ဘာစီလိုနာ-ဒီပို့တီဗို
စနေ၊ ည ၁၁းဝဝ
လာလီဂါချန်ပီယံဘွဲ့က အဖြေထွက်သွား ပါပြီ။ ဘာစီလိုနာက ပွဲစဉ်(၃၇)မှာ အလက်တီကိုမက်ဒရစ်ကို
အဝေးကွင်းမှာ အနိုင်ယူလိုက်နိုင်လို့ ရီးယဲလ်မက်ဒရစ်ရဲ့ ဒီရာသီ ဖလား
မျှော်လင့်ချက်တွေအားလုံးလည်း အဆုံးသတ် သွားခဲ့ရတယ်။ ဘာစီလိုနာအတွက်တော့
ဒီရာသီ ဖလားသုံးလုံးမျှော်လင့်ချက်အတွက် ပထမဆုံးဖလားဖြစ်တဲ့
လာလီဂါချန်ပီယံဖလားကိုအရယူနိုင်ခဲ့တဲ့အတွက် စိတ်ဓာတ် ပိုင်းမှာပါ
ပိုပြီးအားကောင်းသွားခဲ့ပါပြီ။ ပွဲစဉ်(၃၇)အပြီးလာလီဂါရဲ့ အနေအထား
တွေအရ ချန်ပီယံဆု အဖြေထွက်သွား ပေမယ့် ကျန်တဲ့နေရာတွေအတွက်ကတော့
ယှဉ်ပြိုင်မှုတွေနဲ့ ရှင်သန်နေဆဲပါပဲ။
အလက် တီကိုဟာ သူတို့ရဲ့ အဆင့်(၃)နေရာကို ထိန်းဖို့ လက်ကျန်တစ်ပွဲမှာ
အနည်းဆုံး သရေတော့ ကစားဖို့ လိုနေသေးသလို အဆင့်(၄)က ဗလင်စီယာဆိုရင်လည်း
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းရဦးမယ့် အနေအထားမှာပဲ ရှိနေသေး တယ်။
ဆီဗီလာနဲ့ တစ်မှတ်အကွာက ကပ်လိုက် ပြီး ဖိအားပေးနေမှုဟာ ဗလင်စီယာအတွက်
လက်ကျန် အယ်လ်မီရီယာနဲ့ပွဲကို လုံးဝ အတိမ်းအစောင်းအဖြစ်ခံလို့ မရသေးပါဘူး။
ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဘီလ်ဘာအို၊ ဆယ်လ်တာဗီဂို၊ ရာယိုနဲ့ အက်စ်ပန်ညို
အသင်းတွေမှာလည်း မျှော်လင့်ချက်ရှိနေကြ သေးတယ်။ ဇယားအောက်ပိုင်းကို
ကြည့်လိုက်ရင် လည်း ကော်ဒိုဘာ တန်းဆင်းသွားရပေမယ့် အယ်လ်မီရီယာ၊ ဂရန်နာဒါ၊
ဒီပို့တီဗို၊ လီဗန် တေးနဲ့ အီဘာအသင်းတွေ တန်းဆင်းနှစ်နေရာ ထဲရောက်မသွားဖို့
ရုန်းကန်ကြရဦးမှာ ဖြစ် တယ်။
ဒါကြောင့် လာလီဂါရာသီအသိမ်းဟာ စိတ်လှုပ်ရှားစရာကောင်းနေပြီး ဒီအထဲမှာ
ချန်ပီယံပူပူနွေးနွေးအသင်းကို နူးကမ့်မှာ လာရင်ဆိုင်ရမယ့် တန်းမဆင်းရဖို့အတွက်
နောက်ဆုံးအနေနဲ့ ရုန်းကန်ရတောတာ့မယ့် ဒီပို့တီဗိုအသင်းရဲ့ အခြေအနေ
ဘယ်လိုဖြစ် သွားနိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ် လာတာ အမှန်ပဲ။
ဘာစီလိုနာက ချန်ပီယံ၊ သူတို့အတွက် လက်ရှိအချိန်က အမှတ်မလိုတော့တဲ့အချိန်
