ရီးယဲလ်မက်ဒရစ် - ဗလင်စီယာ
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
ရီးယဲလ်ဟာ ပန်းဝင်ခါနီးပွဲကျပ်ကာလရဲ့ ပထမခြေလှမ်းကိုတော့ အကောင်းဆုံး ကျော်ဖြတ်နိုင်
ခဲ့ပါတယ်။ ဘာစီလိုနာမကျော်ဖြတ်နိုင်ခဲ့တဲ့ ဆန်ချက်ဇ်ပစ်ဟွမ်ရဲ့ စံချိန်ကို ရီးယဲလ်က
ရော်နာဒိုက ချိုးဖျက်နိုင် ခဲ့တာ တွေ့ရတယ်။
ဆီဗီလာနဲ့ပွဲမတိုင်မီ သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ရော်နာဒိုရဲ့ ဟက်ထရစ်ဟာ ရီးယဲလ်ရဲ့ဒီ
ရာသီ ဆုဖလား နှစ်လုံးအတွက် မျှော်လင့်ချက်တွေအတွက် လည်း ယုံကြည်မှု ပိုအားကောင်း
သွားစေခဲ့ ပါတယ်။ အခုတစ်ပတ်ကတော့ ရီးယဲလ်အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲကို
ဖြတ်သန်းရဖို့ ရှိလာပြန်ပါပြီ။ ဒါပေမဲ့ ဒီပွဲကိုတော့ အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမှာဖြစ်
လို့ ရီးယဲလ် ဘက်က အခွင့်အရေးတွေ ပိုရှိနိုင်တယ်လို့ တော့ ပြောနိုင်တယ်။
ဒီပွဲမတိုင်မီနဲ့ ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ဂျူဗင်တပ်နဲ့ကစားဖို့ ရှိနေပေမယ့်
အခု ဗလင်စီယာနဲ့ပွဲဟာလည်း ရီးယဲလ်ရဲ့ လာလီဂါချန်ပီယံမျှော်လင့်ချက် အတွက် သိပ်ကို
အရေးပါနေတယ်။
ဒီပွဲမှာ ရီးယဲလ် မတော်တဆ တိမ်းစောင်းသွားပြီး အမှတ်ဆုံးရှုံးခဲ့မယ်ဆိုရင် လာလီဂါချန်ပီယံ
မျှော်လင့်ချက်ဟာ ပြီးဆုံးသလောက် အခြေ အနေအထိ ရောက်သွားနိုင်တယ်။ ဒီလိုပဲ
ဒီပွဲပြီးရင် ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်နဲ့ ကစားရမယ့်ပွဲကလည်း ရီးယဲလ်ရဲ့ နောက်ထပ်
ဆုဖလားတစ်လုံးအတွက် အရေးပါနေတဲ့ပွဲဖြစ်နေပြန်တယ်။ ဒါကြောင့် ဒီသီတင်းပတ်ဟာ
ရီးယဲလ်အတွက်တော့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဆုဖလားနှစ်လုံး အတွက် အဖြေတစ်ခုခုတော့
ထုတ်ပေးနိုင် မယ့်သီတင်းပတ်လို့ပဲ ပြောရတော့မယ်။
အခုရီးယဲလ်နဲ့ ရင်ဆိုင်ရမယ့် ဗလင် စီယာကလည်း ပထမအကျော့ အိမ်ကွင်းမှာ တုန်းက
ရီးယဲလ်ကို အနိုင်ရအောင်ကစားပြ ထားတဲ့အသင်း ဖြစ်နေတယ်။ နောက်ပြီး သူတို့ကလည်း
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆီဗီလာရဲ့နောက်က ဖိအား လိုက်ပေးနေ မှုကို အလွတ်ရုန်းနေရ
တဲ့ အချိန်မျိုး ဖြစ်လို့ ရာသီသိမ်းခါနီးရောက်မှ ခွာလိပ် သွားတဲ့အဖြစ်မျိုး မဖြစ်ရလေအောင်
သတိ ထားပြီး ကစားနေတဲ့အချိန်လည်းဖြစ်တယ်။ ရီးယဲလ်ထက် ဗလင်စီယာရဲ့အားသာမှု
