ပရီမီယာလိဂ်ကနေ တန်းဆင်းသွားရတဲ့ ဘန်လေ၊ ကျူ ပီအာရ်တို့နောက်ကို ဘယ်အသင်းထပ်လိုက်သွားရမလဲ

ပရီမီယာလိဂ်ကနေ တန်းဆင်းသွားရတဲ့ ဘန်လေ၊ ကျူ ပီအာရ်တို့နောက်ကို ဘယ်အသင်းထပ်လိုက်သွားရမလဲ

၂၀၁၄-၁၅ ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲဟာ သီတင်းနှစ်ပတ်အကြာမှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။
ပွဲစဉ်(၃၅)အပြီး၊ ရာသီပြီးဆုံး ရန်သုံးပွဲအလိုမှာ ချယ်လ်ဆီးက ပရီမီယာလိဂ်ချန်ပီယံဖလားကို ရယူ
သွားခဲ့ပြီ ဖြစ်ပါ တယ်။

ချန်ပီယံဖလားအတွက် ရင်ခုန်စရာမကောင်းတော့ပေမယ့် တန်းဆင်းဇုန်မှာ တန်းမဆင်းရဖို့
အသင်းအများအပြား ရုန်းကန်ကစားနေရတာကတော့ စိတ်လှုပ် ရှားစရာဖြစ်နေပါတယ်။

ပွဲစဉ်(၃၅)အပြီးမှာ တန်းမဆင်းမရဖို့အတွက် အောက်အသင်းတွေ
အကြိတ်အနယ်ဖြစ်နေချိန်မှာ ပွဲစဉ်(၃၆)ပြီးသွားတဲ့အခါမှာတော့ မနှစ်က ပရီမီယာ လိဂ်ကို
တန်းတက်လာတဲ့ ဘန်လေနဲ့ ကျူပီ အာရ်တို့ကတော့ ပရီမီယာလိဂ်ကို ကျောခိုင်း
သွားရပြီဖြစ်ပါတယ်။ ပွဲစဉ် (၃၆)မှာ ဘန်လေ က အဝေးကွင်းမှာ ဟားလ်စီးတီးကို အနိုင်ရ
လိုက်ပေမယ့် သူတို့ရထားတဲ့ ရမှတ် ၂၉ မှတ် က လက်ကျန်နှစ်ပွဲစလုံးနိုင်ရင်တော့
မမီတော့ လို့လက်ကျန်နှစ်ပွဲရှိနေသေးပေမယ့် ဘန်လေ ဟာ တန်းဆင်းသွားရပြီဖြစ်ပါတယ်။
အဲဒီလိုပဲ လန်ဒန်အခြေစိုက် ကျူပီအာရ်အသင်းက လည်း ပွဲစဉ်(၃၆)မှာ မန်စီးတီးကို ရှုံးနိမ့်သွား
ပြီးလို့ လက်ကျန်နှစ်ပွဲအလိုမှာပဲ တန်းဆင်း သွားရပြီဖြစ်ပါတယ်။ အဲအေးရှားလိုင်းကို အောင်မြင်အောင်
ထူထောင်နိုင်ခဲ့တဲ့ မလေး ရှားသူဌေး တိုနီဖာနန်ဒက်တစ်ယောက် ကျူပီ အာရ်ကိုဝယ်ယူပြီးမှာတော့
ဘောလုံးစီးပွား ရေးကို အောင်မြင်အောင် မလုပ်နိုင်ဘဲ အရှုံးတွေနဲ့ပဲ ကြံုတွေ့နေရပြီဖြစ်ပါတယ်။
ပရီမီယာလိဂ်ပွဲစဉ် (၃၆)ကစားပြီးမှာ ဘန်လေနဲ့ ကျူပီအာရ်တို့ တန်းဆင်းသွားရပြီဖြစ်လို့
ကျန်တဲ့တစ်သင်းဟာ ဘယ်အသင်း ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

တန်းဆင်းရမယ့် ကျန်တဲ့တစ်နေရာအတွက် ဟားလ်စီးတီး၊ နယူးကာဆယ်၊ ဆန်းဒါးလန်း၊
လက်စတာနဲ့ဗီလာဆိုတဲ့ အသင်းငါးသင်းအကြိတ်အနယ် ရုန်းကန်ကစားလာရတော့မှာ ဖြစ်ပါတယ်။
ပွဲစဉ်(၃၇)မှာ ဒီငါးသင်းထဲက ရှုံးပွဲတွေ့တဲ့အသင်း တန်းဆင်းရဖို့ တော်တော်သေချာ
