ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် မြန်မာဂျူ ဒိုအသင်း သည် ရွှေတံဆိပ် လေးခုရယူနိုင်ရန်မျှော်မှန်း
ထားသည်။
လာမည့် စင်ကာပူဆီးဂိမ်း ဂျူဒိုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၁၂ မျိုးကိုထည့်သွင်း ကျင်းပသွား
မည်ဖြစ်ရာ မြန်မာနိုင်ငံက ၁၀ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေလေးခုရယူနိုင်
ရန် မျှော်မှန်းထားသည်ဟု ဂျူဒိုအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။
"မနှစ်ကဆီးဂိမ်းမှာ ရွှေတံဆိပ် လေးခုရခဲ့တယ်လေ။ ဒီနှစ်လည်း လေးခုရယူနိုင်ဖို့
မျှော်မှန်းထားပါတယ်။ လွယ်တော့မလွယ်ဘူးပေါ့။ ပြိုင်ဘက်နိုင်ငံတွေကလည်း
အကောင်းဆုံး ပြင်ဆင်နေကြတယ်။ ရလဒ်ကောင်းရအောင် အကောင်းဆုံးကြိုးစားသွား
မှာပါ။ဒီနှစ်ပြိုင်ပွဲမှာတော့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေကို အဓိက ယှဉ်ပြိုင်ရမယ်ထင်တယ်"
ဟု မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်အထွေထွေ အတွင်း ရေးမှူး ဦးအောင်နိုင်ဆွေက မြန်မာတိုင်း(မ်)
ကို ပြောသည်။
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်သည် ဆီးဂိမ်း အကြို ပြင်ဆင်မှုအနေဖြင့် ပြည်ပနိုင်ငံများ နှင့် ပူးတွဲလေ့
ကျင့်မှုများ ပြုလုပ်လျက်ရှိ သည်။ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်
လယ်ဝေး ဂျူဒိုဒိုအားကစားခန်းမတွင် လာအိုဂျူ ဒိုအသင်းနှင့် ပူးတွဲလေ့ကျင့်မှုပြုလုပ်ခဲ့သည်။
အဆိုပါ ပူးတွဲလေ့ကျင့်မှုတွင် မြန်မာအသင်းမှ အားကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်ခဲ့ပြီး
လာအိုအသင်းက ဂျပန်နည်းပြတစ်ဦးနှင့် အားကစားသမားသုံးဦး ပါ၀င်ခဲ့သည်။ "ဒီမှာ
လာရောက်ပူးတွဲလေ့ကျင့်ဖို့ လာအို အသင်းက စပြီးကမ်းလှမ်းခဲ့တာပါ။ ကျွန်တော် တို့က
လည်း ဆီးဂိမ်းမတိုင်ခင် ပြိုင်ပွဲအတွေ့ အကြံုရတာကြောင့် လက်ခံခဲ့ပါတယ်။ ပြည် တွင်း
ကစားသမားအချင်းချင်း လေ့ကျင့်တာ ထက် နိုင်ငံခြားကစားသမားတွေနဲ့ ပူးတွဲလေ့ကျင့်တာက
ကစားသမားတွေအတွက် ပိုအထောက်အကူဖြစ်တယ်"ဟု ပြောသည်။
အဆိုပါပူးတွဲလေ့ကျင့်မှုမတိုင်မီ မြန်မာဂျူဒိုအသင်းသည် ဂျပန်နိုင်ငံသို့ သွားရောက် ၍
ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဦးအောင်နိုင်ဆွေက ပြောသည်။ "ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ
က ဂျပန်နိုင်ငံကို သုံးပတ်ကြာသွားရောက်ပြီး ပူးတွဲလေ့ကျင့်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၁၄
အင်ချွန်း အားကစားပြိုင်ပွဲကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါတွေအားလုံး ဆီးဂိမ်းအတွက်
ပြင်ဆင်မှုတွေပါပဲ။ အာရှပြိုင်ပွဲမှာ ဆုတံဆိပ်တွေ မရရှိခဲ့ပေမယ့် ကျွန်တော်တို့ ကစားသမားတွေ
ပြိုင်ပွဲအတွေ့အကြံုတွေအများကြီးရရှိခဲ့ပါတယ်။ အာရှအဆင့်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်လေ။
ဒီအတွေ့အကြံုတွေက ဆီးဂိမ်းမှာ အထောက် အကူဖြစ်မှာပါ"ဟုပြောသည်။
မြန်မာဂျူ ဒိုအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံတွင် အိမ်ရှင်
အဖြစ်လက်ခံ ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် လေးခု၊
ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ် သုံးခုရရှိခဲ့ပြီး နိုင်ငံအလိုက်ရပ်တည်မှုတွင် အဆင့်(၂)
ရခဲ့သည်။















