အလက်တီကိုကွင်းမှာ ဘာစီလိုနာ ချန်ပီယံဆုယူမယ် ထင်တယ်

အလက်တီကိုကွင်းမှာ ဘာစီလိုနာ ချန်ပီယံဆုယူမယ် ထင်တယ်

အလက်တီကို - ဘာစီလိုနာ
တနင်္ဂနွေ၊ ည ၁၁း၃၀

ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာဟာ ချန်ပီယံ အဆုံးအဖြတ်ပွဲကို နောက်ဆုံးပွဲစဉ်မှာ အလက်တီကိုနဲ့ ကစားခဲ့ရပြီး သရေကျခဲ့လို့ ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရတယ်။ အခု လည်း ချန်ပီယံဘွဲ့ကိုအဆုံး အဖြတ်ပေးမယ့် ပွဲကို နောက်ဆုံးပွဲစဉ် မရောက်မီ တစ်ပွဲအလို မှာ အလက်တီကိုနဲ့ကစားရပါဦးမယ်။

ရီးယဲလ်ကို လေးမှတ်အထိ ဖြတ်ထား နိုင်ပြီဖြစ်လို့ အခုပွဲနိုင်လိုက်ရင် ဘာစီလိုနာ ချန်ပီယံဖြစ်ဖို့ သေချာသွားတော့မှာဖြစ်ပေမယ့် အလက်တီကိုကလည်း ဒီပွဲမှာ နိုင်မှ အဆင့်(၃) နေရာကို ရယူဖို့ သေချာနိုင်မှာ ဖြစ်လို့ နှစ်သင်းစလုံး မျှော်လင့်ချက်တွေနဲ့ ကစားရမယ့်ပွဲဖြစ်နေတယ်။ ဘာစီလိုနာအတွက်တော့ ပွဲစဉ်(၃၆) မှာ ရီးယဲလ်သာ ဗလင်စီယာနဲ့ပွဲကို အနိုင်ရခဲ့ရင် အခု အလက် တီကိုနဲ့ပွဲမှာ ဖိအားပိုများသွားနိုင်ပေမယ့် လည်း အခုတော့ ဖိအားသိပ်မရှိဘဲ ကစားခွင့် ရထားတာက ဒီရာသီမှာ ဘာစီလိုနာချန်ပီယံ ဖြစ်ဖို့ ကံတရားက ဖေးမပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ ပေါ့ဆလို့တော့ မရသေးပါဘူး။ ဘာစီလိုနာအတွက် နောက်ဆုံးပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဒီပို့တီဗို လို တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အသင်းတစ်သင်းနဲ့ ကစားရမှာဆိုတော့ အခက်အခဲတော့ ရှိနိုင်သေးတယ်။ ခက်တာက လောလောဆယ် စပိန် ဘောလုံးလောကအတွင်းမှာလည်း ပြဿနာ အရှုပ်အထွေးတွေရှိနေပြီး စပိန်ဘောလုံး အဖွဲ့ချုပ်နဲ့ အစိုးရကြားမှာ တင်းမာမှုအချို့ ကြောင့် အခုလာမယ့် မေလ ၁၆ မှာ ကစား မယ့် စပိန်ဘောလုံးလောကအတွင်းမှ ပွဲတွေ အားလုံးကို ဆန္ဒပြသပိတ်မှောက်ဖို့ စီစဉ် ထားကြတဲ့အတွက် အခုဘာစီလိုနာနဲ့ အလက်တီကိုပွဲဟာလည်း ကစားဖြစ်မဖြစ် မသေချာသေးပါဘူး။ တကယ်လို့ ဒီပွဲကိုသာ မကစားဖြစ်ဘူးဆိုရင်တော့ ဘာစီလိုနာ အတွက် အခွင့်အရေးပိုသာသွားဖို့ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလက်တီကိုနဲ့ မကစားမီမှာ ဘိုင်ယန်မြူးနစ်ကွင်းကိုသွား ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ရေး အဆုံး အဖြတ်ပွဲကို ကစားထားရတဲ့ ဘာစီလိုနာ အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲဖြစ်တဲ့ အလက်တီကိုနဲ့ပွဲကို ဆက်တိုက်မကစားရ တော့ဘဲ အနားရသွားနိုင်လို့ပါပဲ။

