ဆောက်သမ်တန် - ဗီလာ
စနေ၊ ညနေ ၆း၁၅
ဆောက်သမ်တန်က ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့နောက်မှာ ကစားပုံလျော့ရဲပြီး အာရုံစိုက်မှုနည်းသွားပါတယ်။ အရှုံးနဲ့ သရေ တွေ များလာပါတယ်။ ဗီလာကတော့ တန်း မဆင်းရဖို့ ရုန်းနေတာကြောင့် ပရိသတ် အကြိုက်တွေ့နေပါတယ်။ ဗီလာက ဒီပွဲနိုင်ရင် တင်ကျန်မှာ သေချာလို့ ကစားအားတင်မယ်ထင်ရပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ကွင်း ဆိုတာကို မေ့ထားလို့မရပါဘူး။ ဒီပွဲက ဆောက်သမ်တန်ပရိသတ်တွေရဲ့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ ဆောက်သမ်တန်ကစားအာတင်ပြီး အာရုံအပြည့်စိုက်ကစားမယ့်ပွဲ ဖြစ်ပါတယ်။ ဆောက်သမ်တန်နိုင်မှာ သေချာ တဲ့ပွဲဖြစ်ပါတယ်။
ကျူပီအာရ် - နယူးကာဆယ်
စနေ၊ ည ၈း၃၀
ကျူပီအာရ်က တန်းဆင်းသွားရပြီ ဖြစ်ပါ တယ်။ နယူးကာဆယ်က တန်းမဆင်းရဖို့ ရုန်းကန်နေဆဲဖြစ်ပါတယ်။ ဒီပွဲမှာ နယူးကာ ဆယ်နိုင်ရင် တင်ကျန်နိုင်လို့ နယူးကာဆယ် ကစားအားတင်ပါလိမ့်မယ်။ ကျူပီအာရ်က တန်းဆင်းသွားပေမယ့် သူတို့ရဲ့ ပရီမီယာလိဂ် အိမ်ကွင်းနောက်ဆုံးပွဲကို ကစားအားတင် တိုက်စစ်ဖွင့်ကစားလာနိုင်တာကို သတိပြု သင့်ပါတယ်။ နှစ်ဖက်ခံစစ်တွေ အားနည်းတဲ့ ပွဲမို့ ဒီပွဲက ဂိုးအများနဲ့ ပြီးသွားပါလိမ့်မယ်။ အသင်းမရွေးဘဲ ဂိုးအများကိုရွေးပါ။
ဆန်းဒါးလန်း - လက်စတာ
စနေ၊ ည ၈း၃၀
နှစ်သင်းစလုံး ခြေကောင်းနေပါတယ်။ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲ ဖြစ်နေလို့ အကြိတ်အနယ်ဖြစ်နိုင်ပေမယ့် နှစ်သင်းစလုံး သတိထားကစားမယ့်ပွဲဖြစ်လာ နိုင်ပါတယ်။ ဆန်းဒါးလန်းက နောက်ဆုံး သုံးပွဲမရှုံးသလို လက်စတာကလည်း ခုနစ်ပွဲ မှာ ခြောက်ပွဲနိုင်ထားပါတယ်။ လက်စတာက အသင်းလိုက်ပိုကောင်းပေမယ့် ဆန်းဒါးလန်း ကွင်းဖြစ်လို့ သတိထားနိုင်ပါတယ်။ နှစ်ဖက် နည်းပြတွေက နည်းပြကောင်းတွေဖြစ်လို့ ဒီပွဲက သရေကျဖို့ များပါတယ်။ ဂိုးအနည်းက စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။
စပါး- ဟားလ်စီးတီး
စနေ၊ ည ၈း၃၀