သွားတော့မှာဖြစ်လို့ ရာသီပိတ် လက်ကျန်နှစ်ပွဲက စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပြီဖြစ်ပါ တယ်။
ဘန်လေ၊ ကျူပီအာရ်တို့နောက်ကိုဘယ်အသင်းလိုက်သွားမလဲ။ တန်းဆင်းဖို့ အနီးစပ်ဆုံး
ဟားလ်စီးတီး အသင်း တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ငါးသင်း ထဲ တန်းဆင်းဖို့ အနီးစပ်ဆုံးဖြစ်တဲ့
အသင်း က မန်နေဂျာစတိဗ်ဘရုခ်ရဲ့ ဟားလ်စီးတီးအသင်းပဲဖြစ်ပါတယ်။
ပွဲစဉ်(၃၆)မှာ ဟားလ် စီးတီးဟာ ဘန်လေကိုအိမ်ကွင်းမှာ ကစားရပြီး အရေးကြီးတဲ့အဲဒီပွဲကို
အနိုင်မကစားနိုင်တဲ့ အပြင် ရှုံးတောင်ရှုံးနိမ့်သွားလို့ အခုလိုတန်းဆင်းရဖို့
အနီးစပ်ဆုံးဖြစ်သွားတာက ဟားလ်စီးတီးအတွက် မဟာနစ်နာမှုကြီးပဲဖြစ်ပါတယ်။
အနိုင်ရတဲ့ ဘန်လေအတွက် အကျိုးကျေးဇူးမဖြစ်ထွန်းသလို ဟားလ်စီးတီး အတွက်
အနစ်နာဆုံးသောပွဲ ဖြစ်ပါတယ်။ အဲဒီ အတွက်အပြစ်တင်ရမှာက မန်နေဂျာစတိဗ် ဘရုခ်နဲ့
သူ့ကစားသမားတွေကိုပဲ ဖြစ်ပါ တယ်။ တကယ်လို့သာ ဒီပွဲနိုင်လိုက်ရင်၊ ဒါမှမဟုတ်သရေလောက်
ကစားနိုင်ခဲ့ရင်ဟားလ်စီးတီးဟာ ကြီးမားတဲ့ဖိအားဝင်လာခဲ့မှာမဟုတ်ပါဘူး။ ဘန်လေနဲ့ပွဲ
မကစားမီ နောက်ဆုံးကစားတဲ့သုံးပွဲမှာ ဟားလ်စီးတီးဟာ ခြောက်မှတ်ရထားခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၂ဪဝ နဲ့ နိုင်၊ လီဗာပူးကို အိမ်ကွင်းမှာ ၁-၀ နဲ့အနိုင်၊
အာဆင်နယ်ကို အိမ်ကွင်းမှာ အရှုံးကစားခဲ့ပြီး အခြေအနေကောင်းခဲ့တာပါ။ အခု ဘန်လေ ပွဲဟာ
ဟားလ်စီးတီးအတွက် သိပ်ကိုအရေးပါ တဲ့ပွဲစဉ်ဖြစ်နေပြီး ကစားရတာကလည်း အိမ်ကွင်းဖြစ်လို
့ သူတို့အတွက် အသာစီးရတဲ့ ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်လေကို ဖိကစားနိုင်တာကလွဲလို့
ဂိုးရအောင် ဖန်တီးကစားနိုင်ခြင်းဆိုတာ သိပ်ကိုရှားပါးတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း
ဘန်လေက ဂိုးသွင်းလိုက်တဲ့အခါ ဟားလ်စီးတီး ပိုပြီးဖိအားဝင် သွားကာ ဘာမှမလုပ်တတ်
တဲ့အသင်း ဖြစ် သွားခဲ့ရပါတယ်။ဘန်လေသွင်းတဲ့ တစ်လုံး တည်းသော အနိုင်ဂိုးကလည်း
ဟားလ်စီးတီး နောက်တန်းရဲ့ ကိုးရိုးကားရားနိုင်လှတဲ့ အဖျက်ကနေ ဂိုးပေးလိုက်ရတာဖြစ်ပါ တယ်။
ပွဲပြီးတော့ စတိဗ်ဘရုခ်က သူ့ကစားသမားတွေကို အပြစ်တင်စကားပြောသွားခဲ့ပါတယ်။