ဒါပေမဲ့ လက်ရှိဒီရာသီခြေစွမ်းတွေအရ တော့ ဘာစီလိုနာဟာ အလက်တီကိုကို အသာစီးနဲ့ ကစားပြထားနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီက တစ်ရာသီလုံး အလက်တီကိုနဲ့တွေ့တိုင်း နိုင်ပွဲမရခဲ့တဲ့ ဘာစီလိုနာဟာ ဒီရာသီမှာတော့ အလက်တီကိုနဲ့ ရင်ဆိုင် ခဲ့ရတဲ့ လာလီဂါတစ်ပွဲနဲ့ ကိုပါဒယ်ရေးအသွားအပြန်နှစ်ပွဲ စုစုပေါင်းသုံးပွဲစလုံးကို အနိုင်ရအောင် ကစားပြထားနိုင်လို့ စိတ် ဓာတ်ပိုင်းနဲ့ ယုံကြည်မှုပိုင်းမှာ အားကောင်းနေဖို့များတယ်။ ခြေစွမ်းအရ ကြည့်မယ်ဆိုရင်လည်း ဘာစီလိုနာရဲ့ခြေစွမ်းဟာ ရာသီသိမ်းခါနီးမှာ အကောင်းဆုံးပုံစံရနေပြီး အရင်ရာသီတွေနဲ့မတူဘဲ တိုက်စစ်ရော၊ ခံစစ်မှာပါ အားကောင်းမှု၊ ဟန်ချက်ညီမှုတွေ ထုတ်ပြနေနိုင်တာက ဘာစီလိုနာအတွက် အားရစရာ အနေအထားမျိုးပါပဲ။

ဒီအချိန်မှာ အလက်တီကိုကတော့ ပြီးခဲ့တဲ့ရာသီထက်စာရင် ပိုပြီးရုန်းကန်လာ ရသလိုပါပဲ။ ခြေစွမ်းပိုင်းအတက်အကျမမှန် ဘဲ ပုံမှန်ခြေစွမ်းမျိုး သိပ်မရတော့ဘူး။ အသင်းရဲ့ အဓိကကစားသမားတွေ ထွက်ခွာ သွားလို့ဆိုတဲ့ အချက်တစ်ခုတည်းမှာပဲ အလက်တီကို အခုလိုပြောင်းလဲသွားတာမျိုးလို့ ပြောလို့မရဘဲ အသင်းရဲ့အဓိက ကစားသမားတွေနဲ့ အသက်အရွယ်ပိုင်းရ လာတာကိုလည်း ထည့်ပြောမှသာ ပြည့်စုံ လိမ့်မယ်ထင်တယ်။ လက်ရှိအလက်တီကိုရဲ့ အနေအထားကိုကြည့်ရင် နောက်ဆုံး ကစား ထားတဲ့ အိမ်ကွင်းမှ ဘီလ်ဘာအိုနဲ့ပွဲအပြင် လီဗန်တေးနဲ့အဝေးကွင်းပွဲမှာပါ နိုင်ပွဲ ပျောက်ပြီး သရေပွဲတွေသာ ဆက်တိုက်ကစားထားနိုင်တာ တွေ့ရတယ်။ ဒီပွဲတွေကို ကြည့်ရင် အလက်တီကိုရဲ့ ခံစစ်ကစားပုံဟာ နည်းနည်းတော့ လျော့ရဲလာသလို တွေ့နေ ရတယ်။ ဂိုဒင်၊ မီရန်ဒါ၊ ဟွမ်ဖရန်သုံးယောက် စလုံး ပွဲဆက်တွေများပြီး ပုံမှန်အောက် ရောက်နေကြသလိုပါပဲ။ ဒါကြောင့် အလက် တီကိုရဲ့ ခံစစ်ကစားပုံဟာ ပြီးခဲ့တဲ့ရာသီ ကလို အားကောင်းမှုမျိုး သိပ်မရှိတော့တဲ့အပြင် ဒီအချိန်မှာ ဘာစီလိုနာရဲ့ တောင် အမေရိကတိုက်စစ်အတွဲကလည်း ခြေစွမ်း ပြနေတဲ့အချိန်ဖြစ်လို့ အလက်တီကိုအတွက် ဘာစီလိုနာကို ခက်ခက်ခဲခဲထိန်း ကစားရဦး မယ်ထင်ပါတယ်။ ဘာစီလိုနာကစားပုံဟာ အရင်လို ဘောလုံးပိုင်ဆိုင်မှုတစ်ခုတည်းကိုပဲ အားပြု ပြီး တိုက်စစ်အမြဲဆင်နေဖို့ ကြိုးစားနေတဲ့ ပုံမျိုးလည်းမဟုတ်တော့ဘဲ ခံစစ်ကိုပါ ဂရုတစိုက် ထိန်းကစားနေတာကို နောက်ဆုံး ကစားထားတဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ် စုစုပေါင်း ခုနစ်ပွဲမှာ ပေးဂိုးလုံးဝမရှိတဲ့ အချက်က ဖော်ပြနေတယ်။ အထူးသဖြင့် လာလီဂါမှာဆိုရင် ဘာစီလိုနာအတွက် ဂိုးသမားဘရာဗိုကလည်း လက်စွမ်းပြနေ နိုင်တဲ့အတွက် ဘာစီလိုနာရဲ့ခံစစ်ကြောင်း ဟာ နောက်ကျောပိုလုံပြီး ကစားပုံပိုပြီး အားကောင်းလာတာ တွေ့နေရတယ်။ အလက်တီကိုကို ကြည့်မယ်ဆိုရင်တော့ တိုက်စစ်ပိုင်းက အားရစရာ သိပ်မရှိတော့ ပါဘူး။

မန်ဇူကစ်၊ တောရက်စ်တို့ရဲ့ ဂိုးသွင်း နှုန်းတွေက ပုံမှန်မရှိဘဲ ဂိုးရဖို့အတွက် ဂရစ်ဇ် မန်း တစ်ဦးတည်းကိုသာ အားထားနေတာ တွေ့ရတယ်။ နောက်ပြီး အလက်တီကိုဟာ ကစားကွက်ပုံစံကနေ ဂိုးရနှုန်းသိပ်မရှိလှဘဲ တည်ကန်ဘောတွေကနေပဲ ဂိုးရအောင် ပိုပြီးအားထုတ်နေရတဲ့ ပုံမျိုးလည်း ပေါ်နေ တယ်။ အခု နောက်ပိုင်းကစားတဲ့ပွဲတွေမှာ လည်း အလက်တီကိုတိုက်စစ်ဟာ နှစ်ဂိုး ထက် ပိုသွင်းနိုင်တဲ့ပွဲတောင် မရှိသလောက်နည်းနေပြီး တည်ကန်ဘောတွေကနေ ဂိုးရနှုန်းပါ လျော့ကျလာတာကိုလည်း တွေ့ နေရတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းကလည်း အမြင့်ပိုင်းကိုရောက် နေသလို စိတ်ဓာတ်ပိုင်းကပါ အောင်ပွဲတွေဆာလောင်ပြီး အားကောင်းနေတဲ့ ဘာစီ လိုနာကို အလက်တီကိုအတွက် အခုပွဲမှာ လည်း အနိုင်ယူနိုင်ဖို့ ခက်နေဦးမယ်ထင်ပါတယ်။ ချန်ပီယံဆုအတွက် အမှားမခံဘဲ အားစိုက်ကစားမယ့် ဘာစီလိုနာနဲ့ ဂိုးအနည်း ကိုရွေးထားတာက ပိုကောင်းလိမ့်မယ်ထင် ပါတယ်။

အခြားပွဲစဉ်များ
တနင်္ဂနွေ၊ ည ၁၁း၃၀
* ဗီလာရီးယဲလ် - မာလာဂါ

တနင်္ဂနွေ၊ ည ၁၁း၃၀
* ဗလင်စီယာ - ဆယ်လ်တာ

တနင်္ဂနွေ၊ ည ၁၁း၃၀
* ဆီဗီလာ - အယ်လ်မီရီယာ
တနင်္ဂနွေ၊ ည ၁၁း၃၀

ဆိုစီဒက် - ဂရန်နာဒါ *

တနင်္ဂနွေ၊ ည ၁၁း၃၀
* ဂီတာဖေး - အိုင်ဘာ

တနင်္ဂနွေ၊ ည ၁၁း၃၀
* အက်စ်ပန်ညို - ရီးယဲလ်

တနင်္ဂနွေ၊ ည ၁၁း၃၀
* အယ်လ်ချီ -ဘီလ်ဘာအို

တနင်္ဂနွေ၊ ည ၁၁း၃၀
* ဒီပို့တီဗို - လီဗန်တေး

တနင်္ဂနွေ၊ ည ၁၁း၃၀
* ကော်ဒိုဘာ - ရာယို



ဖတ်ရှုမှုအများဆုံး