စပါးအသင်း သုံးပွဲဆက်တိုက်နိုင်ပွဲပျောက် နေပါတယ်။ နှစ်ပွဲဆက်တိုက် ရှုံးထားလို့ တော့တင်ဟမ် ဒီပွဲမှာ ကစားအားတင်လာ နိုင်ပါတယ်။ တော့တင်ဟမ်အတွက် အရေးမပါ ပေမယ့် ဒီပွဲက အိမ်ကွင်းနောက်ဆုံးပွဲမို့ ပရိသတ်အတွက် စပါးဟာ အကောင်းဆုံး ကစားပြပါလိမ့်မယ်။ နှစ်ပွဲဆက် ဂိုးပေါက် ပျောက်နေတဲ့ ဟယ်ရီကိန်းဂိုးသွင်းမယ့်ပွဲ ဖြစ်ပါ တယ်။ ဟာလ်စီးတီးကခြေရူးပါ။ ဘန်လေကို အိမ်ကွင်းမှာရှုံးပြီး လီဗာပူးကျနိုင်တဲ့ အသင်း ပါ။ အဝေးကွင်းမှာ တစ်ရာသီလုံး သုံးပွဲသာနိုင်ထားပါတယ်။ အခုပွဲမှာလည်း မလွယ်ပါဘူး။ ဟာလ်းစီးတီး တန်းဆင်းရဖို့များပါတယ်။ စပါးအနိုင်က ပြတ်သားပါလိမ့်မယ်။
ဘန်လေ - စတုတ်
စနေ၊ ည ၈း၃၀
ဘန်လေကတော့ ဟားလ်စီးတီးကို ပြီးခဲ့တဲ့အပတ်က နိုင်သွားပေမယ့် တန်းဆင်းသွားရပြီဖြစ်ပါတယ်။ အသင်းလိုက်ကစားအားကောင်း တဲ့ အသင်းဖြစ်ပါတယ်။ အိမ်ကွင်းကစားပုံလည်း ကောင်းပါတယ်။ သူတို့ရဲ့ပရီမီယာလိဂ် နောက်ဆုံးအိမ်ကွင်းပွဲမို့ ဘန်လေကစားအားတင်ပါလိမ့်မယ်။ စတုတ်ကလည်း ခြေကောင်း နေပါတယ်။ ဂိုးသွင်းအားကောင်းနေပါတယ်။ အခုပွဲက အဝေးကွင်းဖြစ်လို့ စတုတ်ရဲ့ ကစား အားက လျော့နည်းနေပါလိမ့်မယ်။ ဘန်လေ ကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။
၀က်စ်ဟမ်း - အဲဗာတန်
စနေ၊ ည ၈း၃၀
နှစ်သင်းစလုံးက အရေးမပါကြတော့ပါဘူး။ ဒါကြောင့်နှစ်သင်းစလုံး တိုက်စစ်ဖွင့်ပြီး ကစားကြပါလိမ့်မယ်။ နှစ်သင်းစလုံး ခံစစ်တွေ က လျော့ရဲကြပါတယ်။ ၀က်စ်ဟမ်းကတော့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ အာရုံစိုက်မှု ပိုနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ကလည်း တိုက်စစ်ကောင်းတဲ့အတွက် ဂိုးပြန်သွင်းနိုင် တာမို့ ဒီပွဲဟာ ဂိုးအများကို ရွေးချယ်ဖို့သင့်တဲ့ပွဲ ဖြစ်ပါတယ်။
လီဗာပူး - ပဲလေ့စ်
စနေ၊ ည ၁၁းဝဝ
ပဲလေ့စ်ကတော့ ၄၂ မှတ်ရပြီးနောက်ပိုင်း မှာ လေးပွဲဆက်တိုက် ရှုံးနိမ့်သွားပါတယ်။ ၀က်စ်ဘရွန်း၊ ဟာလ်းစီးတီး၊ ချယ်လ်ဆီး၊ မန်ယူတို့ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။ ကစားပုံ မဆိုးပေမယ့် ရှုံးပွဲတွေချည်း တွေ့နေပါတယ်။ နည်းပြအလန်ပါဂျူးက အသင်းကြီးတွေဆိုရင် အခက်တွေ့အောင် ပြင်ဆင်တတ်သူဖြစ်တာ ကို သတိပြုရမှာ ဖြစ်ပါတယ်။ လီဗာပူးက သူတို့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ ကစားအားတင် နိုင်ပေမယ့် ပဲလေ့စ်ရဲ့ တိုက်စစ်က ဂိုးပြန်သွင်း နိုင်တာကို မေ့ထားလို့မရပါဘူး။ လီဗာပူး နိုင်သွားနိုင်ပေမယ့် ဂိုးမပြတ်နိုင်လို့ ပဲလေ့စ်ကို ရွေးရမှာဖြစ်ပါတယ်။
ဆွမ်ဆီး - မန်စီးတီး
တနင်္ဂနွေ၊ ည ရးဝဝ
ဒီရာသီမှာ ဆွမ်ဆီးဟာ အကောင်းဆုံး ကစားနိုင်တဲ့ရာသီ ဖြစ်ပါတယ်။ အိမ်ကွင်း ကစားအားကောင်းပြီး တည်ငြိမ်တဲ့ကစား ကွက်ရှိတဲ့ အလယ်အလတ်အသင်း ဖြစ်ပါ တယ်။ မန်စီးတီးထက်စာရင် ကစားသမား တွေက ငယ်ရွယ်ကြပါတယ်။ မန်စီးတီးက ကစားသမားကောင်းတွေရှိပေမယ့် အသက် ကြီးလို့ ကစားအားကျလာနေတဲ့ အသင်းဖြစ် ပါတယ်။ ဆွမ်ဆီးကွင်းမှာ မန်စီတီးသတိကြီးကြီးထားပြီး ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ပထမဦးစားပေးက ဂိုးအနည်းဖြစ်ပါတယ်။ အသင်းရွေးမယ်ဆိုရင် ဆွမ်ဆီးကို ရွေးသင့် ပါတယ်။
မန်ယူ - အာဆင်နယ်
တနင်္ဂနွေ၊ ည ၉း၃၀
မန်ယူကွင်းမှာ ဒီရာသီ အာဆင်နယ် အနိုင်ကစားထားတာကို သတိရသင့်ပါတယ်။ အက်ဖ်အေဖလားမှာ ဖြစ်ပါတယ်။အာဆင် နယ် ၂-၁ နဲ့အနိုင်ရသွားတာဖြစ်ပါတယ်။ အခုတစ်ကြိမ် ထပ်တွေ့ပြန်ပါပြီ။ သုံးပွဲ ဆက်တိုက်ရှုံးခဲ့တဲ့ မန်ယူဟာ ပြီးခဲ့တဲ့အပတ်ကတော့ ပဲလေ့စ်ကို အနိုင်ရထားခဲ့ပါတယ်။ မန်ယူကစားပုံက ထိပ်တန်းအဆင့်မှာ မရှိပါဘူး။ ကွင်းလယ်မှာ ထိပ်တန်းကစားသမား အားနည်းနေပါတယ်။ အာဆင်နယ်ကတော့ တိုက်စစ်ဖွင့်ပြီး ကစားလာဦးမှာ ဖြစ်ပါတယ်။ မန်ယူရဲ့ တောင်ပံဖြတ်တင်ဘောတွေကို အာဆင်နယ်ထိန်းနိုင်ဦးမှာပါ။ အာဆင်နယ် ထပ်ပြီး အနိုင်ရပါလိမ့်ဦးမယ်။
၀က်စ်ဘရွန်း - ချယ်လ်ဆီး
အင်္ဂါ၊ နံနက် ၁း၃၀
၀က်စ်ဘရွန်းအတွက် ဘာဖိအားမှမရှိတဲ့ ပွဲဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း ဒီပွဲမှာ အရန်ကစားသမားတွေကို ဦးစားပေးပြီး ပွဲထုတ်လာဦးမယ့်ပွဲဖြစ်ပါတယ်။ မော်ရင်ညို အာရုံစိုက်မှုမရှိတဲ့ပွဲဖြစ်လို့ ချယ်လ်ဆီးရဲ့ ဈေးက ချိုနေနိုင်ပါတယ်။ ဈေးချိုလို့ ယုံလို့မရ တာကိုသတိပြုပါ။ ၀က်စ်ဘရွန်းက ပရိသတ်အတွက်ကစားရမယ့်ပွဲဖြစ်နေပါတယ်။ ဒီပွဲမှာ စိတ်အချရဆုံးက ဂိုးအနည်းဖြစ်ပါတယ်။















