ဘိုင်ယန်မြူးနစ် - မိန့်ဇ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ မိန့်ဇ် ၁-၂ ဘိုင်ယန်
ဘိုင်ယန် အလျှော်ဇယားတွေ လုပ်လာတာ ကတော့ မပြောနဲ့တော့။
ဖီဖာရဲ့ စုံစမ်းစစ်ဆေး ရေး ကော်မရှင်တောင် ၀င်သင့်တဲ့အထိပဲ။
ဒါပေမဲ့ ပွဲကပြီးသွားပါပြီ။ အိမ်ကွင်းမှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့
ကြေးအရေတော့ မပြောလိုဘူး။ ဒါကြောင့် ရလဒ်ကိုပဲ ပြောမယ်။
ဘိုင်ယန် ကျိန်းသေနိုင်မယ်။ ရလဒ်ကလည်း ၂-၁ လောက်ဖြစ်လိမ့်မယ်။
ဒေါ့မွန် - ၀ါဒါဘရီမင်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ၀ါဒါဘရီမင် ၂-၁ ဒေါ့မွန်
အဆင့်ချင်းကလည်း မကွာဘူး။ အမှတ် ကလည်း ၄၃ မှတ်ချင်းညီနေတယ်။
ဒီလိုပွဲမျိုး မှာတော့ ဧည့်သည်ဘက်ကနေရင် မမှားဘူး လို့ ထင်မိတယ်။
မွန်ချင်ဂလက်ဘတ် - အော့စ်ဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ အော့စ်ဘတ် ၂-၁ မွန်ချင်
အော့စ်ဘတ်က ၄၆ မှတ်ရထားတယ်။ ဥရောပတစ်နေရာဝင်ခွင့်အတွက်
သူက ကြိုးစားမှာပဲ မွန်ချင်က ချန်ပီယံလိဂ် ခိုင်သွား ပြီ။ ရသလောက် အမှတ်ယူမယ့်
အော့စ်ဘတ် ကို ကြိုက်တယ်။
ဟော့ဖန်ဟိမ်း -ဟာသာဘာလင်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဟာသာဘာလင် ၀-၅ ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းက အဆင့်(၉)မှာ ရောက်နေ ပြီး ဟာသာဘာလင်က
အဆင့်(၁၃)နေရာမှာ ရပ်တည်နေတာပါ။ အိမ်ကွင်းမာတဲ့ ဟော့ ဖန်ဟိမ်းပါပဲ။
ဟန်နိုဗာ - ဖရိုင်းဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ဖရိုင်းဘတ် ၂-၂ ဟန်နိုဗာ
နှစ်သင်းစလုံး ရုန်းကန်ကြရမှာပါပဲ။ အထက်က ဆိုခဲ့သလို အဆင့်(၁၄)မှာ ရှိတဲ့
ဖရိုင်းဘတ်တောင် စိတ်မချရလို့ ဟန်နိုဗာက ရော လွတ်မယ်ထင်သလား။
အသေအကြေ တိုက်ကြမယ့်ပွဲမှာ ဘိုင်ယန်ကို အနိုင်ကစားပြီး သွေးကြွနေတဲ့
ဖရိုင်းဘတ်ကို အလေးပိုမိတယ်။
ဖရန့်ဖတ် - လေဗာကူဆင်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ လေဗာကူဆင် ၁-၁ ဖရန့်ဖတ်
ဖရန့်ဖတ်က ဇယားအလယ်မှာ ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့်ဖြစ်နေပြီ။
လေဗာ ကူဆင်က ၆၁ မှတ်နဲ့ အဆင့်(၄) နေရာကို ထိန်းချုပ်ဖို့ လိုနေတယ်။ ဒါမှ
ချန်ပီယံလိဂ် ၀င်ခွင့်ရမှာကိုး။ အဲဒီည အိမ်မှာ ထမင်းမစား ဘူး။ ဧည့်သည်နဲ့ လိုက်စားမယ်။
ဟမ်းဘတ် - ရှော်လ်ကေး
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ရှော်လ်ကေး ၀-၀ ဟမ်းဘတ်
အဆင့်(၅)မှာရှိတဲ့ ရှော်လ်ကေး ခြေကုန် သုတ်မှာပါ။ ဒါပေမဲ့ ဟမ်းဘတ်က
တန်းဆင်း ဇုန်ထဲမှာဆိုတော့ သူကလည်း နိုးကြွမှာပဲ။ ဒါတော့ လျှော့တွက်လို့ မဖြစ်ဘူး။
ဟမ်းဘတ် နဲ့အတူ စွန့်စားကြည့်ချင်တယ်။
ကိုလုံး - ၀ုဖ်ဘတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ ၀ုဖ်ဘတ် ၂-၁ ကိုလုံး
၀ုဖ်ဘတ်က ဘိုင်ယန်မြူးနစ်ကို မကျော်နိုင် သလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာလည်း
သေချာသွားခဲ့ပြီ။ ဒါကြောင့် ရှင်းရှင်းလေးပဲ ပြောချင်တယ်။ အဝေးကွင်းမှာ ၀ုဖ်ဘတ်
ကိုလုံးကို အမှတ်ရောင်းသွားခဲ့ရင် အံ့ဩ မနေပါနဲ့။
ပက်ဒါဘွန်း - စတုဂတ်
စနေ၊ ည ၈းဝဝ
ပထမအကျော့ရလဒ်၊ စတုဂတ် ၀-၀ ပက်ဒါဘွန်း
တန်းဆင်းဇုန်ရဲ့ တကယ့်ကိုကြီးမားတဲ့ တိုက်ပွဲလို့တောင် တင်စားလို့ရပါတယ်။
အိမ်ရှင်ပက်ဒါဘွန်းဟာ ရမှတ် ၃၁ မှတ်ရရှိပြီး အဆင့်(၁၈) ဇယားအောက်ခြေမှာ
ရောက်နေ တာပါ။ နောက်ဆုံးပွဲ ရှော်လ်ကေးကို ၁-၀ နဲ့ ရှုံးထားပါတယ်။ စတုဂတ်က
ရမှတ် ၃၃ နဲ့ အဆင့်(၁၆)မှာရှိနေပြီး သူကနောက်ဆုံးပွဲမှာ ဟမ်းဘတ်ကို ၂-၁ ဂိုးရလဒ်နဲ့
နိုင်ထားပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဒီပွဲစဉ်မှာတော့ အစွမ်းကုန် ရုန်းပြမယ့်
ပက်ဒါဘွန်းကို ရွေးလိုက်ပါတယ်။