က ရီးယဲလ်လို ပြိုင်ပွဲနှစ်ခုအကြား အာရုံများနေချိန်မျိုးမဟုတ်ဘဲ လာလီဂါဘက်မှာပဲ
အပြည့်အဝ အာရုံစိုက်ထားနိုင်ခွင့်ရှိနေတဲ့အချက်ပါပဲ။
ဒီအခွင့်အရေးကို ဘာနေဗျူးမှာ ဗလင်စီယာအသင်း အကောင်းဆုံးအသုံးချ ပြနိုင်မလား
ဆိုတာ စိတ်ဝင်စားစရာ စောင့် ကြည့်ရမယ့်အချက် ဖြစ်နေတယ်။ ဗလင်စီယာရဲ့ နောက်
ဆုံးကစားခဲ့တဲ့ အဝေးကွင်းရလဒ်တွေကို ကြည့်မယ်ဆိုရင် တော့ သိပ်အားကောင်းမှု
မရှိပါဘူး။ နောက် ဆုံးကစားခဲ့တဲ့ အဝေးကွင်းနှစ်ပွဲမှာ ဘာစီလိုနာကိုရှုံးပြီး ရာယိုလို
မက်ဒရစ်မြို့ခံ အသင်းနဲ့ သရေပဲကစားထားနိုင်တယ်။ နောက်ပြီး ဗလင်စီယာကစားပုံ
ဟာ အဝေး ကွင်းမှာတိုက်စစ်ပိုင်းက ဂိုးရနှုန်းအားနည်း နေတာကိုလည်း တွေ့ရတယ်။
ဒါကြောင့် အခုပွဲမှာ အိမ်ကွင်းခံစစ်ကစားပုံ အမှား နည်းလာတဲ့အပြင် ကာဆီးလက်စ်ပါ
လက် ပြန်မှန်နေတဲ့ ရီးယဲလ်ဘက်ကို ဗလင်စီယာ တိုက်စစ်ပိုင်းက ခြိမ်းခြောက်နိုင်စွမ်းရှိပါ့
မလားဆိုတာလည်း နောက်ထပ် စိတ်ဝင်စား စရာအချက်ပါပဲ။ ရီးယဲလ်ကတော့ အလက်တီ
ကိုကို ချန်ပီယံလိဂ်မှာ ဖြုတ်ချနိုင်ခဲ့ပြီးနောက်မှာ အသင်းလိုက်စိတ်ဓာတ်ပိုင်း ပိုပြီးအားကောင်း
လာသလို တွေ့နေရတယ်။ ပွဲတိုင်းကို စိတ် ဓာတ်အပြည့်နဲ့ ကစားလာနိုင်သလို ယုံကြည်
မှုပိုင်းမှာလည်း မြင့်မားလာနေသလို ဖြစ်နေ တယ်။အသင်းမှာ လူမစုံတဲ့အချိန်မှာတောင်
ရီးယဲလ်ဟာ အိမ်ကွင်း အဝေးကွင်းမရွေးတိုက်စစ်ပိုင်းကဂိုးတွေရအောင် ပြန်ကစား
နေနိုင်တာလည်း တွေ့ရတယ်။ ရော်နာဒိုက လည်း လှောင်ပြောင်ခံနေရတဲ့ ဖိအားတွေ
အောက်မှာ ဂိုးရဖို့ ဆာလောင်မှုတွေ ပိုပြင်းပြ နေသလို ကွင်းလယ်မှာ မိုဒရစ်မကစားနိုင်
ပေမယ့်လည်း ဟာမက်စ် ရိုဒရီဂွက်ဇ်က အသင်းတိုက်စစ်ကို ဟန်ချက်မပျက်အောင်
ထိန်းထားနိုင်ခဲ့တယ်။
အခုဆိုရင် ဘေးလ်လည်း ပြန်ကစားနိုင်ပြီဖြစ်လို့ ရီးယဲလ် တိုက်စစ်ပိုင်းဟာ ပိုပြီးတောင်
အားပြည့်နိုင်ဖို့ များတယ်။ ဗလင်စီယာကလည်း ရာသီအစပိုင်းမှာ အဝေးကွင်း ခံစစ်ကစားပုံ
စိတ်မချရ ပေမယ့် ၂၀၁၅ ထဲ အရောက်မှာတော့ အဝေး ကွင်းကစားပုံ ပိုပြီးစေ့လာတာတော့
တွေ့ရ တယ်။ အဝေးကွင်းမှာ ခံစစ်ကိုလုံခြံုအောင် ကစားပြီးမှ ဂိုးရဖို့အတွက် စိတ်ရှည်ရှည်စောင့်
ကစားတတ်တာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးကစားတဲ့ ပွဲတွေမှာတော့ ဗလင် စီယာရဲ့
အဝေးကွင်း ခံစစ်ကစားပုံဟာ တိုက်စစ်က ဂိုးသွင်းနိုင်တဲ့အသင်းမျိုးတွေနဲ့ ကစားရတဲ့အခါ
