ပက်ဒါဘွန်းကိုမဖြစ်မနေအနိုင်ကစားရတော့မယ့် ရှော်လ်ကေး

ပက်ဒါဘွန်းကိုမဖြစ်မနေအနိုင်ကစားရတော့မယ့် ရှော်လ်ကေး

ရှော်လ်ကေး - ပက်ဒါဘွန်း
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ပက်ဒါဘွန်း ၁-၂ ရှော်လ်ကေး

အဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ ရှော်လ်ကေးဟာ ယူရိုပါလိဂ်တစ်နေရာကို
လိုချင်တယ်ဆိုရင် အမှားထပ်လုပ်ခွင့်မရှိပါ ဘူး။ ဒေါ့မွန်က ၄၃ မှတ်နဲ့ ဖိအားပေးနေပါပြီ။
ကိုလုံးကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးပြ လိုက်တာ သိပ်ဆိုးပါတယ်။
တန်းတက် ပက်ဒါ ဘွန်းကို ဂယ်လ်ဆင်ကာချန်လို ကိုယ့်ကွင်း မှာမှ မနိုင်ဘူးဆိုရင်
ပရိသတ်တွေကို ဘယ်လို မျက်နှာပြရမှာလဲ။ ရှော်လ်ကေးကိုပဲ ယုံလိုက် မယ်။

လေဗာကူဆင် - ရှော်လ်ကေး
စနေ၊ ည ၈းဝဝ ပထမအကျော့ရလဒ်၊
ဟော့ဖန်ဟိမ်း ၀-၁ လေဗာကူဆင်
မွန်ချင်ကို ရှုံးရတဲ့အရှုံးက လေဗာကူဆင် အတွက် အထိနာစေတယ်။ ချန်ပီယံလိဂ် Play Off
တစ်နေရာကို ဆုပ်ကိုင်ထားနိုင်ဖို့ ဒီပွဲကိုတော့ အနိုင်ကန်လိမ့်မယ်လို့ ထင်တယ်။
ဟော့ဖန်ဟိမ်းက ကစားကွက်မာတဲ့အသင်းမို့ လွယ်လွယ်ကူကူနဲ့တော့ အနိုင်မရနိုင်ဘူး။

၀ုဖ်ဘတ် - ဒေါ့မွန်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဒေါ့မွန် ၂-၂ ၀ုဖ်ဘတ်
အင်မတန်ကြည့်ကောင်းမယ့်ပွဲပါ။ ဒေါ့မွန် ကလည်း ဥရောပဝင်ခွင့်တစ်နေရာရဖို့
ပွဲစဉ် (၃၄)အထိ တိုက်ပွဲဝင်မှာပါပဲ။ ၀ုဖ်ဘတ်က လည်း တန်းတက်ပက်ဒါဘွန်းကိုတောင်
အဝေးကွင်းမှာ ၁ဪ၃ နဲ့ နိုင်ထားတယ်။ ၀ုဖ်ဘတ် က အဆင့်(၂)၊ ဒေါ့မွန်က
အဆင့်(၇)မှာ ရှိနေ တယ်။ ဒီပွဲစဉ်ကို သရေကျမယ်လို့ ခန့်မှန်း ပါတယ်။

မိန့်ဇ် - ကိုလုံး
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ကိုလုံး ၀-၀ မိန့်ဇ်
နှစ်သင်းစလုံး အဆင့်သိပ်မကွာပါဘူး။ ဒါပေမဲ့ မိန့်ဇ်ကတော့ တန်းဆင်းဇုန်ရန်ကနေ
လွင့်ဖို့ အသေအလဲ ကန်လိမ့်မယ်။ ဒါပေမဲ့ ကိုလုံးကလည်း ရှော်လ်ကေးကိုတောင်
အနိုင် ယူခဲ့တာမို့ ဘယ်ခေလိမ့်မလဲ။ ဒီပွဲစဉ်ရဲ့ အဖြေ က သရေကျဖို့ပဲ များနေပါတယ်။

