မြန်မာအမျိုးသမီးဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲအဖြစ် မေလ ၆ ရက်နေ့တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်

မြန်မာအမျိုးသမီးဘောလုံးအသင်း အုပ်စုနောက်ဆုံးပွဲအဖြစ် မေလ ၆ ရက်နေ့တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိ သော အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ
တွင် ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိသော မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည်
အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မလေးရှားအမျိုးသမီးအသင်းနှင့် မေလ ၆ ရက်နေ့တွင်
ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်အဆိုပါပွဲစဉ်သည် မြန်မာ အမျိုးသမီးအသင်းအတွက်
အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သလို ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည့် အဆုံးအဖြတ်
ပွဲစဉ်တစ်ပွဲလည်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် မေလ ၂ ရက်နေ့က အိမ်ရှင်ဗီယက်နမ် အသင်းနှင့်
ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး မေလ ၄ ရက်နေ့က ကစားခဲ့သော အုပ်စုဒုတိယပွဲစဉ်တွင်
ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင် ရရှိထားကာ ရမှတ်သုံးမှတ်ဖြင့် အုပ်စု ဒုတိယနေရာ
တွင် ရပ်တည်နေသည်။ အုပ်စုပထမနေရာတွင် အိမ်ရှင်ဗီယက်နမ် အသင်းက ရမှတ်ခြောက်မှတ်ဖြင့်
ဦးဆောင် နေသည်။ မြန်မာအသင်းနှင့် ရမှတ်တူ ရရှိ ထားသော ဖိလစ်ပိုင်အမျိုးသမီးအသင်းသည်
အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်ဗီယက် နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲကို မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ
ဆီမီးဖိုင်နယ် ပွဲစဉ်များကို မေလ ၈ ရက်နေ့တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်နှင့်
တတိယနေရာလုပွဲတို့ကို မေလ ၁၀ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်နိုင်ငံ ရှစ်နိုင်ငံကို လေးသင်း တစ်အုပ်စုစီခွဲ၍ အုပ်စု နှစ်ခုဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ဗီယက်နမ်အသင်း၊ မလေးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့်
ကျရောက်လျက်ရှိပြီး အုပ်စု(က)တွင် အင်ဒိုနီးရှား၊ လာအို၊ ထိုင်းနှင့် ဩစတြေးလျ ယူ-၂၀
အသင်းတို့ ပါ၀င်သည်။ အုပ်စု(က)တွင် ဩစတြေးလျ ယူ -၂၀ အသင်းက ရမှတ်ခြောက်မှတ်ဖြင့်
ဦးဆောင် နေပြီး ဒုတိယနေရာတွင် ထိုင်းအသင်းက ရမှတ် သုံးမှတ်ရရှိထားသည်။



ဖတ်ရှုမှုအများဆုံး