ဆိုပေမယ့် လာလီဂါရာသီအသိမ်းကို အိမ်ကွင်း မှာ အောင်ပွဲခံရာမှာ အိမ်ကွင်းအနိုင်
ဆိုတဲ့ ရလဒ်နဲ့မှ ပိုပြည့်စုံမလိုဖြစ်နေတယ်။ နောက်ပြီး နည်းပြအန်းနရစ်ကလည်း
အသင်းရဲ့ အရှိန်ရ နေတဲ့ နိုင်ပွဲတွေကို ရပ်တန့်သွားတာမျိုးကို အလိုရှိမယ် မထင်ပါဘူး။
အသင်းမှာ လက်ရှိ ရရှိထားတဲ့ အောင်ပွဲခံစိတ်ဓာတ်ကို ဒီပွဲမှာ လည်း ဆက်ပြီးအသက်သွင်းနိုင်ဖို
့ ကြိုးစားလာ နိုင်သေးတယ်။ ဒီပွဲအပြီး တစ်ပတ်အကြာမှာ ကစားရဖို့ ရှိတဲ့ ဘီလ်ဘာအိုနဲ့
ကိုပါဒယ်ရေးပွဲအတွက် အခုပွဲမှာ အသင်းရဲ့အဓိက ကစားသမားအချို့ ကို အနားပေးမှာ
သေချာနေပေမယ့်လည်း ဘာစီလိုနာရဲ့ လူစားဝင်ကစားသမားတွေက လည်း အသင်းကြီးကို
ပုံမပျက်အောင် ကစား နိုင်စွမ်းရှိသူတွေချည်းပဲဖြစ်လို့ ဘာစီလိုနာရဲ့ အင်အားက
သိသာစွာပြောင်းလဲသွားနိုင်တာ မျိုး မရှိနိုင်ပါဘူး။
ဒီပို့တီဗိုအတွက်ကတော့ ဒီပွဲက ရှိသမျှ စွမ်းအားတွေကို နောက်ဆုံး အိပ်သွန်ဖာမှောက်
ထုတ်ပြရမယ့်ပွဲပါပဲ။ ဒါပေမဲ့ ကစားရမှာက ဘာစီလိုနာရဲ့ နူးကမ့်မှာ ဖြစ်နေတဲ့အပြင်
အဘက်ဘက်မှာလည်း ဘာစီလိုနာလို အသင်းကို ယှဉ်နိုင်တဲ့နေရာ တစ်နေရာမှ မရှိသေးလို
့ ဒီပွဲကတော့ ဒီပို့တီဗိုအတွက် စိတ်ဓာတ်ခွန်အား တစ်ခုတည်းကိုပဲ အားကိုး ရတော့မယ့်ပွဲမျိုးပါပဲ။
ဒီပို့အတွက်ကလည်း လာလီဂါမှာဆက်ရှိနေဖို့အတွက်က အရေးပါ နေတယ်။ ဒါကြောင့်
သူတို့ရဲ့ အနာဂတ်မျှော် လင့်ချက်တွေ ရှင်သန်အားကောင်းနိုင်ဖို့ အတွက် လာလီဂါမှာ
ဆက်ပြီးရပ်တည်နိုင်ရေး ဒီပို့ အစွမ်းကုန်အားထုတ်လိမ့်မယ်။ ဒီပို့ကစားပုံကိုကြည့်ရင်
ပန်းဝင်ခါနီး နည်းပြသစ်ဖြစ်လာတဲ့ ဗစ်တာရဲ့ လက်ထဲမှာ တော့ အသင်းဟာ အားထုတ်မှု
ပိုကောင်းလာ နေတာတွေ့ရတယ်။ ဗစ်တာ စပြီးတာဝန်ယူခဲ့တဲ့ အလက်တီကိုနဲ့ပွဲမှာ
ဒီပို့အရှုံးနဲ့စခဲ့ပေမယ့် လည်း အဲဒီနောက်ကစားခဲ့တဲ့ ငါးပွဲမှာတော့ အယ်လ်ချီကိုပဲရှုံးပြီး
ကျန်လေးပွဲမှာ တစ်ပွဲနိုင်၊ သုံးပွဲသရေ ကစားထားနိုင်ခဲ့တယ်။ အယ်လ်ချီ နဲ့ပွဲမှာ မထင်မှတ်ဘဲ
လေးဂိုးပြတ်နဲ့ အဝေးကွင်း မှာ အရေးနိမ့်ရပေမယ့်၊ မာလာဂါ၊ ဘီလ်ဘာအို နဲ့
ဗီလာရီးယဲလ်အသင်းတွေကို သရေကစား ထားနိုင်ပြီး နောက်ဆုံးပွဲမှာ လီဗန်းတေးကို
အနိုင်ယူထားနိုင်တဲ့ ဒီပိုတီဗိုရဲ့ အနေအထား ကိုကြည့်ရင်တော့ ဗစ်တာလက်ထဲမှာ
ဒီပို့ရဲ့ ရုန်းအားက စိတ်ဓာတ်ပြင်းပြမှု ပိုအားကောင်း လာနေတယ်လို့ ပြောနိုင်တယ်။
ဒါကြောင့် အခုလည်း နူးကမ့်မှာ ဒီပို့ဟာ သူတို့ရဲ့ ရပ်တည် မှုတစ်ခုအတွက် ဘာစီလိုနာကို
သူတို့မှာ ရှိသမျှအင်အားတွေနဲ့ အကောင်းဆုံးရင်ဆိုင် နိုင်ဖို့ ကြိုးစားလာမှာ သေချာနေတယ်။
ဒီတော့ အခုပွဲမှာ အဓိကကျနေတာက ဘာစီလိုနာရဲ့ တုံ့ပြန်မှုအနေအထားပါပဲ။ ချန်ပီယံဆုအတွက်
သေချာနေပြီဖြစ်ပေမယ့် လည်း ရှေ့မှာ နောက်ထပ်ချန်ပီယံဆုတွေအတွက် ဆက်ပြီး
မျှော်လင့်ထားလို့ရနေတဲ့ အနေအထားမှာ ဘာစီလိုနာက လက်ရှိသူတို့ ဆီမှာ ရှိနေတဲ့
အောင်ပွဲခံစိတ်တွေကို အားပျော့သွားအောင်လုပ်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီပွဲဟာ
အိမ်ကွင်းနောက်ဆုံး ပွဲဖြစ်နေပြီး ချန်ပီယံဆုအတွက်လည်း အောင်ပွဲခံရမယ့်ပွဲဖြစ်လို
့ ပရိသတ်တွေကို အနိုင် ရလဒ်မျိုးနဲ့ပဲ ၀င့်ကြွားအောင်ပွဲခံစေချင်လိမ့် မယ်ထင်တယ်။
အသင်းချင်း လူအင်အား အရလည်း ဘာစီလိုနာရဲ့ အရန်အင်အားကို တောင်
ဒီပို့တီဗိုအတွက် မနည်းရင်ဆိုင်ရ မယ့် အခြေအနေမျိုးဖြစ်နေလို့ ဒီပွဲက ဘာစီလိုနာ
ချမ်းသာပေးမှ ဒီပို့အတွက် လွတ်လမ်း ရသွားနိုင်တဲ့ပွဲမျိုး ဖြစ်နေတာတော့ အမှန်ပဲ။
ဒီပွဲရဲ့ အနေအထားကတော့ ဘာစီလိုနာက အိမ်ကွင်းမှာ နှုတ်ဆက် သရုပ်ပြပွဲမျိုးလို
ကစား သွားဖို့များနေလို့ ဒီပို့ရဲ့ ပြင်းထန်တဲ့စိတ်ဓာတ် နဲ့ တုံ့ပြန်မှုက အခွင့်အရေးတော့
ရသွားနိုင် မယ်ထင်တယ်။ သရေပွဲနဲ့အဆုံးသတ်နိုင်တဲ့ပွဲ လို့ပဲ ထင်ပါတယ်။
အခြားပွဲစဉ်များ
စနေ၊ ည ၉းဝဝ
လီဗန်တေး - အယ်လ်ချီ
စနေ၊ ည ၁၁းဝဝ
ဘီလ်ဘာအို - ဗီလာရီးယဲလ်
စနေ၊ ည၁၁းဝဝ
ဂရန်နာဒါ -အလက်တီကို
စနေ၊ ည ၁၁းဝဝ
ရာယို - ဆိုစီဒက်
စနေ၊ ည ၁၁းဝဝ
အိုင်ဘာ - ကော်ဒိုဘာ
စနေ၊ ည ၁၁းဝဝ
ဆယ်လ်တာ -အက်စ်ပန်ညို
စနေ၊ ည ၁၁းဝဝ
အယ်လ်မီရီယာ - ဗလင်စီယာ
စနေ၊ ည ၁၁းဝဝ
မာလာဂါ - ဆီဗီလာ
တနင်္ဂနွေ၊ နံနက် ၁းဝဝ
ရီးယဲလ် - ဂီတာဖေး