အော့စ်ဘတ် - ဟန်နိုဗာ
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဟန်နိုဗာ ၂-၀ အော့စ်ဘတ်
အော့စ်ဘတ်က ဘိုင်ယန်မြူးနစ်ကိုတောင် အဝေးကွင်းမှာ ၀ဪ၁ နဲ့ နိုင်တယ်ဆိုတော့
အထင်ကြီးစရာပဲ။ ဒါပေမဲ့ ဟန်နိုဗာက အဆင့် (၁၆)မှာဆိုတော့ တန်းဆင်းဇုန်ကနေ လွတ်
အောင်ရုန်းရမှာပါ။ ဒါကြောင့် အိမ်ရှင်ကို လက်ရှောင်ထားတာ ကောင်းတယ်။

ဟာသာဘာလင်-ဖရန့်ဖတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဖရန့်ဖတ် ၄-၄ ဟာသာဘာလင်
ပထမအကျော့ရလဒ်က ကြောက်စရာ ကြီး။ နှစ်သင်းပေါင်းသွင်းဂိုး ရှစ်ဂိုးဆိုတော့
ကာ ဂိုးပေါင်းအများတွေ ပျော်သပေါ့။ နှစ်သင်း စလုံးရဲ့ အဆင့်တွေကလည်း
သိပ်မကွာသလို အမှတ်ကွာခြားချက်ကလည်း ဟာသာ ဘာလင် လိုက်မီနိုင်တဲ့
အနေအထားရှိတယ်။ ဒါကြောင့် အဲဒီည အိမ်ထမင်း၊ အိမ်ဟင်း စားတာပဲ
ကောင်းတယ်။

၀ါဒါဘရီမင် - မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ မွန်ချင် ၄-၁ ၀ါဒါဘရီမင်
၀ါဒါဘရီမင်ကို ယုံလို့မရသေးဘူးဖြစ်နေ တယ်။ တန်းဆင်းဇုန်က ဟန်နိုဗာလို အသင်း
မျိုးကို ၁-၁ သရေကစားလိုက်တယ်။ မွန်ချင် ကလည်း သူ့ရဲ့ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်
ကို လျှော်ပေးလိုက်မှာ မဟုတ်ဘူး။ ဧည့်သည် မွန်ချင်ဘက်က ရပ်တည်ရမယ်။

ဖရိုင်းဘတ် - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဘိုင်ယန် ၂-၀ ဖရိုင်းဘတ်
ဘိုင်ယန်က ချန်ပီယံဖြစ်သွားပြီးတဲ့နောက် လုပ်ချင်သလို လုပ်နေတယ်။ ပြီးတော့ချန်ပီယံလိဂ်ဘက်
ကိုလည်း စိတ်ရောက်နေပုံ ရတယ်။ ဒါပေမဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ လေးဂိုးပြတ်နိုင်ပါ့မလား။
အင်မတန် စဉ်းစား စရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရစ်ဘာရီနဲ့ ရော်ဘင်မပါနိုင်ရင်
ဘိုင်ယန်ရဲ့တောင်ပံ တိုက်စစ်က အတောင်ကျိုးတဲ့ငှက်လိုပဲ။ အော့စ်ဘတ် အနိုင်ယူ
သွားခဲ့သလို ဖရိုင်းဘတ် ကလည်း ကပ်ပြီးနိုင်သွားခဲ့ရင် သိပ်ပြီးတော့ အံ့ဩမနေပါနဲ့
မိတ်ဆွေ။

စတုဂတ် -ဟမ်းဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဟမ်းဘတ် ၀-၁ စတုဂတ်
ပထမအကျော့ကတည်းက အဝေးကွင်း မှာတောင် အနိုင်ယူလာခဲ့တဲ့ စတုဂတ်အနေနဲ့
ဇယားအောက်ခြေက ရုန်းထွက်ပြဖို့ နောက်ပြီး အိမ်ကွင်းပရိသတ်တွေ စိတ်ကျေနပ်စေဖို
့ အတွက် ဟမ်းဘတ်ကို ကျိန်းသေပေါက် အနိုင်ကန်မယ်။



ဖတ်ရှုမှုအများဆုံး