ကျွနု်ပ်တို့ မြန်မာ ယူ-၂၀ ရဲ့ ပြိုင်ဘက်တွေအကြောင်း..... အမေရိကန်(သို့မဟုတ်) ပထမဆုံးယှဉ်ရမယ့်သူ

ကျွနု်ပ်တို့ မြန်မာ ယူ-၂၀ ရဲ့ ပြိုင်ဘက်တွေအကြောင်း..... အမေရိကန်(သို့မဟုတ်) ပထမဆုံးယှဉ်ရမယ့်သူ

မေ ၃၀ ဆိုရင် နယူးဇီလန်မှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပတော့မှာပါ၊
အဲဒီနေ့မှာ ကျွန်တော်တို့ရဲ့ မြန်မာ ယူ-၂၀ အသင်း စတင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာက အုပ်စု(က)မှာ အိမ်ရှင်နယူး ဇီလန်၊ အမေရိကန်၊ ယူကရိန်းတို့နဲ့အတူ ကျရောက်နေပါတယ်။
အုပ်စုအနေအထားကို ကြည့်လိုက်ရင် မြန်မာအသင်းကို အဖြည့်ခံအသင်းလို့ ကျန်တဲ့ သုံးသင်းက
သတ်မှတ်ထားကြပါတယ်။ မြန်မာ က အခုမှ ယှဉ်ပြိုင်ရတာဆိုတော့လည်း သူတို့ ရဲ့အပြစ်မဆိုသာပါဘူး။
ဒါပေမဲ့ သူတို့ သုံးသင်း ဟာ ကျွန်တော်တို့မြန်မာထက် အတွေ့အကြံု များကောင်းများနိုင်ပေမယ့်
ဒီသုံးသင်းစလုံး ဟာလည်း ထိပ်သီးအသင်းတွေမဟုတ်တာ လည်း သေချာနေပါတယ်။
အမေရိကန်လည်း ထိပ်သီးအသင်းမဟုတ်သလို ယူကရိန်းဟာ လည်း ထိပ်သီးအသင်းမဟုတ်ပါဘူး။
နယူး ဇီလန်ကျတော့လည်း အိမ်ရှင်ဖြစ်နေလို့သာ ပါပဲ။ ရပ်ဘီအားကစားမှာ ကမ္ဘာ့ထိပ်တန်း
ဖြစ်ပေမယ့် ဘောလုံးက သူတို့ရဲ့ ခရေဇီမဟုတ် ပါဘူး။ ဒီသုံးသင်းဟာ ကိုလံဘီယာ၊
ဂါနာ၊ ဥရုဂွေး၊ မက္ကဆီကိုတို့လောက်တောင် မြင့်မား တဲ့ အသင်းတွေမဟုတ်တဲ့အတွက်
ကျွန်တော် တို့ကလည်း ဒီသုံးသင်းအပေါ်မှာ စိုးရိမ်စိတ် ဖိအားမဝင်ဖို့လည်း အရေးကြီးပါတယ်။

စိတ်ဓာတ်စုစည်းမှုဟာ အဓိကကျနေပါ တယ်။ ဒီနေရာမှာ နောက်တစ်ဆင့်တက်ဖို့ အတွက်
ပြိုင်ပွဲကျင်းပပုံကို လေ့လာကြည့် လိုက်ရင် အုပ်စုပထမ၊ ဒုတိယရတဲ့အသင်း တွေ
ရှုံးထွက်အဆင့်ကို တက်ရမှာဖြစ်သလို အုပ်စုတတိယရတဲ့ အသင်းခြောက်သင်းထဲ ကနေ အကောင်းဆုံးအုပ်စုတတိယရတဲ့အသင်းလေးသင်းဟာလည်း ရှုံးထွက်အဆင့် ကိုတက်မှာဖြစ်လို
့ ကျွန်တော်တို့ မြန်မာအသင်းအနေနဲ့ အနိမ့်ဆုံးရည်မှန်းချက်ဟာ အကောင်းဆုံးအုပ်စုတတိယရတဲ့
လေးသင်း ထဲဝင်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကို တွေ့ရ ပါတယ်။ အရင်ဆုံး ကျွန်တော်တို့
ယှဉ်ပြိုင် ရမှာက မြောက်အမေရိကတိုက်က အမေ ရိကန်အသင်းနဲ့ပဲဖြစ်ပါတယ်။ ဒီပွဲမှာသာ
တာထွက်လှခဲ့ရင် ကျွန်တော်တို့ မျှော်လင့် ချက်က ရှင်သန်လာမှာ သေချာပါတယ်။
ကမ္ဘာ့အရှေ့ပိုင်းမှာ အနောက်ပိုင်းက အမေရိကန်အသင်းအနေနဲ့ ပထမဆုံးစတင်ကစားရမယ့်ပွဲမို့
အသားကျနိုင်ပါ့မလားဆိုတာ ပထဝီအနေအထားအပြောင်းအလဲပဲ ဖြစ်ပါတယ်။
မြန်မာထက်စာရင် အမေရိကန်အသားကျဖို့ခက်ခဲမယ့် ပထဝီအနေအထားကွာဟချက်ဖြစ်ပါတယ်။
မြန်မာ-အမေရိကန် ဆိုတဲ့အတွက် မြန်မာဟာ အောက်အသင်း ဖြစ်နေမှာသေချာပါတယ်။
ဒါဟာဘောလုံး လောကရဲ့သဘာဝမို့ စိုးရိမ်စရာမရှိပါဘူး။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို
ကိုရီးယားနဲ့ ဂျပန်မှာ ကျင်းပတုန်းက ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်၊
တောင်အမေရိကအသင်း ဥရုဂွေးတို့ကို အာဖရိကက အဲဒီအချိန်တုန်းက မထင်မရှား
အသင်း ဆီနီဂေါ ဘယ်လိုကစားသွားသလဲ ဆိုတာကို အခုကျွန်တော်တို့ မြန်မာ ယူ-၂၀
အသင်းကစားမယ့်အချိန်မှာ ပြန်ပြီးအမှတ်ရ နေမိပါတယ်။ ဒါဟာ ပထဝီအနေအထား
ကွာခြားမှုရဲ့သက်ရောက်မှုနဲ့ အောက်အသင်း လေးရဲ့ အသင်းလိုက်စုစည်းမှု
စိတ်ဓာတ်တိုကြောင့်ဖြစ်တယ်ဆိုတဲ့ အဖြေကို တွေ့လိုက် ရတဲ့ နမူနာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ ယူ-၂၀ ကစားသမားလေးတွေ ပြိုင်ပွဲမှာ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်
မနေဖို့ အရေးကြီး ပါတယ်။ အမေရိကန်ဟာ ကွန်ကာကပ်ဖ်ဇုန် မှာ အင်အားကြီးတယ်
လို့ဆိုနိုင်ပေမယ့် အခု သူတို့ ယူ-၂၀ အသင်းဟာ ထပ်ဆင့်ခြေစစ်ပွဲ ကစားပြီးမှ
ခြေစစ်ပွဲအောင်လာတာ ဖြစ်ပါ တယ်။ ဂွာတီမာလာကို ၁-၁ သရေ၊ ပြီးတော့ ပနားမားကို
၁-၀ နဲ့ရှုံးတယ်။ ပြီးတော့မှ အရူဘာဆိုတဲ့အသင်းကျမှ ၈ဪဝ နဲ့နိုင်ခဲ့ပါတယ်။
အရူဘာနိုင်ငံဆိုတာ ကာရစ်ဘီယံကျွန်းထဲက လူဦးရေ တစ်သိန်းကျော်ပဲရှိတဲ့
နိုင်ငံပိစိကွေးလေးဖြစ်ပါတယ်။ ပြီးမှ ဂျမေကာ ကို ၂-၀ နဲ့နိုင်၊ ထရီနီဒတ်ကို
၁-၀ နဲ့နိုင်လို့ အုပ်စုဒုတိယသာရခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ပနားမားက အုပ်စုပထမရခဲ့ပါတယ်။
ဒါကြောင့် ထပ်ဆင့်ခြေစစ်ပွဲကို အယ်လ်ဆာဗေးဒိုးနဲ့ ကစားရပြီး ၂-၀ နဲ့နိုင်လို့ နယူးဇီလန်ကို
ရောက်လာတာ ဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ အသင်းလားဆိုတော့ မကောင်းပါဘူး။
သင့်ရုံ အဆင့်ပဲရှိတဲ့အသင်း ဖြစ်ပါတယ်။ အမေ ရိကန်ဆိုတဲ့နာမည်ကြီးကြောင့်သာ ထင်ရှား တာပါ။
အသင်းက ဒီလောက်ဟုတ်တဲ့အသင်း မဟုတ်ပါဘူး။ နည်းပြ Tab Ramos ဟာ
မြန်မာအသင်းကို လျှော့တွက်ထားပုံရပါတယ်။ ပွဲဦးထွက်မှာ မြန်မာအသင်းထံကနေ
သူတို့သုံးမှတ်ရမယ်လို့ တထစ်ချယုံကြည်နေပုံရပါတယ်။ အမေ ရိကန်အသင်းဟာ
မြန်မာအသင်းအကြောင်း မသိပါဘူး။ မြန်မာကလည်း အမေရိကန်အသင်းအကြောင်း
သိမှာမဟုတ်ပါဘူး။ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့လူရွေးချယ် ထားမှုမှာ
နောက်တန်းဟာ အတွေ့အကြံု နည်းတဲ့ ကစားသမားတွေများနေတဲ့အကြောင်း
သတင်းထောက်တစ်ဦးက ထောက်ပြထားပါတယ်။

သူကတော့သတင်းသမားကို နောက် တန်းကစားသမား ငါးဦးလောက်ကိုထုတ်ပြ ပြီး
ပြန်လည်ရှင်းလင်းထားပါတယ်။ အမေရိကန်အသင်းမှာ အမေရိကန်အခြေစိုက်ကစားသမား
ခုနစ်ဦး၊ ဥရောပ အခြေစိုက်ကစား သမားကိုးဦး၊ မက္ကဆီကို အခြေစိုက်နှစ်ဦး၊ ကောလိပ်
ဘောလုံးသမားနှစ်ဦးတို့ ပါ၀င်ပါတယ်။ သတင်းထောက်ရဲ့ ထောက်ပြမှုကို ကြည့်လိုက်ရင်
အမေရိကန်အသင်းဟာ နောက်တန်းအားနည်းတဲ့ အသင်းဖြစ်တယ်ဆိုတာကို
သတိပြုရမှာဖြစ်ပါတယ်။ သူတို့ အားသာတဲ့နေရာက ကွင်းလယ်ပဲ ဖြစ်ပါတယ်။
အာဆင်နယ်ကစားသမား Zelalem နဲ့ ဖူလ်ဟမ်ကစားသမား Hyndman တို့ဟာ
အမေရိကန်အသင်းရဲ့ အဓိကကစားသမားတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို
ထိန်းချုပ်နိုင်ဖို့က ကျွန်တော်တို့ မြန်မာအသင်းရဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။
တိုက်စစ်က ဒီလောက်ကြောက်စရာမရှိပါဘူး။ Zelalem ၁၈ နှစ်ပဲရှိသေးပြီး
အမေရိကန်စီနီယာအသင်းကြီးမှာတောင် အရွေးခံထားရသူဖြစ်ပါတယ်။
Hyndman က ခြေစစ်ပွဲမှာ ဂိုးရအောင် ဖန်တီးပေးနိုင်ဆုံး ကစားသမား ဖြစ်တယ်လို့
သိရပါတယ်။ သူ့ရဲ့ဖန်တီးမှုကနေ ထရီနီဒတ်၊ ဂျမေကာ၊ အယ်လ်ဆာဗေးဒိုးတို့ကို
အနိုင်ရခဲ့တာလို့ ဆိုပါတယ်။ နောက်တန်းမှာအကောင်းဆုံးကစားနိုင်သူက Shaq Mooreဖြစ်ပြီး
ကွန်ကာကပ်ဖ်ဇုန်ခြေစစ်ပွဲရဲ့အကောင်း ဆုံးအသင်းမှာ အရွေးခံရသူဖြစ်ပါတယ်။ ၄-၃-၃
ကစားကွက်နဲ့ကစားမယ်လို့ ရာမို့စ် က ပြောဆိုထားပါတယ်။ တောင်ပံကစားသမားကောင်းတွေကို
အဓိကမှီခိုမယ်လို့ လည်းဆိုပါတယ်။ အမေရိကန်အသင်းဟာ အင်္ဂလန်မှာ
နှစ်ရက်လေ့ကျင့်ပြီးတော့ ဩစ တြီးယားမှာ camp ၀င်ပြီး လူမစုံဘဲ လေ့ကျင့် နေပါတယ်။
အင်္ဂလန် ယူ-၂၁ ကိုရှုံးပြီး ကာတာ ယူ-၂၀ ကို သရေကျထားပါတယ်။ ခရိုအေးရှား
ကိုအနိုင်ရထားပါတယ်။