ထိန်းချုပ်နိုင်စွမ်း အနည်း ငယ်အားနည်းတာကို ဘာစီလိုနာ၊ ရာယို အသင်းတွေနဲ့ပွဲမှာ
တွေ့ခဲ့ရလို့ အခုလည်း တိုက်စစ်အားကောင်းနေတဲ့ ရီးယဲလ်ကို ပွဲချိန်ပြည့်တောင့်ခံနိုင်
ဖို့ဆိုတာ ဗလင်စီယာအတွက် သိပ်မလွယ်လှဘူးထင်ပါတယ်။
ရီးယဲလ်တိုက်စစ်ဟာ နောက်ဆုံးကစား ခဲ့တဲ့ သုံးပွဲမှာ ၁၀ ဂိုးအထိ ပေးထားရပြီး
တိုက်စစ်အစွမ်းပြနေတာ တွေ့ရတယ်။ ဒါပေမဲ့ ရီးယဲလ်ကို သတိထားရမယ့်အချက် က
အိမ်ကွင်းမှာ အိမ်ခံပရိသတ်တွေဆီက လှောင်ပြောင်မှုတွေခံရတတ်လို့ ဒီလှောင် ပြောင်
မှုတွေက အသင်းကစားပုံအပေါ် ရိုက်ခတ်မှုရှိသွားနိုင်တဲ့ အချက်ပါပဲ။ ဒီပွဲ မကစားမီ ဆီဗီလာ၊
ဂျူဗင်တပ်လိုအသင်း တွေနဲ့ အဝေးကွင်းနှစ်ပွဲဆက် ကစားထား ရတဲ့အတွက် ပွဲပန်းမှုလည်း
ရှိနေနိုင်လို့ ဒီပွဲကို အားကုန်ထုတ်ကစားနိုင်ဖို့ လွယ်ကူပါ့ မလား စောင့်ကြည့်ရဖို့ရှိတယ်။
အထူးသဖြင့် အသင်းလိုက် ကြံ့ခိုင်မှုပိုင်းအပြည့်အဝမရှိ သေးချိန်မှာ အခုလိုပွဲကြီးတွေကို
ဆက်တိုက် ကစားရမှာဖြစ်လို့ ရီးယဲလ်ရဲ့ ကြံ့ခိုင်မှုကို တော့ သတိထားရလိမ့်မယ် ထင်ပါ
တယ်။ ပထမအကျော့တုန်းကလည်း ရီးယဲလ် ဟာ ဗလင်စီယာရဲ့ လျင်မြန်တဲ့ တန်ပြန်
တိုက်စစ်တွေကို ထိန်းချုပ်ရာမှာ ခက်ခဲခဲ့တာ ကိုတွေ့ရလို့ အခုပွဲမှာလည်း ဗလင်စီယာ
ကွင်းလယ်ရဲ့ မာကျောလျင်မြန်မှုနဲ့ တန်ပြန် တိုက်စစ်ကစားပုံ ထိရောက်မှုရှိတာတွေက
ရီးယဲလ်ကိုပြန်ပြီး အခက်တွေ့စေဦးမှာပါ။ ဘာနေဗျူးမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ လာလီဂါ
သုံးပွဲမှာလည်း ဗလင်စီယာဟာ ရီးယဲလ်ကိုသုံးပွဲစလုံး သရေကျအောင် ကစားထားနိုင်
တာတွေ့ရလို့ ဒီအစဉ်အလာ ကို အခုပွဲမှာလည်း ဗလင်စီယာ ဆက်ထိန်း ထားနိုင်မလား
ဆိုတာ စောင့်ကြည့်ရတော့ မယ်။ ပွဲကျပ်တွေဆက်နေတဲ့ ရီးယဲလ်ထက် ဗလင်စီယာနဲ့
ဂိုးအများကိုပဲ ဦးစားပေးထား ကြည့်ချင်မိတယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၁း၁၅
* အိုင်ဘာ - အက်စ်ပန်ညို
စနေ၊ ည ၈း၃၀
* ဂရန်နာဒါ - ကော်ဒိုဘာ
စနေ၊ ည ၁၀း၃၀
* ဘာစီလိုနာ - ဆိုစီဒက်
တနင်္ဂနွေ၊ နံနက် ၂း၃၀
ဘီလ်ဘာအို - ဒီပို့တီဗို *
တနင်္ဂနွေ၊ ညနေ ၄း၃၀
လီဗန်တေး - အလက်တီကို *
တနင်္ဂနွေ၊ ည ၉း၃၀
* ဗီလာရီးယဲလ် - အယ်လ်ချီ
တနင်္ဂနွေ၊ ည ၁၁း၃၀
* အယ်လ်မီရီယာ - မာလာဂါ
တနင်္လာ၊ နံနက် ၁း၃၀
* ဆယ်လ်တာဗီဂို - ဆီဗီလာ
အင်္ဂါ၊ နံနက် ၁း၁၅
* ရာယို - ဂီတာဖေး















