိုးပမ်းသော်လည်း နည်းပြအင်ဇာဂီလိုချင်သော အနေအထားမရရှိသောကြောင့်
၀ါရင့် တိုက်စစ်မှူး ပါဇီနီကို ပြန်လည် ပွဲထုတ်ခဲ့ သည်။ တစ်ဖန် ပါဇီနီသည်လည်း
ဂိုးမိုးခေါင်သောကြောင့် ဒက်စ်ထရိုကို ပြန်သုံးလာရာ အေစီမီလန်တိုက်စစ်သည်
အထိုင်ပျက်ပြီး ိုးသွင်းနှုန်း ကျဆင်းသွားသည်သာ အဖတ် တင်ခဲ့သည်။

ခြံုကြည့်လျှင် အေစီမီလန် သည် 'ရစ်သမ်'ပျက်ကာ တိုက်စစ်ခံစစ် အကျဘက် 'ယိုင်'
သွားသောအသင်းဟု ကောက်ချက်ဆွဲနိုင်သည်။ တစ်ဖက်တွင် ဆက်တိုက်ခြေကျသော
ရိုးမားသည် ဧပြီ ၂၅ ရက်တွင် အင်တာမီလန် ကို၂-၁ ဖြင့် အရေးနိမ့်ခြင်းနှင့်အတူ တတိယ
နေရာသို့ ရောက်သွားသောကြောင့် မဖြစ် မနေ ပြန်လည်အားစိုက်ရတော့မည့် အခြေ
အနေသို့ ရောက်သွားသည်။

ယင်းနောက် ပိုင်း နှစ်ပွဲဆက်တိုက်တွင် ရိုးမားသည် ဆက်စူလိုကို ၃-၀၊ ဂျီနိုအာကို ၂-၀ ဖြင့်
နှစ်ပွဲဆက်တိုက်နိုင်ခဲ့သည်။ နည်းပြါစီယာသည် ရိုးမားတိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး
အိုင်ဗရီကို့စ်တိုက်စစ်မှူးများ ဖြစ်ကြသော ဂျာဗင်ဟိုနှင့်ဒွန်ဘီယာ၊ ကိုလံဘီယာတိုက်စစ်မှူး ဗစ်တာ
အိုင်ဘာဘို သုံးယောက်တိုက်စစ်တွဲကို ပင်တိုင် ပွဲထုတ်လာသည်။

ရိုးမားတိုက်စစ်တွင် လူငယ်တိုက်စစ်မှူးများကို ထည့်သွင်း အသုံးပြုလာသောကြောင့် ကစားအား၊
ပြေးအားများ တိုးတက်လာသည်။ ၄-၃-၃ ကစားကွက်ဖြင့် အသစ်တဖန် ခြေစွာလာသော ရိုးမား
ကွင်းလယ်တွင် ၀ါရင့်ကစားသမား ဒီရော့စီ၊ နိုင်ိုလန်နှင့် ပန်နစ်တို့ဖြင့် အထိုင်ချလိုက်သောကြောင့်
ကစားအား၊ သမ္ဘာနှင့် ကွင်းလယ်ကို ထိန်း ညှိပေးခြင်းများ တိုးတက်ကောင်းမွန်လာ သည်။ ရိုးမား
ဗဟိုခံစစ်တွင် ရိလက်ရွေးစင် မန်နိုလက်စ်နှင့် အီတလီလက်ရွေးစင် အက်စ်တိုရီတို့ဖြင့် အထိုင်ချပြီး
တောင်ပံ ခံစစ်များတွင် ရိလက်ရွေးစင် တိုရိုစီဒစ်နှင့် အီတလီလက်ရွေးစင် ဖလိုရန်ဇီတို့ကို ထည့်
သွင်းရာတွင် 'အစပ်အဟပ်' တည့်ပြီး နောက် တန်းလုံခြံုသွားသည်။

ခြံုကြည့်လျှင် အေစီမီလန်သည် 'ရစ်သမ်'ပျက်ပြီး ိုးသွင်းနှုန်း ကျဆင်းသွားသလို ပေးဂိုးလည်း များပြား
လာသည်။ တစ်ဖက် တွင် ရိုးမားသည် တိုက်စစ်အပြောင်းအလဲ ကြောင့် အလုပ်ဖြစ်ပြီး ိုးမြူးလာ
သကဲ့သို့ ခံစစ်လုံခြံုမှုပိုင်းတွင်လည်း တိုးတက်လာ သည်။ သို့ကလိုကြောင့် ရိုးမားကို ပိုကြိုက်
ပြီး ဂိုးနည်းသောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး