ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်
ကျင်းပ ပြုလုပ်ခဲ့သော 2015 AFF Women's Championship ပြိုင်ပွဲတွင် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ဗိုလ်လုပွဲစဉ်တွင် ထိုင်း အသင်း
ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုသာ ရရှိခဲ့သော်လည်းအဆိုပါအေအက်ဖ်အက်ဖ်
အမျိုးသမီးပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်လာခဲ့သည်။
မြန်မာအမျိုးသမီး အသင်းသည် AFF Women's Championshipပြိုင်ပွဲတွင်
ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ပြီး ဒုတိယဆုကို သုံးကြိမ်အထိ ရယူထားကာ ပြိုင်ပွဲ၏
အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင် ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းနှင့်
ထိုင်းအသင်းတို့ သည်လည်း ချန်ပီယံဆုကို နှစ်ကြိမ်စီရယူထားပြီး အအောင်မြင်ဆုံး
အသင်းများအဖြစ်ပူးတွဲရပ်တည်နေကြသည်။ ဒုတိယဆုများကို ဗီယက်နမ်အသင်းက
နှစ်ကြိမ်နှင့် ထိုင်းအသင်းက တစ်ကြိမ်စီရရှိထားကြသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင်
ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ ခုနှစ်များတွင် ဗိုလ်လုပွဲအဆင့်သို့
တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဆု များဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပြီးခဲ့သည့်
၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် ကျင်းပပြုလုပ်ခဲ့သော
2013 AFF Women's Championship ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အမျိုးသမီးအသင်း
သည် စတုတ္ထရရှိခဲ့သည်။ ၂၀၁၅ အေအက်ဖ်အက်ဖ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည်
ပြိုင်ပွဲ၏ အုပ်စု(ခ)တွင် အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်အသင်းများနှင့်
တစ်အုပ်စုတည်းကျရောက်ခဲ့ကာ ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုး ဖြင့်လည်းကောင်း၊
မလေးရှားအသင်းကို ၄ဪဝ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး ဗီယက်နမ်အသင်းကို
၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယအဖြစ် ဆီမီးဖိုင်နယ်သို့ တက် ရောက်နိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ဩစတြေးလျ ယူ-၂၀ အသင်းဖြင့် တွေ့ဆုံခဲ့ပြီး ၁-၀ ဂိုးဖြင့်
အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲ တွင် ထိုင်းအသင်းနှင့်တွေ့ဆုံခဲ့ပြီး
၃-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ပြီးခဲ့သည့် မတ်လက ကျင်းပပြုလုပ်ခဲ့သော
၂၀၁၆ ရီယို ဘရာဇီးလ် အိုလံပစ်ခြေစစ်ပွဲပထမအဆင့်ကို အောင်မြင်ထားသော
အသင်းဖြစ်ပြီး ဒုတိယအဆင့် ခြေစစ်ပွဲ အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိသည်။
ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို လာမည့် စက်တင်ဘာလ ၁၄ ရက် နေ့မှစတင်၍
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဒုတိယအဆင့်ခြေစစ်ပွဲတွင် အိမ်ရှင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဂျော်ဒန်နှင့်
တရုတ် တိုင်ပေအသင်းတို့ ပါ၀င်ယှဉ်ပြိုင် ကစား ကြမည်ဖြစ်ပြီး အုပ်စုပထမရသော
အသင်း တစ်သင်းသာ နောက်ဆုံးအဆင့် ခြေစစ်ပွဲကို တက်ရောက်နိုင်မည် ဖြစ်သည်။
မြန်မာ အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ၏ ပထမအဆင့်ခြေစစ်ပွဲကို
မအောင်မြင်ခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲ တွင် အောင်မြင်ခဲ့ပြီး ဒုတိယအဆင့်ကို
တက်ရောက်နိုင်ခဲ့သည်။















