ဖာဘရီဂတ်စ်ကို အနီကတ်ပြသင့်သည် ဘရန်ဒန်ရော်ဂျာပြောကြား

ဖာဘရီဂတ်စ်ကို အနီကတ်ပြသင့်သည် ဘရန်ဒန်ရော်ဂျာပြောကြား

ချယ်လ်ဆီးအသင်းနှင့် တစ်ဂိုးစီသရေကျသောပွဲတွင် ချယ်လ်ဆီး အသင်းကွင်းလယ်လူ
ဖာဘရီဂတ်စ်ကို အနီကတ်ပြသင့်သည်ဟု လီဗာပူးမန်နေဂျာ ဘရန်ဒန်ရော်ဂျာက
ပြောကြားလိုက်သည်။ ထိုပွဲစဉ်တွင် ဖာဘရီဂတ်စ်သည် လီဗာပူးကစားသမား စတာလင် ကို
ကြမ်းတမ်းစွာ လျှောထိုးဖျက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ် နှင့် ပတ်သက်၍ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး
မာရီနာက ဖာဘရီဂတ်စ်ကို အဝါကတ်ပြားသာ ပြသခဲ့သည်။

ဘရန်ဒန်ရော်ဂျာက "အခုပွဲမှာ ဟန်ဆောင်လှဲချမှုတွေ၊ ဥပဒေပ ဖျက်ထုတ်မှုတွေကြောင့်
ဖာဘရီဂတ်စ်ဟာ အနီကတ်ထိ သင့်ပါတယ်။ အရင်ပွဲတွေတုန်းကလည်း ဒီကစားသမားဟာ
ဒီလို အပြုအမူတွေ အမြဲလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါမှ အနီကတ်မထိခဲ့ ပါဘူး။ ဆိုးရွားတဲ့
အပြုအမူတွေ ပြုလုပ်တတ်တဲ့ကစားသမား တစ်ယောက်ကို အနီကတ်ပြစ်ဒဏ်ပေးသင့်ပါတယ်"ပြောကြား သွားသည်။



ဖတ်ရှုမှုအများဆုံး