တကယ်တာဝန်အရှိဆုံး သူ့ကိုယ်သူသာ အပြစ်တင်ရမှာဖြစ်ပေမယ့် ကစားသမားတွေကို
အပြစ်တင်ပြောဆိုတာကတော့ ဟားလ်စီးတီးကစားသမားတွေကို စိတ်ပျက်သွားစေခဲ့ပါတယ်။
ဟားလ်စီးတီးရဲ့ လက်ကျန် ပွဲတွေက တော့တင်ဟမ်ဟော့စပါး(အဝေး ကွင်း)နဲ့ မန်ယူ(အိမ်ကွင်း)
တို့ဖြစ်လို့ ဟားလ်စီးတီးအတွက် ပွဲကျန်တွေက ပွဲကျပ်တွေဖြစ် နေခဲ့ပါတယ်။ ၀ှုိက်ဟတ်လိန်းမှာ
ဟားလ်စီးတီး အနိုင်ရပါ့မလား။ တော့တင်ဟမ်ရဲ့ ပိုချက်တီနိုဟာ ဟားလ်စီးတီးကို ငဲ့ညာပါ့မလား။
သူတို့မှာ လေးစားတန်ဖိုးထားရတဲ့ ၀ိှုက်ဟတ်လိန်းပရိသတ်တွေ ရှိနေပါတယ်။ ပြီးတော့ စပါးဟာ
နိုင်ပွဲပျောက်တာ သုံးပွဲဆက်တိုက် ဖြစ်နေလို့ ဒီပွဲက စပါးရဲ့နောက်ဆုံးအိမ်ကွင်း ပွဲဖြစ်တာကြောင့်
စပါးဟာ လျှော့လျှော့ပေါ့ ပေါ့ကစားမယ့်ပွဲ မဖြစ်နိုင်လို့ ဟားလ်စီးတီး ဟာ ဒီပွဲကိုရှုံးဖို့
သေချာသလောက်ဖြစ်နေပါ တယ်။ တကယ်လို့ နိုင်သွားရင်တော့ မန်ယူ ပွဲကိုအစွမ်းကုန်
တင်ကစားလာနိုင်မှာ ဖြစ်ပါ တယ်။

မန်ယူကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လီဗာပူးနဲ့အပြိုင် ဖြစ်နေလို့ သက်ညှာ
မှာမဟုတ်လို့ ဟားလ်စီးတီးဟာ ဘန်လေ၊ ကျူပီအာရ်တို့ နောက်ကိုလိုက်ရဖို့ အနီးစပ်
ဆုံးအသင်း ဖြစ်နေပါတယ်။ ကျိန်စာသင့်တဲ့ နယူးကာဆယ် နောက်တစ်သင်းက
နယူးကာဆယ်ဖြစ်ပါ တယ်။ အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက် တယ်ဆိုတဲ့အသင်းက
နယူးကာဆယ်ဖြစ်ပါ တယ်။ အလန်ပါဂျူးသာ ဆက်ကိုင်ရင် ဒီလို ဖြစ်မှာမဟုတ်တာ
ရာနှုန်းပြည့်ပါ။ အခုတော့ နယူးကာဆယ်ဟာ တန်းဆင်းဇုန်မှာ ရုန်းရတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။
ပရိသတ်ရဲ့အမှား၊ ပိုင်ရှင်ရဲ့အမှားတွေကြောင့်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးလုပ်နေတဲ့
အလန်ပါဂျူးကို ပရိသတ်ကမကြိုက်ဘဲ ထွက်သွားဖို့ဖိအားပေး တဲ့ ကျိန်စာ၊ ပါဂျူးမရှိတဲ့နောက်မှာ
မန်နေဂျာ အသစ်မခန့်ဘဲ ပါဂျူးရဲ့ လက်ထောက်နည်းပြ နဲ့ စခန်းသွားခဲ့တဲ့ ပေါ့ပေါ့ဆဆ
စီမံခန့်ခွဲမှု ကျိန်စာတွေ သင့်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ထောက်နည်းပြ ဂျွန်ကာဗာဆိုသူက လည်း
သူကိုင်တဲ့အချိန်မှာ နယူးကာဆယ်ကို နှစ်ပွဲသာ အနိုင်ကစားနိုင်ပြီး ရှစ်ပွဲဆက်တိုက်ရှုံးပွဲကြံုအောင်
စီမံနေတဲ့သူဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ သူ့ကိုယ်သူ ပရီမီယာလိဂ်ရဲ့အကောင်းဆုံး
မန်နေဂျာလို့ ကြံုးဝါးနေပုံက တော်တော်စိတ်ပျက်စရာကောင်းတဲ့ မန်နေဂျာ ဆိုတာ
သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၀က်စ် ဘရွန်းနဲ့
ပွဲမှာလည်း အိမ်ကွင်း မှာ သရေသာကစားနိုင် လိုက်ပါတယ်။ ဒီပွဲသရေ ကျလိုက်တော့
နယူးကာဆယ် တော်သေးတယ်လို့ ဆိုရမှာပါ။ ၀က်စ်ဘရွန်း ဂိုးစသွင်းလို့ ပီရက်ဇ်သာ
ပြန်မချေပနိုင်ဘဲ ရှုံးခဲ့ရင် နယူးကာဆယ်ဟာ ဟာလ်စီးတီးလို ဖြစ်သွားမှာပဲဖြစ်ပါတယ်။
အခုလည်း လက်ကျန်နှစ်ပွဲမှာ အနည်းဆုံး လေးမှတ်ကစားနိုင်မှ နယူးကာဆယ် ကံကောင်းမှာ
ဖြစ်ပါတယ်။ အရင်ဆုံး ပွဲစဉ် (၃၇)ကို ဂျွန်ကာဗာ အနိုင်ကစားနိုင်အောင် ပြင်ဆင်ရမှာဖြစ်ပါတယ်။
သူတို့ရဲ့ လက်ကျန် ပွဲတွေက ပွဲစဉ်(၃၇) ကျူပီအာရ်(အဝေး) ပွဲစဉ်(၃၈) ၀က်စ်ဟမ်း(အိမ်ကွင်း)
တို့ဖြစ်ပါ တယ်။ ကျူပီအာရ်ပွဲဟာ နယူးကာဆယ်အတွက် အရမ်းအရေးကြီးတဲ့ပွဲပဲ ဖြစ်ပါတယ်။
ကျူပီအာရ်ကိုသာ ရှုံးလိုက်ရင်တော့ နယူးကာ ဆယ်ဟာ ဟားလ်စီးတီးနဲ့အပြိုင်
ရုန်းရမယ့်သူဖြစ်သွားမှာ ဖြစ်ပါတယ်။ ပွဲစဉ်အနေအထား က ဟားလ်စီးတီးလောက်
ပွဲမကျပ်ဘူး ထင်ရ ပေမယ့် နည်းပြက တော်တော်မကောင်းတဲ့ နည်းပြဖြစ်နေလို့
နယူးကာဆယ်အစွမ်းဟာ ကစားသမားတွေအပေါ်မှာ မူတည်နေပြီဖြစ် ပါတယ်။
ပွဲစဉ်(၃၇)မှာ ဟာလ်စီးတီးရော၊ နယူးကာဆယ်ပါ အဝေးကွင်းတွေမှာ ကစား ရမှာဖြစ်ပါတယ်။
ဟားလ်စီးတီးက စပါးကိုရှုံး၊ နယူးကာဆယ်က ကျူပီအာရ်ကိုရှုံး ဆိုတဲ့ရလဒ်တွေ ထွက်လာရင်တော့
တန်းဆင်းရမယ့် တစ်နေရာက နောက်ဆုံးပွဲစဉ်အထိ အသက်ဝင်လာမှာဖြစ်ပါတယ်။
ပွဲစဉ်(၃၇)ဟာ ဆန်းဒါးလန်းအတွက်အဆုံးအဖြတ်လား တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့
ဆန်းဒါး လန်းက ခြေတော်တော်လေးပြန်ကောင်းလာ နေပါတယ်။ နောက်ဆုံးကစားတဲ့
သုံးပွဲမှာ ဆန်းဒါးလန်းနည်းပြ အက်ဒ်ဗိုကတ်ဟာ ခုနစ်မှတ်ရအောင် ကစားနိုင်လိုက်တဲ့အတွက်
ဟားလ်စီးတီးရဲ့ အထက်ကိုရောက်သွားသလို နယူးကာဆယ်နဲ့အမှတ်တူ(၃၆)မှတ်
ရရှိသွားပါတယ်။ ထူးခြားတာက နယူးကာဆယ်နဲ့ ဂိုးကွာခြားချက်မှာ အသာစီးရ
