နာပိုလီအသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် အသင်းနည်းပြ ရာထူးမှ ထုတ်ပယ်
ခံရရန် နီးစပ်နေသည့် အေစီမီလန်အသင်းနည်းပြ အင်ဇာဂီမှာ ယခုနှစ်ရာသီကုန်အထိ
အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်းအီတာလျံမီဒီယာများက ဖော်ပြခဲ့သည်။
ထိုပွဲစဉ်အပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသင်း တာဝန်ရှိသူတစ်ဦးက
မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
အေစီမီလန်အသင်းသည် နာပိုလီအသင်းနှင့်ပွဲမတိုင်မီ ကြားရက်တွင် ကစားခဲ့သော ဂျီနိုအာ
အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးကပင် အင်ဇာဂီ ရာထူးက ထုတ်ပယ်ခံရတော့မည်
ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် အသင်းတာဝန်ရှိသူများကမူ ၎င်းတို့၏ ကစားသမားဟောင်း ကို ရာသီကုန်ထိ
ဆက်လက်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သည်။ "ကျွန်တော့်နှလုံးသားထဲမှာ အေစီအသင်း
အမြဲရှိနေတဲ့အတွက် အခွင့်အရေးရခဲ့မယ်ဆိုရင် စာချုပ်သက်တမ်းအချိန်အတိုင်းအတာ
တစ်ခုအထိ ဆက်လုပ်ချင်ပါသေးတယ်"ဟုလည်း အင်ဇာဂီက ပြောကြားခဲ့သည်။














