ဂျူဗင်တပ် - ကက်ဂလီယာရီ
(စနေ၊ ည ၁၀း၃၀)
စီးရီးအေမှာ ဗိုလ်စွဲသွားပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲရှိသေးလို့ ခြေစွမ်းရော စိတ်ဓာတ်ပါ
ယိုင်ကျမသွားအောင် ဂျူဗင်တပ်တို့ အာရုံစိုက် ကစားလာတာ တွေ့ရတယ်။ ကက်ဂလီ ယာရီကတော့ နောက်တန်းပွင့်ပြီး တောက်လျှောက်စိုက်ဆင်းနေတယ်။ ဂျူဗင်တပ်တို့ သွေးပူရုံ
လောက်၊ ခပ်ပါးပါးအနိုင်လောက်ပဲ ကစားသွားမယ်ထင်တယ်။
ချီယေဗို - ဗီရိုနာ
(တနင်္ဂနွေ၊ ညနေ ၅းဝဝ)
အသင်းကြီးတွေမှာ ကစားဖူးသူတွေနဲ့ ကစားအားရှိတဲ့ လူငယ်တွေကို တွဲပြီး ပွဲထုတ်လာလို့
ချီယေဗိုဟာ မာကျောကျစ်လျစ်ပြီး ကစားအားကောင်းမွန်တဲ့အသင်း ဖြစ်လာတယ်။ ချီယေဗို
ဟာ ခံစစ်လုံခြံုပြီးပေးဂိုးနည်းပါးတယ်။ ဗီရိုနာကတော့ တိုက်စစ်မှူး လူကာတိုနီ ခြေမြူးတဲ့အပေါ်
မူတည်ပြီး ဂိုးသွင်းအား အတိုးအလျော့ ရှိပေမယ့် နောက်တန်းပွင့်တယ်။ ဒေသခံပြိုင်ဘက်နှစ်သင်း
တွေ့ဆုံမှာဖြစ်လို့ အကြိတ်အနယ်ရှိပေမယ့် ချီယေဗိုက အနည်းငယ်သာတယ်။
ပါလာမို- အတ္တလန္တာ
(တနင်္ဂနွေ၊ ည ရး၃၀)
သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတဲ့ ပါလာမိုဟာ ဂိုးသွင်းအားရော နောက်တန်းလုံုခြံုမှု ပါ
ကျဆင်းသွားတယ်။ အထူးသဖြင့် ဒိုင်ဘာလာဗက်ဇ်ကေး တိုက်စစ်တွဲက အချိတ်အဆက်
သိပ်မမိတော့ဘဲ ဂိုးမိုးခေါင်သွားတယ်။ အတ္တလန္တာကလည်း ပြီးခဲ့တဲ့ လေးပွဲဆက်တိုက်
သရေကျခဲ့ရာမှာ သုံးပွဲက ၁ဪ၁ ဖြစ်နေတယ်။ အတ္တလန္တာဟာ မာကျောပေမယ့်
သရေကျအောင် ထိန်းကစားလေ့ရှိလို့ အခုပွဲကိုလည်း သရေထိန်းကစားသွားမယ်လို့
ယူဆမိတယ်။
ယူဒီးနိစ် -ဆမ်ဒိုးရီးယား
(တနင်္ဂနွေ၊ ည ရး၃၀)
ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတဲ့ကြားမှာ ရလဒ်တွေ အထိုက်အလျောက် ကောင်းမွန်
ခဲ့တဲ့ ယူဒီးနိစ်ခြေစွမ်းက ပြန်တက်လာတဲ့ အနေအထားမှာရှိတယ်။ ဆမ်ဒိုးရီးယားကတော့
လတ်တလော 'ရစ်သမ်' ပျက်သွားသလို နောက်တန်းလုံခြံုမှု သိသိသာသာ ကျဆင်းသွားပြီး
ပေးဂိုးများလာတယ်။ ပုံမှန်အတိုင်းတွက်ရင် ယူဒီးနိစ်ပဲ ရွေးချယ်သင့်တယ်။
ဆီစီနာ - ဆက်စူလို
(တနင်္ဂနွေ၊ ည ရး၃၀)
တန်းဆင်းလက်မှတ် ရထားတဲ့ ဆီစီနာဟာ ပြီးခဲ့တဲ့သုံးပွဲဆက်တိုက်မှာ ရှစ်ဂိုးသွင်းခံလိုက်
ရလို့ ခံစစ်မလုံခြံုဘဲ နောက်တန်းပွင့်ထွက်တာ ပေါ်လွင်နေတယ်။ ဆက်စူလိုလည်း နိုင်ပွဲနဲ့
ဝေးကွာနေတာ ကြာမြင့်သွားပေမယ့် အီတလီလက်ရွေးစင်တိုက်စစ်မှူး ဆီမြွန်နီဇာဇာ၊ လာဇာရီဗစ်၊
ဘာရာဒီ သုံးယောက်တိုက်စစ်တွဲက တိုက်အားရှိပြီး အချိတ်အဆက်မိရင် ဂိုးသွင်း နိုင်စွမ်းရှိတယ်။
ဆက်စူလိုကို ပိုကြိုက်တယ်။
အမ်ပိုလီ - ဖီအိုရင်တီးနား
(တနင်္ဂနွေ၊ ည ၁၀း၃၀)
ကြားရက်ထဲမှာ နာပိုလီကို ၄-၂ နဲ့ အနိုင်ရလိုက်လို့ အမ်ပိုလီတိုက်စစ်ကို ပရိသတ်တွေ
အံ့ဩသွားတယ်။ ဖီအိုရင်တီးနားကလည်း ယူရိုပါလိဂ်ဘက် အာရုံစိုက်နေတော့ စီးရီးအေမှာ
စွမ်းရောင်ရည်ပိုင်းရော ရလဒ်ပိုင်းပါ သိသိသာသာ ကျဆင်းနေတယ်။ အမ်ပိုလီကို ရွေးချယ်
သင့်တယ်။
ပါးမား - နာပိုလီ
(တနင်္ဂနွေ၊ ည ၁၀း၃၀)
တန်းဆင်းရတော့မှာဖြစ်ပေမယ့် ပါးမားတို့ လက်ကျန်ပွဲတွေမှာ အားထည့်ကစားနေတယ်။
နာပိုလီကတော့ ကြားရက်ထဲမှာ အမ်ပိုလီကို ၄ဪ၂ နဲ့ ရှုံးတာကလွဲလို့ ကျန်ပွဲတွေကို
အတိမ်းအစောင်းမခံဘဲ အနိုင်ကစားထားတယ်။ ပူပူနွေးနွေး အေစီမီလန်ကို သုံးဂိုးပြတ်နိုင်ခဲ့ရာမှာ
ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရပြီး အဓိကတိုက်စစ်မှူး ဟီဂူအင် ဂိုးသွင်းနိုင်ခဲ့တယ်။
အားထည့်ကစားရင် နာပိုလီအတွက် သုံးမှတ်သေချာတဲ့ပွဲပါ။
လာဇီယို - အင်တာမီလန်
(တနင်္လာ၊ နံနက် ၁း၁၅)
ဧပြီ ၁၈ ရက်မှာ ဂျူဗင်တပ်ကို ၂-၀ နဲ့ ရှုံးပြီးတဲ့နောက် လာဇီယိုတို့ 'ဦးကျိုး'သွားပုံရတယ်။
အဲဒီပွဲနောက်ပိုင်း သုံးပွဲဆက်တိုက်မှာ တစ်ပွဲသာနိုင်ပြီး ချီယေဗို၊ အတ္တလန္တာတို့ကို ၁-၁
သရေကျ ခဲ့လို့ အစောပိုင်းက ခြေစွမ်းမျိုး လာဇီယိုမှာ မရှိတော့ဘူးလို့ ကောက်ချက်ဆွဲနိုင်တယ်။
အင်တာ မီလန်ကလည်း ဂိုးသွင်းအား ပြန်တက်လာပေမယ့် ချီယေဗိုကို ဂိုးမရှိသရေကျခဲ့လို့
အကျဉ်း အကျပ်ထဲမှာ မာကျောတဲ့ပြိုင်ဘက်မျိုးကို ထိုးဖောက်ဂိုး သွင်းနိုင်စွမ်းနည်းပါးသေးတယ်။
အိမ်ရှင်အားသာချက်ရှိပြီး ကွင်းလယ်တိုက်စစ်ကောင်းတဲ့ လာဇီယိုဘက်က အနည်းငယ်
အလေးသာနေတယ်။
ဂျီနိုအာ - တိုရီနို
(အင်္ဂါ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ပွဲစဉ်မှာ ရိုးမားကို နှစ်ဂိုးပြတ် ရှုံးခဲ့ပေမယ့် ခြံုကြည့်ရင် ဂျီနိုအာတိုက်စစ် အလုပ်
ဖြစ်ပြီး ဂိုးသွင်းနှုန်း တိုးတက်လာတယ်။ လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ နီယန်း၊ ဖဲလ်ကေး၊
လာဆော့ တို့ အချိတ်အဆက်မိရင် ဂျီနိုအာတိုက်စစ်က ကြောက်ဖို့ကောင်းတယ်။ တိုရီနိုက
လည်း မြို့ခံ ပြိုင်ဘက် ဂျူဗင်တပ်ကိုတောင် တစ်ဂိုးသွင်းခံထားရမှ နှစ်ဂိုးပြန်သွင်းပြီး ၂-၁ နဲ
့ နိုင်အောင်ကစား ထားလို့ လျှော့တွက်လို့မရဘူး။ နောက်တန်းလုံခြံုမှု အနည်းငယ် ကျဆင်း
သွားပေမယ့် ဂိုးသွင်း အားနဲ့ စွမ်းဆောင်ရည်ပိုင်းက 'အတက်ဘက်'မှာ ရှိနေတယ်။ ဂျီနိုအာနိုင်
ဖို့ သိပ်မလွယ်ဘူး။