ထားတာပဲဖြစ်ပါတယ်။ နယူးကာဆယ်က ဂိုးကွာခြားချက် မှာ အနုတ်(၂၄)၊ ဆန်းဒါး လန်းက
အနုတ်(၂၀)ပါ။ စတုတ်ကို အဝေးကွင်း မှာ သရေ၊ ဆောက် သမ်တန်ကိုအိမ်ကွင်းမှာအနိုင်၊
အဲဗာတန်ကို အဝေးကွင်းမှာအနိုင် ကစားလိုက်ခြင်းက ဆန်းဒါးလန်းအတွက် အားတက်စရာ
ဖြစ်လာပါတယ်။ ဒါကြောင့် ပွဲစဉ်(၃၇)ဟာ ဆန်းဒါးလန်းအတွက် အဆုံးအဖြတ်ဖြစ်ပါတယ်။
ထူးခြားတာက ဆန်းဒါးလန်းဟာ လက်ကျန်ပွဲ သုံးပွဲရှိနေတာပဲ ဖြစ်ပါတယ်။ လက်စတာ၊
အာဆင်နယ်၊ ချယ်လ်ဆီးတို့နဲ့ ကစားဖို့ ကျန်နေတာပါ၊ ပွဲစဉ်(၃၇)မှာ လက်စတာနဲ့
အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

ဒီပွဲဟာ ဆန်းဒါးလန်းအတွက် အရမ်းအရေးပါတဲ့ပွဲပဲ ဖြစ်ပါတယ်။ လက် စတာကို
နိုင်လိုက်ရင် ဆန်းဒါးလန်း တင်ကျန်ဖို့ သေချာသလောက်ဖြစ်သွားမှာပဲဖြစ်ပါတယ်။
လက်စတာပြီးရင် အာဆင်နယ်နဲ့ ပွဲကျန်ကို အဝေးကွင်းမှာကစားရမှာဖြစ်ပြီး ပြီးရင်
ပွဲစဉ်(၃၈)က ချယ်လ် ဆီးနဲ့ အဝေးကွင်းဖြစ်နေတဲ့အတွက်ကြောင့် နောက်နှစ်ပွဲက
ဆန်းဒါးလန်းအတွက် အလွန်ခက်ခဲမယ့်ပွဲတွေပဲဖြစ်ပါတယ်။ ကစားရမယ့်အသင်းတွေက
ထိပ်သီးတွေဖြစ်သလို ကစား ရမှာကလည်း အဝေးကွင်းဖြစ်နေလို့ လက် စတာပွဲဟာ
ဆန်းဒါးလန်းအတွက် အဓိက အရေးပါဆုံးသော အဆုံးအဖြတ်ပွဲဖြစ်နေ ပါတယ်။
တကယ်လို့ လက်စတာကို သရေသာ ကစားနိုင်မယ်ဆိုရင် ဆန်းဒါးလန်းဟာ
ဟားလ်စီးတီးရဲ့ လက်ကျန်နှစ်ပွဲရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်စတာကို
နိုင်လိုက်ရင်တော့ အက်ဒ်ဗိုကတ်တစ်ယောက် ဆန်းဒါးလန်းကို ကယ်တင်နိုင်ဖွယ်ရှိနေ
ပါတယ်။ တန်းတင်ကျန်ဖို့ တော်တော်နီးစပ်တဲ့ တန်းတက်လက်စတာ လက်စတာကတော့
ပွဲပြီးခါနီးရောက်မှ တော်တော်လေးကို ခြေကောင်းနေတဲ့ တန်းတက်အသင်းပဲဖြစ်ပါတယ်။
ရာသီအလယ် လောက်မှာ ခြေမကောင်းဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာရှိနေတဲ့
လက်စတာဟာ အခု ပွဲစဉ်(၃၆)အပြီးမှာ အဆင့်(၁၅)နေရာကို ရမှတ် ၃၇ မှတ်နဲ့
ရပ်တည်နေပြီဖြစ်ပါတယ်။ နောက်ဆုံးခုနစ်ပွဲမှာ ချယ်လ်ဆီးကိုပဲ ရှုံးထား ပြီး ကျန်တဲ့ခြောက်ပွဲ
ကို အနိုင်ကစားထားတဲ့ အသင်းငယ်ဖြစ်နေတာက လက်စတာရဲ့ ရုန်းအားပဲဖြစ်ပါတယ်။
ပွဲစဉ်(၃၇)သာအနိုင် ကစားနိုင်လိုက်ရင် လက်စတာ တန်းတင် ကျန်မှာဖြစ်ပြီး ဒေါ်လာသန်းပေါင်း
များစွာ ပိုင်ဆိုင်တဲ့ ကလပ်သင်းဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ လက်ကျန်နှစ်ပွဲက ပွဲစဉ်(၃၇)
ဆန်းဒါးလန်း(အဝေး)၊ ပွဲစဉ်(၃၈) ကျူပီအာရ် (အိမ်ကွင်း) တို့ဖြစ်လို့ ဒီနှစ်ပွဲမှာ
လက်စတာတစ်ပွဲနိုင်ရင် တန်းတင်ကျန်မှာပဲဖြစ်ပါတယ်။ ပွဲစဉ်(၃၇)မှာ လက်စတာဟာ
ဆန်းဒါးလန်းကို ရှုံးခဲ့မယ်ဆိုရင်တောင် ကျူပီအာရ်နဲ့ နောက်ဆုံးအိမ်ကွင်းပွဲကို အနိုင်ကစား
လို့ ရနေပါတယ်။ နည်းပြပီယာဆင်ဟာ တခြား အသင်းငယ်တွေရဲ့ နည်းပြတွေလိုမဟုတ်ဘဲ
ပွဲသိမ်းခါနီးမှာ အသင်းကို ထူးခြားအောင် စွမ်းဆောင်နိုင်တဲ့ နည်းပြဖြစ်ပါတယ်။ အသင်း
မှာ လူငယ်တွေ များပြားခြင်းက လက်စတာရဲ့ ထူးခြားနေမှုပဲဖြစ်ပါတယ်။ ဆန်းဒါးလန်းကွင်းမှာ
သာ ရုန်းလိုက်ရင် နောက်ပွဲကို စောင့်စရာမလိုတော့ပါဘူး။ ဆန်းဒါးလန်းကလည်း
ကောင်းနေတော့ လက်စတာဟာ ဆန်းဒါးလန်းကို တော်တော် လေးကစားယူရမှာ
ဖြစ်ပါတယ်။

လက်စတာ နိုင်ပွဲသေချာစေမှာက အိမ်ကွင်းပွဲဖြစ်တဲ့ ကျူပီအာရ်နဲ့ပွဲ ဖြစ်ပါတယ်။
ပွဲစဉ်(၃၇)မှာ ဆန်းဒါးလန်းကိုရှုံးရင်တောင် ဟားလ်စီးတီး က စပါးကိုရှုံးခဲ့ရင်
လက်စတာဟာ တန်းတင် ကျန်ရစ်နိုင်ခြေ ရှိနေပါတယ်။ ဘန်လေ၊ ကျူပီအာရ်တို့
တန်းဆင်းသွား ပြီးတဲ့နောက် နောက်ထပ်ဆင်းရမယ့်အသင်းတစ်သင်းအနေနဲ့
အဖြစ်နိုင်ဆုံးအသင်းက ဟားလ်စီးတီးအသင်းဖြစ်ဖို့များနေပြီး ဟားလ် စီးတီးရဲ့
အပြိုင်ဖြစ်နိုင်မယ့်အသင်းက နယူး ကာဆယ်နဲ့ ဆန်းဒါးလန်းတို့ပဲ ဖြစ်ပါတယ်။
ဟာလ်စီးတီးဟာ ပွဲစဉ်(၃၆)အပြီးမှာ ရမှတ် ၃၄ မှတ်၊ နယူးကာဆယ်က ရမှတ် ၃၆ မှတ်၊
ဆန်းဒါးလန်းကလည်း ရမှတ် ၃၆ မှတ်ရထား ပါတယ်။ ဒီသုံးသင်းမှာ ပွဲကျပ်တာက
ဟားလ်စီးတီး နဲ့ ဆန်းဒါးလန်းဖြစ်ပါတယ်။ ဟားလ်စီးတီး ရဲ့ လက်ကျန်ပွဲက စပါးနဲ့
မန်ယူဖြစ်လို့ ဒီနှစ်သင်းစလုံးကိုနိုင်ဖို့ မလွယ်ပါဘူး။ ဆန်းဒါး လန်းကလည်း လက်စတာ
ကိုနိုင်မှ ဖြစ်မှာပါ။ အာဆင်နယ်နဲ့ မန်ယူကိုနိုင်ဖို့ မလွယ်ပါဘူး။ နယူးကာဆယ်က
ဟားလ်စီးတီး၊ ဆန်းဒါးလန်း တို့လောက်ပွဲမကျပ်ပေမယ့် နည်းပြက ညံ့လို့ အတပ်ပြော
လို့ မရပါဘူး။ ဒီသုံးသင်း အဓိက အားပြိုင်ကြပါလိမ့်မယ်။ တန်းဆင်းဖို့အဖြစ် နိုင်ဆုံးအသင်း
က ဟားလ်စီးတီးဖြစ်မယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး