ပွဲပန်းနေတဲ့ ဂျူဗင်တပ်ကို ငြင်းပယ်သင့်

ပွဲပန်းနေတဲ့ ဂျူဗင်တပ်ကို ငြင်းပယ်သင့်

အင်တာမီလန် - ဂျူဗင်တပ်
စနေ၊ ည ၁၀း၃၀

လာဇီယိုကို အဝေးကွင်းတွင် အနိုင်ရ လိုက်သော အင်တာမီလန်သည် လတ် တလော ထိပ်တန်းအသင်းကြီးများကို ဆက်တိုက်ရင်ဆိုင်နေရသောကြောင့် ပွဲကျပ် ကာလထဲ ရောက်နေသည်။ ပြီးခဲ့သော ငါးပွဲဆက်တိုက် အနေ အထားကို ကြည့်လိုက်ပါက အင်တာမီလန် သည် မြို့ခံပြိုင်ဘက် အေစီမီလန်နှင့် ဂိုးမရှိ သရေကျသည်။

ယင်းနောက် ရိုးမားနှင့် ယူဒီးနိစ်တို့ကို ၂ဪ၁ ဖြင့်နိုင်သည်။ ဧပြီ ၃ ရက်တွင် ချီယေဗိုကို ဂိုးမရှိသရေကျပြီးနောက် လာဇီယိုကွင်း၌ ၂ဪ၁ ဖြင့် နိုင်ခဲ့ သည်။ လာဇီယိုကို အနိုင်ရသည့်ပွဲတွင် အင်တာမီလန်သည် ပွဲအစပိုင်း ရှစ်မိနစ်မှာပင် အဖွင့်ဂိုးသွင်းခံရပြီးနောက် ပထမ ပိုင်း ၂၆ မိနစ်နှင့် ဒုတိယပိုင်း ၈၄ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ယူဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

ထူးခြားသည်မှာ ယင်းပွဲစဉ်တွင် လာဇီယိုဘက်သို့ နှစ်ဂိုးစလုံး သွင်းယူခဲ့သူ မှာ တစ်ချိန်က လာဇီယိုကွင်းလယ် ကစား ကွက်ဖန်တီးရှင် ဘရာဇီးလ်လက်ရွေးစင် ဟာနန်နက်စ် ဖြစ်သည်။ နည်းပြ မန်စီနီလက်ထက်တွင် တိုးတက် မှု အရိပ်လက္ခဏာပြလာသော အင်တာမီလန်သည် သုံးယောက်တိုက်စစ်ပုံစံကို ပြောင်းလဲကျင့်သုံးလာသည်။ တိုက်စစ်တွင် ၀ါရင့်ကစားသမား ပလာစီယို (၃၃ နှစ်)နှင့် လူငယ်တိုက်စစ်မှူး အိုင်ကာဒီ (၂၂ နှစ်)တို့ကို တွဲဖက်စေပြီး နောက်ပိုင်းပွဲစဉ်များ၌ ကစားကွက် ဖန်တီးရှင်နေရာတွင် ဟာနန် နက်စ်ကို ပို၍ပွဲထုတ်လာသည်။ ဟာနန်နက်စ်ကို တိုက်စစ်ဖန်တီးရှင်နေရာပြောင်းလိုက်ပြီးနောက် နည်းပြမန်စီနီ သည် ကွင်းလယ်ဗဟိုချက်ကို ဟန်ချက်ညီစေရန် ၀ါရင့်ကစားသမားများ ဖြစ်သော ဂူအင်ရင် (၂၈ နှစ်)၊ ဂယ်ရီမီဒယ် (၂၇ နှစ်) တို့ဖြင့် 'ကျားကန်'ပေးသည်။

တစ်ဖန် ကွင်းလယ်တွင် ကစားအား၊ ပြေးအားများ ကျဆင်းသွားခြင်းမရှိစေရန် လူငယ်ခြေတက် ကိုဗာဆစ် (၂၁ နှစ်)ကို ထည့်သွင်းသည်။ ကွင်းလယ်ကစားသမား သုံးယောက်နှင့် ဟာနန်နက်စ်တို့ အချိတ်အဆက်မိပြီး နားလည်မှု ကောင်းမွန်သောကြောင့် အင်တာမီလန်သည် ဘောလုံးပိုင်ဆိုင်မှုနှင့် ကစားကွက်များ အသာစီးရသည်။ အင်တာမီလန်အသင်း ပြန်လည်တည်ငြိမ်လာသော အခြားအကြောင်းတစ်ခုမှာ နည်းပြ မန်စီနီသည် နောက်တန်းဗဟိုတွင် ရာနော့ချီးယားဪဗီဒစ်အတွဲဖြင့် အထိုင်ချပြီး တောင်ပံခံစစ်များတွင် အီတလီလက်ရွေးစင် ဒီအမ် ဘရိုစီယို၊ ဘရာဇီးလ်လက်ရွေးစင် ဂျူအန်တို့ကို ပုံသေပွဲထုတ်လာခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဂျူဗင်တပ်သည် စီးရီးအေ၌ ဗိုလ်စွဲသွားပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဘက်သို့ အားထည့်နေရသောကြောင့် စီးရီးအေလက်ကျန်ပွဲများကို အာရုံစူးစိုက်မှု လျော့ကျသွားသည်။

ပြီးခဲ့သော ပွဲစဉ်တွင် ကက်ဂလီယာရီကို ၁-၁ သရေကျခဲ့ရာ၌ ဒဏ်ရာက ပြန်လည်သက်သာလာသော ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာကို တမောပမေိ သဘောမျိုး ပထမပိုင်း ၄၅ မိနစ် ကစား စေပြီး အီတလီလက်ရွေးစင်များဖြစ်သော မာချီစီယိုနှင့် ဘာဇာဂလီတို့ကို ထည့်သွင်း ခဲ့သည်မှလွဲပြီး အရန်များကိုသာ ပွဲထုတ် သည်။ တိုက်စစ်တွင် တေဗက်ဇ်၊ မိုရာတာ၊ လော်ရန်တေးတို့ သုံးယောက်စလုံးကို အနားပေးခဲ့ပြီး မာထရီ၊ ပီပီ၊ ကိုမန်းတို့ကို ထည့်သွင်းခဲ့သော်လည်း ဘောလုံးပိုင်ဆိုင် မှု အသာစီးဖြင့် ထိုးဖောက်ကစားနိုင်သည်။ နည်းပြ အယ်လီဂရီ၏ ပွဲဦးထွက်နှစ်မှာပင် ဂျူဗင်တပ်သည် စီးရီးအေချန်ပီယံဖြစ်လာပြီး ချန်ပီယံလိဂ်နှင့် ကိုပါအီတာလျံ ဖလားတို့တွင် အလားအလာကောင်းမွန် နေသောကြောင့် စိတ်ပိုင်းဆိုင်ရာ အထူး ကြံ့ခိုင် ကောင်းမွန်ကာ ယုံကြည်မှု မြင့်မား သည်။ ခြံုကြည့်လျှင် အင်တာမီလန်သည် ရစ်သမ်မိပြီး ဂိုးသွင်းနှုန်း အထိုက်အလျောက် မြင့်တက်လာသည်။ ဂျူဗင်တပ် သည် ချန်ပီယံလိဂ်ဘက်တွင် အာရုံစိုက်နေ သည်။ ပွဲလည်း ပန်းနေနိုင်သည်။ ထိုအချက် ကို အင်တာမီလန်တို့ လက်လွတ်ခံမည် မဟုတ်ဘဲ ဂျူဗင်တပ်ကို အနိုင်ရအောင် ကြိုးပမ်းမည်ဟု ယူဆမိပြီး ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး