အိမ်ရှင်အသင်းတွေ အများစု အနိုင်ရနိုင်တဲ့ ရက်သတ္တပတ်

အိမ်ရှင်အသင်းတွေ အများစု အနိုင်ရနိုင်တဲ့ ရက်သတ္တပတ်

ဟမ်းဘတ် - ဖရိုင်းဘတ်
စနေ၊ နံနက် ၁းဝဝ

ပထမအကျော့ရလဒ်၊ ဖရိုင်းဘတ် ၀-၀ ဟမ်းဘတ်
ဟမ်းဘတ်က တန်းဆင်းဇုန်ထဲမှာ ကျရောက်နေပြီး ဖရိုင်းဘတ်ကလည်း တန်းဆင်း
ဇုန်ထဲ တဝဲလည်လည်ဖြစ်နေပါ တယ်။ တန်းဆင်းဇုန်ကနေ ရုန်းထွက်မယ့် ဟမ်းဘတ်
ကို ပိုပြီးအကြိုက်တွေ့တယ်။

ဘိုင်ယန်မြူးနစ် - အော့စ်ဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ အော့စ်ဘတ် ၀-၄ ဘိုင်ယန်
ရ၆ မှတ်ရပြီး တန်းစီဇယားကို ဦးဆောင် နေတဲ့ ဘိုင်ယန်တို့ အေးအေးသက်သာက
စား လို့တော့ ရနေပါတယ်။ ဒါပေမဲ့ ရော်ဘင်၊ ဘက်စတူတာ၊ လီဝမ်ဒေါစကီးတို့
မပါ၀င်နိုင် ခြင်းက ဘိုင်ယန်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်စေပါတယ်။ ဒါပေမဲ့
လည်း ဂွာဒီယိုလာရဲ့ စီမံမှု ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရမှာ ပါ။ ဘိုင်ယန်ကို
ပဲ ရွေးချယ်ထားချင်ပါတယ်။

ဒေါ့မွန် - ဟာသာဘာလင်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဟာသာဘာလင် ၁-၀
ဒေါ့မွန် ဒေါ့မွန်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂရော့ ကရီရက်ခ်ကတော့ ဒူးဒဏ်
ရာကြောင့် ရာသီ ကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဂျာဂင်ကလော့စ်
ကတော့ ဘယ်သူတွေ ဘာ ပြောပြော အသင်းရလဒ်ကောင်းဖို့ကိုပဲ အာရုံ စိုက်
ထားတယ်လို့ ဆိုပါတယ်။ အဆင့်(၉) နေရာက ဒေါ့မွန်ကိုပဲ သဘောကျပါတယ်။

မွန်ချင်ဂလက်ဘတ် - လေဗာကူဆင်
စနေ၊ ည ၈းဝဝ ပထမအကျော့ရလဒ်၊ လေဗာကူဆင် ၁-၁ မွန်ချင်
ပထမအကျော့တုန်းက သရေကျခဲ့ပေမယ့် မွန်ချင်ကို လျှော့တွက်ဖို့ မဖြစ်နိုင်ပါဘူး။
ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် ဖောင် ဖျက် တိုက်ပွဲဝင်မယ့် မွန်ချင်နဲ့ လက်
တွဲထား ရအောင်။

ဟန်နိုဗာ - ၀ါဒါဘရီမင်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ၀ါဒါဘရီမင် ၃-၃ ဟန်နိုဗာ
ချစ်ကြည်ရေးခြေစမ်းပွဲမှာတော့ ၀ါဒါဘရီ မင်ဟာ ဟန်နိုဗာကွင်းမှာ ၂-၃ ဂိုးရလဒ်နဲ့
အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုဟန်နိုဗာ ကွင်းမှာတော့ မလွယ်လောက်ဘူး။ ၀ါဒါဘရီ
မင် ရုန်းကန်ရဖွယ်ရှိပါတယ်။

ဖရန့်ဖတ် - ဟော့ဖန်ဟိမ်း
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဟော့ဖန်ဟိမ်း ၃-၂ ဖရန့်ဖတ်
ဖရန့်ဖတ်ရဲ့ အနေအထားက ဇယား အလယ်မှာ ဟိုမရောက်ဒီမရောက်ဖြစ်နေ
တယ်။ ဟော့ဖန်ဟိမ်းကတော့ ယူရိုပါလိဂ် ၀င်ခွင့်ဆိုတဲ့ မျှော်လင့်ချက် ကောက်ရိုး
တစ်မျှင်ကို ဆွဲကိုင်ပြီး ဖရန့်ဖတ်ကို ရင်ဆိုင် ရမှာပါ။ ဟော့ဖန်ဟိမ်းကို ရွေးထားချင်ပြီး
နှစ်သင်းပေါင်း ဂိုးများနိုင်တာကို သတိပြုပါ။

စတုဂတ် - မိန့်ဇ်
စနေ၊ ည ၁၁းဝဝ
ပထမအကျော့ရလဒ်၊ မိန့်ဇ် ၁-၁ စတုဂတ်
စတုဂတ်အခြေအနေက ဇယားအောက် ခြေမှာ အတော်ဆိုးနေသလို မိန့်ဇ်ကလည်း
ဇယားအလယ်မှာ ယောင်ပေပေဖြစ်နေပါ တယ်။ နှစ်သင်းစလုံးကစားပြီးတဲ့ပွဲတွေမှာ
သရေပွဲတွေ များတတ်လွန်းလို့ ဒီပွဲစဉ်ကို သရေကျမယ်လို့ ခန့့်မှန်းချင်ပါတယ်။ နှစ်သင်း
ပေါင်းသွင်းဂိုး နည်းနိုင်ပါတယ်။

ပက်ဒါဘွန်း - ၀ုဖ်ဘတ်
တနင်္ဂနွေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ၀ုဖ်ဘတ် ၁-၁ ပက်ဒါဘွန်း
တန်းတက်ပက်ဒါဘွန်းအနေနဲ့ အဆင့် (၁၄)နေရာမှာ ရပ်တည်နေနိုင်တာကတော့
မဆိုးပါဘူး။ ဒါပေမဲ့ ၀ုဖ်ဘတ်ကလည်း နောက်ဆုံးသုံးပွဲစလုံး အနိုင်ရတောင် ဘိုင်ယန်
ကို မမီတော့ပါဘူး။ ၀ုဖ်ဘတ် အမှတ်ရောင်း နိုင်ပါတယ်။ ဧည့်သည်ကို လက်ရှောင်လိုက်
ကြရအောင်။ ကိုလုံး ဪ ရှော်လ်ကေး တနင်္ဂနွေ၊ ည ၁၀းဝဝ ပထမအကျော့ရလဒ်၊
ရှော်လ်ကေး ၁ဪ၂ ကိုလုံး ကိုလုံးအတွက် ဘာမှမထူးခြားပေမယ့် ဥရောပတစ်နေရာ
ကို ဆုပ်ကိုင်လိုခြင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့ မျှော်လင့်ချက် အိပ်မက်ကို အသက်သွင်း
လိုခြင်းတို့ကြောင့် ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လာမယ့် ရှော်လ်ကေးကို သဘော
ကျပါတယ်။



ဖတ်ရှုမှုအများဆုံး