ပရီမီယာလိဂ်ရောက်လာတဲ့ အဆိပ်ပြင်းအသင်းငယ်လေး ဘုန်းမောက်

ပရီမီယာလိဂ်ရောက်လာတဲ့ အဆိပ်ပြင်းအသင်းငယ်လေး ဘုန်းမောက်

ရုန်းကန်ဖြတ်သန်းရတဲ့ ဘဝတစ်ခုမှာ အများစု က ခက်ခဲစွာဖြတ်သန်းကြရတာပေါ့။
မောခြင်း၊ ပန်းခြင်း၊ စိတ်ဓာတ်တွေ ဆုံးရှုံးခြင်း၊ ငွေကြေး တွေ ဆုံးရှုံးခြင်းနဲ့ ကြံုတွေ့ရ
သူတွေက အများ အပြားပဲ ဖြစ်ပါတယ်။လဲနေရင်ပြန်ထ၊ ပြန် လျှောက်ဖို့ တချို့ကလည်း
ပြောကြပါတယ်။ ပြန်တော့ထကြပေမယ့် ထနိုင်ဖို့တော့ လိုအပ်ပါတယ်။

ဘာတွေဘယ်လိုမှားလဲ၊ ဘာတွေ ပြင်ရမလဲဆိုတာကို သုံးသပ်ရဲဖို့က အရေးကြီး ပါတယ်။
ဒီလိုအခြေအနေမျိုးအတွက် လိဂ်ချန်ပီယံရှစ်က ဘုန်းမောက်ဆိုတဲ့ ဘောလုံး ကလပ်
အသင်းက စံနမူနာဖြစ်လို့နေပြီ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းမောက်က
လာမယ့်ဘောလုံးရာသီမှာ သားရဲတွေ ထူပြော တဲ့ ပရီမီယာလိ်တောနက်ကြီးထဲကို
တက်လှမ်းလာခဲ့လို့ပဲဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာတွေကို ဘေးဖယ်ထားလိုက်ဆိုတာ
ဘုန်းမောက်အသင်းပဲဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ လူတွေသိထားတာက
ဘုန်းမောက်ဆိုတာ Minow (အသင်းလေး)လို့ သတ်မှတ်ထားလို့ပါ။ ပြီးတော့ ပရီမီယာလိ်
ဆိုတဲ့နေရာဟာ သူတို့အတွက် မဖြစ်နိုင်တဲ့ နေရာလို့ ထင်ထားကြပါတယ်။ ဒါပေမဲ့ သူတို့ တွေ
ဖြစ်နိုင်အောင် လုပ်လိုက်ကြပြီ ဖြစ်ပါ တယ်။

လိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံအဖြစ်နဲ့ ကို ပရီမီယာလိ်ကို တက်လာကြသူတွေဖြစ်ပါ တယ်။
ဘုန်းမောက် ပရီမီယာလိ်တက်လာ တော့ ပရီမီယာလိ်ရဲ့ အသေးငယ်ဆုံးအသင်း
လေးဆိုတဲ့ဂုဏ်ပုဒ်နဲ့ အထင်သေးလာနေကြ ပြန်ပါပြီ။ ဘုန်းမောက်ဆိုတာ အင်္ဂလန်က
မြို့သေးသေးလေး၊ လူဦးရေ ၈၁,၀၀၀ ပဲ ရှိတဲ့ မြို့လေး၊ ကလပ်အသင်းရဲ့ ဘောလုံးကွင်းက
ပရိသတ် ၁၁,၇၀၀ ပဲ ဆံ့တဲ့ကွင်း၊ အမြင့်ဆုံး ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ကစား
သမားက ပေါင်သုံးသန်း၊ မဟာအသင်းကြီး တွေဖြစ်တဲ့ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊
မန်စီးတီးတို့ရဲ့ အသုံးစရိတ်နဲ့ မိုးနဲ့မြေ ကွာနေ တဲ့ကလပ်အသင်းဖြစ်လို့နေပါတယ်။ ဒါပေမဲ့
သူတို့တွေ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်ခဲ့တာ ဘယ်အချက်တွေကြောင့်လဲ။ ငွေ
ကြောင့် မဟုတ်တာ သေချာတယ်၊ ပရိသတ် အားကြောင့်မဟုတ်တာ သေချာပါတယ်။

