(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြိုပြင်ဆင်မှုအနေဖြင့်
မြန်မာမြားပစ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံသို့ တစ်လကြာ သွားရောက်၍ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်း
ရေးမှူး ဒေါ်ကေသီက မြန်မာတိုင်း(မ်)ကို ပြောသည်။
"လာမယ့် မေလ ၈ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ တောင်ကိုရီးယားမှာ
သွား ရောက်လေ့ကျင့်ပါမယ်။ ဒီပူးတွဲလေ့ကျင့်မှု ကနေ ကစားသမားတွေအတွက်
အတွေ့ အကြံုကောင်းတွေ ရရှိနိုင်ပါတယ်။ ဒီအတွေ့ အကြံုတွေက ဆီးဂိမ်းအတွက်
အထောက် အကူဖြစ်လာမှာပါ"ဟု ဒေါ်ကေသီက ပြောသည်။
အဆိုပါပူးတွဲလေ့ကျင့်မှုတွင် မြန်မာ မြားပစ်အသင်းက အမျိုးသားအားကစား သမား ရှစ်ဦး၊
အမျိုးသမီး ရှစ်ဦးတို့ ပါ၀င်မည် ဖြစ်သည်။ လက်ရှိတွင် မြန်မာမြားပစ်အသင်းကို တောင်ကိုရီးယား
နည်းပြ နှစ်ဦးနှင့် ပြည်တွင်း နည်းပြ ငါးဦးတို့က လေ့ကျင့်ပေးလျက်ရှိ သည်။ "ကစားသမားတွေ
အတွက် တောင် ကိုရီးယားနည်းပြနှစ်ဦး ငှားရမ်းထားပါ တယ်။ Compoundအတွက် တစ်ဦးနဲ့ ျွ
Recurve အတွက် တစ်ဦးပါ။ ပြည်တွင်း နည်းပြတွေက ပူးပေါင်းသင်ကြားပေးနေ ပါတယ်။
ဆီးဂိမ်းမှာ ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးကို၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်"ဟု ပြောသည်။
မြန်မာမြားပစ် အသင်းကို ပြီးခဲ့သည့် ဆီးဂိမ်းတွင် ပါ၀င်ခဲ့သော ကစားသမားများ ကို
အခြေခံ၍ မျိုးဆက်သစ် ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားကြောင်း ဒေါ်ကေသီက
ပြောသည်။
မျိုးဆက်သစ် ကစားသမားများသာမက အမာခံကစားသမားများအတွက်ပါ ပြိုင်ပွဲအတွေ့အကြံုရရန်နှင့်
စံချိန်များတိုးတက်စေရန် ၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့ သော အင်ချွန်း အာရှအားကစားပြိုင်ပွဲနှင့်
ပြီးခဲ့သည့် မတ်လက ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့မြားပစ်
ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဒေါ်ကေသီက ပြောသည်။
"အာရှအဆင့်နဲ့ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေ မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတံဆိပ် တော့
မရရှိခဲ့ပါဘူး။ အာရှအဆင့်ပြိုင်ပွဲ တွေဆိုတော့ ဆုတံဆိပ်ရဖို့က မလွယ်ဘူးလေ။ ဒါပေမဲ့
ပြိုင်ပွဲအတွေ့အကြံုတွေ အများကြီးရခဲ့ပါတယ်။ အာရှအဆင့်၊ ကမ္ဘာ့ အဆင့် ပြိုင်ဘက်တွေ
ဆီက ယှဉ်ပြိုင်ပုံတွေ၊ လေ့ကျင့်ပုံတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ "ဒီယှဉ်ပြိုင်မှုတွေအကုန်
လုံးက ဆီးဂိမ်း အတွက် ပြင်ဆင်မှုတွေပါပဲ။ ပြည်တွင်းမှာ လည်း လစဉ်ပြိုင်ပွဲလေးတွေ
ယှဉ်ပြိုင်စေ ခဲ့ပါတယ်။ လေ့ကျင့်မှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၄ ဖေဖော်ဝါရီလကတည်းက
စခဲ့တာ ပါ"ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်
လက်ခံကျင်းပပြုလုပ်ခဲ့ သော (၂၇)ကြိမ်မြောက်အားကစားပြိုင်ပွဲတွင် မြန်မာမြားပစ်
အသင်းသည် ရွှေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးနိုင် ခဲ့သည်။
"ရွှေတံဆိပ်တွေရရှိအောင်တော့ ကြိုးစားသွားမှာပါ။ ပြိုင်ဘက်နိုင်ငံတွေက လည်း
ပြင်ဆင်မှုတွေ သေချာလုပ်ထားကြ တော့ လွယ်တော့မလွယ်ဘူးပေါ့။ အင်ဒို နီးရှား၊မလေးရှား၊
ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက အဓိက ပြိုင်ဘက်တွေဖြစ်လာနိုင်ပါတယ်"ဟု ဒေါ်ကေသီက
ပြောသည်။
မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သည် လာမည့် (၂၈)ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင်
ရွှေတံဆိပ်သုံးခုရယူနိုင်ရန် မျှော်မှန်းထားကြောင်း ပြီးခဲ့သည့် မတ်လ က ကျင်းပပြုလုပ်ခဲ့သော
ဆီးဂိမ်းအောင် နိုင်ရေး အစည်းအဝေးတွင် ပြောကြား ခဲ့သည်။