 

အမေရိကန်ကွင်းလယ်ကို ထိန်းချုပ်နိုင်ရင် ကျွန်တော်တို့ရဲ့ တာထွက်က လှပနိုင်ပါတယ်။
ကိုယ့်အကြောင်း သူမသိ၊ သူ့အကြောင်းကိုယ်မသိ အခြေအနေ မှာ စိုးရိမ်စိတ်မရှိဖို့၊
တည်တည်ငြိမ်ငြိမ်ရှိဖို့က ကျွန်တော်တို့အသင်းအတွက် သိပ်ကိုအရေး ကြီးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ယူရိုပါ လိဂ်ဆီမီးဖိုင်နယ်ပွဲမှာ နာပိုလီလိုထိပ်တန်း အသင်းကို
ယူကရိန်းက ဒီနီပရိုအသင်းလေး ကစားသွားတဲ့ အသင်းလိုက်စုစည်းမှုစိတ်ဓာတ် နဲ့
ခံစစ်ဦးစားပေးဗျူဟာနဲ့ တန်ပြန်ထိုးဖောက် ကစားမှုတို့က ကျွန်တော်တို့အသင်းအတွက်
စံနမူနာဖြစ်ပါတယ်။ ဒီနီပရိုကစားသမားတွေ နည်းပြညွှန်ကြားချက်အောက်မှာ ဘောလုံး ကို
တစ်ချိန်လုံး အာရုံစိုက်ကစားသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ နာပိုလီကွင်းမှာ မိနစ် ၈၀ ကျော်
အထိ ရှုံးနေသည့်တိုင်အောင် ဒီနီပရိုကစားသမားတွေရဲ့ အာရုံစူးစိုက်မှုက ပျောက်မသွားဘဲနောက်ဆုံးမှာ
အဝေးဂိုးသွင်း သွားသလို သူတို့ကွင်းရောက်တော့လည်း လျှော့တွက်မထားဘဲ နာပိုလီကို
ဒုက္ခပေးသွား တာက အတုယူစရာဖြစ်ပါတယ်။ အမေရိကန်ဟာ ထိပ်တန်းအသင်းမဟုတ် ဘူး။
Soccer ကို အဆင့်မြင့်မြင့် ကစားတတ် သေးတဲ့အသင်း မဟုတ်ဘူး။ ငါတို့ထက်
ဝေးလံလွန်းလှတဲ့ဒေသကနေ လာကစားရလို့ ရာသီဥတု၊ ပထဝီအနေအထားကွာခြားမှုတွေ
ကြံုတွေ့နိုင်တဲ့အသင်း၊ ငါတို့ကို လျှော့တွက် ထားတာဟာ သူတို့အတွက် အားနည်းချက် ဖြစ်ပြီး
ငါတို့အတွက် အသားချက်ဖြစ်တယ်။ ငါတို့လည်း သူတို့လိုပဲ ဥရောပထွက်ပြီး လေ့ကျင့်ခဲ့တဲ့အသင်း၊
ငါတို့ကို ပြည့်စုံအောင် ပံ့ပိုးပေးထားတယ်။ ငါတို့နည်းပြဟာ ဂျာမန်၊ ငါတို့လုပ်နိုင်တယ်။

ဥရောပအတွေ့အကြံု အောက်မှာ ငါတို့ကြောက်စိတ်မရှိဘူးဆိုတဲ့ အတွေးခံယူချက်တွေနဲ့
အမေရိကန် ယူ-၂၀ အသင်းကိုယှဉ်ဖို့ မြန်မာ ယူ-၂၀ အသင်းကို တိုက်တွန်းရင်း
ကောင်းကောင်းကစားနိုင်တဲ့ မြန်မာ ယူ-၂၀ အသင်းကို မျှော်လင့်နေမိ ပါရဲ့...။



ဖတ်ရှုမှုအများဆုံး