ဒါပေမဲ့ သူတို့လုပ်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းရဲ့ တန်ဖိုးက
အလကား၊ အသင်းလိုက်ဆိုတာက အဓိကဆိုတာကို အသင်းပိစိကွေးလေး ဘုန်းမောက်က
ပြသလိုက်တာပဲဖြစ်ပါတယ်။ "လာမယ့် ရာသီမှာ ကျုပ်တို့ ပရီမီယာလိ်မှာ တင်ကျန်ရစ်မယ့်
အသင်းလေး ဖြစ်လာဦး မယ်"လို့ အသင်း ဥက္ကဋ္ဌကပြောလာပါတယ်။

သူတို့ လိ်ချန်ပီယံရှစ်ပြီးဖို့ တစ်ပွဲအလိုမှာ ပရီမီယာလိ် ကို တိုက်ရိုက်တက်ခွင့် ရသွားခဲ့ကြတာ
ဖြစ်ပါ တယ်။ မစ်ဒယ်ဘရော့နဲ့ ရမှတ်တူနေပေမယ့် ိုးကွာခြားချက်ကြီး က ကြောက်စရာကြီး
ဖြစ်တာကို တွေ့ရ မှာဖြစ်ပါတယ်။ ဘုန်းမောက် ၈၇ မှတ်၊ ိုးကွာခြား ချက် +၅၀၊ မစ်ဒယ်ဘရော့
ရမှတ် ၈၄ မှတ်၊ ိုးကွာခြားချက် +၃၁ ဆိုတာကို တွေ့ရပါတယ်။

နောက်ဆုံး ပွဲစဉ်မှာ ဘုန်းမောက်က အဝေး ကွင်းမှာ ရှုံးနိမ့်ပြီး မစ်ဒယ်ဘရော့က အိမ်ကွင်းမှာ
အနိုင်ရလိုက်ရင် နှစ်သင်းစလုံးရမှတ် ၈၇ မှတ်စီ တူသွားကြပြီဖြစ်ပါတယ်။ ဒီနေရာမှာ ဂိုး
ကွာခြားချက်က အဆုံးအဖြတ်ဖြစ်လာ မှာပါ။ +၅၀၊ +၃၁ ဆိုတဲ့ ကွာခြားချက်က ဘုန်းမောက်
ဟာ +၁၉ ဆိုတဲ့အားသာချက်ကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ သချင်္ာနည်းအရ နောက်ဆုံးပွဲမှာ
မစ်ဒယ်ဘရော့ ိုး ၂၀ သွင်းနိုင်မှ ဘုန်း မောက်ကို ကျော်မှာ ဖြစ်ပါတယ်။ ဘယ်နည်းနဲ့မှ
မဖြစ်နိုင်တဲ့အချက် မို့ ဘုန်းမောက်ဟာ တစ်ပွဲ အလိုမှာပဲ ပရီမီယာလိဂ် ကို တက်လာနိုင်
ခဲ့ပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၁၂၅ နှစ် အကြာမှာ သူတို့တွေ ပရီမီယာ လိဂ် ခရီးသစ်ကြီးကိုစ
တင်လိုက်တာပဲဖြစ်ပါတယ်။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာရဲ့ ပြယုဂ်ပါ။ ကံကောင်းပြီးတက်လာတဲ့အသင်းမျိုးမဟုတ်
ဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ် ပြီးသွားတော့ ဘုန်းမောက်ဆိုတဲ့
အသင်းလေးက သွင်းဂိုး ဘယ်လောက်ရှိခဲ့ပါသလဲ။ အံ့ဩစရာ ၉၈ ိုး တောင် သွင်းခဲ့တာ
ကို တွေ့ရမှာပဲ ဖြစ်ပါ တယ်။ ဒီလိုဂိုးသွင်းစွမ်းရည်ကောင်းတဲ့အချက် ကြောင့်လည်း
မစ်ဒယ်ဘရော့ကို သွင်းဂိုး ၁၉ ဂိုးအသာစီးရသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူတို့မှာ
တိုက်စစ်ကောင်း ခြင်းဆိုတဲ့ အားသာချက် တစ်ခု ရှိနေခြင်းက အသင်းလိုက် စုစည်း
မှုအားအောက်က သူတို့ရဲ့ လက်နက်ကောင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒီအားသာချက်က
သူတို့ကို အခုလို သမိုင်းသစ်ရေးထိုး နိုင်ဖို့ ဖြစ်လာတာ ဖြစ်ပါ တယ်။

အသင်းသေးသေးလေး၊ အမြင့်ဆုံးကစားသမားက ပေါင်သုံးသန်းဆိုပြီး လျှော့တွက်လိုက်
ရင် တော့ ဘုန်းမောက်ဆိုတဲ့ မြွေပွေးပေါက် လေးက သင့်ကို ပေါက်လိုက်မှာပဲဖြစ်ပါတယ်။
မြွေပွေးဆိုတာ သေးသေး၊ ကြီးကြီး သေနိုင်တဲ့ အဆိပ်ပိုင်ဆိုင်တာခြင်းကတော့ အတူတူ
ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်နဲ့သူတို့ လိဂ်ချန်ပီယံရှစ်ကို ဖြတ်သန်းလာခဲ့ပြီး ပရီမီယာလိ် ကို
တိုက်ရိုက်ဝင်ခွင့်ရလာတယ်ဆိုတာ မန်နျောဖြစ်တဲ့ အက်ဒီဟောင်းက အသိဆုံးဖြစ်နေခဲ့မှာပဲ
ဖြစ်ပါတယ်။ အက်ဒီဟောင်း ဆိုတဲ့၊ဘုန်းမောက်မန်နျော က ငယ်သေးပေမယ့် အဆိပ်
ရှိသူတစ်ယောက် ဖြစ်နေပါတယ်။ လိ်ချန်ပီယံရှစ် မန်နျောလောကမှာ ဆယ်စုနှစ်တစ်စု
အတွင်းမှာ အောင်မြင်မှုအရဆုံး မန်နေဂျာဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

Attack,Attack ဆိုတာ အက်ဒီဟောင်းရဲ့စတိုင်ဖြစ်ပါတယ်။ ဘုန်းမောက်ကို ဒီနည်းနဲ့
တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြိုင်ဘက် က တစ်ဂိုးသွင်းရင် ဘုန်းမောက်က နှစ်ိဂိုးသွင်း
မယ်ဆိုတဲ့ပုံစံနဲ့ လိဂ်ချန်ပီယံရှစ်ကို ဖြတ်သန်း ခဲ့သူဖြစ်ပါတယ်။ ကစားသမားတွေရဲ့ တန်ရာ
တန်ကြေးကို ဂရုစိုက်ထားသူ မဟုတ်ပါဘူး။ ၂၀၀၈ဪဝ၉ ရာသီက ရမှတ် ၁၇ မှတ်
အလျှော့ ခံခဲ့ရလို့ ထိပ်တန်းအဆင့်တက်လာနိုင်မယ့်အခြေအနေက သွေဖည်သွားတဲ့
ဘုန်းမောက် ဟာ အက်ဒီဟောင်းကိုင်လိုက်တဲ့ နောက်ပိုင်း ကစပြီး အားလုံးက အလုံး
စုံပြောင်းလဲသွားခဲ့ တာဖြစ်ပါတယ်။

အပြောအဆို၊ အသွားအလာ၊ အနေအထိုင်သိမ်မွေ့တဲ့သူဖြစ်ပြီး ဘုန်းမောက် အသင်း
အကြောင်းပဲ အာရုံစိုက်ထားလို့ ငြိမ်နေတဲ့ ကြွက်တစ်ကောင်လို့ တင်စားခဲ့ကြပါတယ်။
သူက ဘုန်းမောက်ရဲ့ နောက်တန်း သမားဖြစ်ခဲ့ပြီး အခုဝက်စ်ဘရွန်းကို ကိုင်နေ တဲ့
တိုနီပူးလစ်၊ ဆရာကြီးဟယ်ရီရက်ဒ်နက် တို့လက်အောက်မှာ ကစားခဲ့ရပြီး ကစားသမား
ဘဝကတည်းက နည်းပြပညာတွေကို လေ့လာခဲ့သူလို့ ဆိုပါတယ်။ သူ့ရဲ့ နည်းပြအိုင်ဒီ
ယာက သာမန်ထက် ကွဲနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အသင်းရှုံးနေရင် တိုက်စစ်
ပိုကစားသလို အသင်းနိုင်နေရင်လည်း ခံစစ်ထိုင်ပြီး မကစားတတ်သူဖြစ်နေတာ က
ကွဲထွက်တဲ့ဟန် ဖြစ်နေပါတယ်။

ဒီနှစ် လိဂ်ချန်ပီယံရှစ်က အကြိတ်အနယ်ဖြစ်ခဲ့တဲ့ တစ်နည်းအားဖြင့် အဆင့်မြင့်လာတဲ့
ပထမ တန်း အမှတ်ပေးပွဲဲဖြစ်ပါတယ်။ လိ်ချန်ပီယံရှစ်ကအသင်းတွေရဲ့ ပိုင်ရှင်တွေကိုကြည့်
လိုက်ရင် အများစုက အင်္ဂလန်ပြင်ပက သူဌေး တွေအများအပြားပိုင်တဲ့ လိဂ်ချန်ပီယံရှစ်
ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လိဂ်ချန်ပီယံရှစ် အမှတ်ပေး ပွဲက အကြိတ်အနယ်ဖြစ်လာခဲ့တာ ဖြစ်ပါ
တယ်။ ဘုန်းမောက်နဲ့အတူ ပရီမီယာလိဂ်ကိုတက်လာတဲ့ ၀က်ဖို့ဒ်နဲ့ ခြေစစ်ပွဲကစားရမယ့်
မစ်ဒယ်ဘရော့၊ နော်ဝစ်ချ်၊ အစ်ဆွစ်ချ်၊ ဘရန့် ဖို့ဒ်တို့ဟာ ဒါဘီ နော့တင်မ်ဖောရက်စ်တို့နဲ့
အတူ အကြိတ်အနယ်ဖြစ်လာခဲ့သလို အသင်း တွေရဲ့ ခြေစွမ်းကလည်း တည်ငြိမ်ကြတဲ့
အတွက် လိဂ်ချန်ပီယံရှစ်အမှတ်ပေးဇယား က တစ်ပတ်တစ်မျိုး ပြောင်းလဲနေခဲ့ပါတယ်။
အဲဒီလိုအခြေအနေမှာ ဘုန်းမောက်ဟာအခုလို ပရီမီယာလိ်ကို တိုက်ရိုက်ဝင်ခွင့် ရတာက
လေးစားဖွယ် တန်ဖိုးတစ်ခုကြောင့် တက်လာတာဖြစ်တယ်ဆိုတာ ထင်ရှားနေ ခဲ့ပါတယ်။

ဘုန်းမောက်ကို အက်ဒီကိုင်ခဲ့တဲ့ ၂၀၀၈ဪဝ၉ ရာသီက လိဂ်ဪ၂ မှာ ရမှတ် ၁၇
မှတ်အလျှော့ခံရပြီး ကံကောင်းစွာ တန်းမဆင်းခဲ့ရတဲ့ ဘုန်းမောက်ဟာ ၂၀၀၉-၁၀
မှာတော့ ဒုတိယရပြီး လိဂ်-၁ ကိုတက်လာခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီကနေ ၂၀၁၁-၁၂
ရာသီအတွင်းမှာတော့ အက်ဒီဟာ ဘုန်းမောက်ကို ကျောခိုင်းသွားခဲ့ပြီး ၂၀၁၂-၁၃ ရာသီမှာ
သူဟာ ဘုန်းမောက်ကို ပြန်ကိုင်ခဲ့ပြီး ဘုန်း မောက်ကို လိ်ချန်ပီယံရှစ်တန်းတက်လာ
အောင်စွမ်းဆောင်လိုက်ပါတယ်။ မနှစ်က လိ်ချန်ပီယံရှစ်မှာ အဆင့်(၁၀)သာ ရခဲ့ပေမယ့်
ဒီနှစ်လည်းကျရော ဘုန်းမောက်ကို ပရီမီယာလိ်တက်နိုင်အောင် စွမ်းဆောင် လိုက်တာ
ကတော့ အက်ဒီဟောင်းဆိုတဲ့ မန်နေဂျာလေးဟာ ခံညံ့ညံံ့မဟုတ်ဘူးဆိုတာ ကို
သက်သေပြလိုက်ပြပါတယ်။ လာမယ့်ပရီမီယာလိ်ရာသီမှာ ဘုန်းမောက်ဟာ တန်းပြန်
ဆင်းရမယ်လို့ ရေပန်းစားဦးမှာပါ။ ဒါပေမဲ့ အက်ဒီဟောင်းနဲ့ သူ့လူတွေကို လျှော့ တွက်ရင်တော့
သူတို့ရဲ့ထိုးနှက်မှုကို ခံရမှာသေချာပါတယ်။

အသင်းလိုက်စိတ်ဓာတ်က ပြိုင်ဘက်တွေ စိုးရွံ့စေမှာဖြစ်ပါတယ်။ ဆောက်သမ်တန်ကနေ
အငှားနဲ့ ဘုန်းမောက်ကို လာကစားနေတဲ့ ိုးသမား အာသာ ဘိုရပ်က "သူတို့တွေ
တစ်ရာသီလုံး ကြိုးကြိုး စားစားလေ့ကျင့်ခဲ့ကြတာ။ အဲဒီအတွက် အိပ်မက်တွေက
တကယ်ဖြစ်လာခဲ့တာ။ တကယ့်အောင်မြင်မှုပါပဲ။ ထင်ရှားတဲ့ စတား ပလေယာဆိုတာ
သူတို့မှာမရှိဘူး။

ချာတိတ် တွေ စုစုစည်းစည်းရှိကြတယ်။ ကျွန်တော် သူတို့အတွက် ဂုဏ်ယူတယ်။
ဒီမှာလာကစားရတာလည်း အရမ်းဝမ်းသာကျေနပ်မိတယ်"လို့ ပြောဆိုသွားပါတယ်။
ဘုန်းမောက်ဟာ ရုရှားသူဋ္ဌေး ဒီနင်ပိုင်တဲ့ကလပ်အသင်းလေး ပါ။ အစောပိုင်းနှစ်တွေ
က ဟာရီရက်ဒ်နက်ကိုင်တွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကလပ်ရဲ့ ဟီးရိုးက
ရက်ဒ်နက်ထက် အက်ဒီဟောင်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ကောလမ်ဝီလ်ဆင်၊ ကာမောန့်၊ ရစ်ချီ၊ မာ့ခ်ပါ့ချ်တို့ဟာ ဘုန်းမောက်ကွင်းလယ်နဲ့
တိုက်စစ်တို့က အဓိကအားထားရတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ ဦးဆောင်ိဂိုးသွင်းပြီးရင်
ထိန်းထားနိုင်တဲ့ စွမ်းရည်အားနည်းတာက လွဲရင် ဘုန်းမောက်တိုက်စစ်ဟာ အကောင်းဆုံး
ပုံစံရှိခဲ့လို့အခုလို ပရီမီယာလိ်ကို ၁၂၅ နှစ် အတွင်းမှာပထမဆုံးအကြိမ် တက်လာခဲ့တာ
ဖြစ်ပါတယ်။ စုစည်းမှုနဲ့ ကြိုးစားမှုအားထုတ်မှုကို မရပ်လိုက်ဖို့ ဘုန်းမောက်ဘောလုံး
ကလပ်က အားလုံးကို နှိုးဆော်လိုက်သလို အဆိပ်ပြင်းအသင်းငယ်လေး ဘုန်းမောက်
ဟာ လာမယ့်ရာသီပရီမီယာလိဂ်မှာ ဒုက ပေးမယ့် အသင်းလေး ဖြစ်လာမှာ သေချာ နေပါရဲ့...။



ဖတ်ရှုမှုအများဆုံး