လာဇီယို - ရိုးမား
တနင်္ဂနွေ၊ ည ရး၃၀
တစ်မှတ်သာ ကွာခြားသော လာဇီယိုနှင့် ရိုးမားတို့သည် ချန်ပီယံလိဂ်
တိုက်ရိုက်ဝင်ခွင့် နေရာဖြစ်သော ဒုတိယနေရာလုဘက်ဖြစ်နေရုံတင်ကမ
ရောမမြို့ခံပြိုင်ဘက်နှစ်သင်း ဖြစ်သောကြောင့် ၎င်းတို့နှစ်သင်း ထိပ်တိုက်
တွေ့ဆုံမည့် ရောမဒါဘီပွဲသည် ပုံမှန်ထက်ပို၍ အကြိတ်အနယ် ရှိမည်ဖြစ်သည်။
လာဇီယိုသည် အစောပိုင်းက ဆက်တိုက် ခြေတက်လာသော်လည်း ဧပြီလ
၁၉ ရက် တွင် ဂျူဗင်တပ်ကို ၂-၀ ဖြင့် အရေးနိမ့်ခဲ့ပြီး နောက် ဦးကျိုးသွားသည်။
ယင်း နောက်ပိုင်း ငါးပွဲကစားခဲ့ရာတွင် နိုင်ပွဲနှစ်ပွဲသာ ရရှိ သည်။ ထိုငါးပွဲတွင်
တန်းဆင်းလက်မှတ်ရပြီဖြစ်သော ပါးမားကို လေးဂိုးပြတ်နိုင်ခဲ့သည်မှလွဲပြီး
ကျန်လေးပွဲတွင် တစ်ဂိုးထက် ပိုမိုသွင်းယူနိုင်ခြင်း မရှိသောကြောင့် ယေဘုယျအားဖြင့်
တိုက်စစ်ရော၊ ဂိုးသွင်းအားပါ ကျဆင်းသွားသည်ကို တွေ့ရသည်။
အဓိကဝါရင့်တိုက်စစ်မှူး ကလိုဆေး၏ ဂိုးသွင်းနှုန်း လျော့ကျသွားပြီး အခြား
အားထားရသည့် တိုက်စစ်မှူး ဂျော်ဂျီဗစ်သည်လည်း ခြေစွမ်းပျောက်ဆုံးနေသည်။
သုံးယောက်တိုက်စစ်ပုံစံကို ကျင့်သုံး သော လာဇီယို၏ စုဖွဲ့မှုပုံသဏ္ဌန်သည်
ကွင်းလယ်ကို အားပြုတည်ဆောက်ထား သည်။ သုံးယောက်တိုက်စစ်တွင်
၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို 'တည်'ပြီး ကွင်းလယ်တိုက်စစ်သမားများဖြစ်သော
အန်ဒါဆင်နှင့် ကန်ဒရီဗာတို့ကို တိုက်စစ် တွင် ပိုမိုလိုက်ပါ ကစားစေသည်။
ကွင်းလယ်တွင် ၀ါရင့်သမ္ဘာရင့် ကစားသမားများကို အဓိကပွဲထုတ်လေ့ရှိသောကြောင့်
လာဇီယိုတိုက်စစ်သည် တည်ငြိမ်မှု ရှိတတ်သည်။ အထူးသဖြင့် ကွင်းလယ်နှင့်
တိုက်စစ်သမား များ ချိတ်ဆက်နားလည်မှုသည် လာဇီယိုတိုက်စစ်၏
အသက်သွေးကြော ဖြစ်သည်။ ကွင်းလယ်ချိတ်ဆက်မှုပေါ် မူတည်ပြီး
လာဇီယိုခြေစွမ်းသည် အတက်အကျ ရှိလာ နိုင်သည်။
ရောမမြို့ခံနှစ်သင်းဖြစ်သော လာဇီယို ရော၊ ရိုးမားပါ တောင်ပံတွင် ဘောလုံး
ဖြန့်ကြက်ကစားမှု ကောင်းမွန်သည်။ သို့ကလိုကြောင့် ၎င်းတို့နှစ်သင်း
ထိပ်တိုက် တွေ့ဆုံသောအခါ တောင်ပံနှစ်ဖက်တွင် ဘောလုံးဖြန့်ကြက်မှုက
'အခရာ'ကျပြီး ပွဲကို အဆုံးအဖြတ်ပေးမည့် အစိတ်အပိုင်းလည်း ဖြစ်သည်။
ရိုးမားသည် ဧပြီလကုန်ပိုင်းမှ စတင်ကာ ခြေစွမ်းရော၊ ရလဒ်ပါ ပြန်လည်တိုးတက်
လာသည်။ နည်းပြဂါစီယာသည် နောက်ပိုင်း ပွဲစဉ်များ၌ လူငယ်တိုက်စစ်သမားများကို
ပိုမို ထည့်သွင်းကစားလာသည်။ တောင်ပံ တိုက်စစ်သမား ဂျာဗင်ဟိုကို 'တည်'ပြီး
ကိုလံ ဘီယာတိုက်စစ်မှူး ဗစ်တာအစ်ဘာဘို (၂၄ နှစ်)၊ ဒွန်ဘီယာ (၂၇ နှစ်)တို့ဖြင့်
၀န်းရံထား သည်။ ၀ါရင့်တိုက်စစ်မှူး တော့တီ (၃၈ နှစ်) ကို ထည့်သွင်းခြင်း
နည်းပါးသွားပြီး အာဂျင် တီးနားတိုက်စစ်မှူး အိုင်တာဘီ (၂၁ နှစ်)ကို ပို၍
ပွဲထုတ်လာသည်။ တစ်ဖန် ကွင်းလယ်တိုက်စစ်သမား အဒမ်လာဂျစ်ကို
နောက်ချန် တိုက်စစ်နေရာတွင် ထည့်သွင်း အသုံးပြု လာခြင်းကြောင့်
ရိုးမားတိုက်စစ် ထက်မြက် လာသည်။
ပြီးခဲ့သော လေးပွဲဆက်တိုက်တွင် နိုင်ပွဲ သုံးပွဲရရှိခဲ့သော ရိုးမားသည်
ရှစ်ဂိုးသွင်းယူနိုင်ခြင်းကြောင့် ဂိုးသွင်းနှုန်း ပြန်လည်တိုးတက်လာပြီး ရာသီထက်ဝက်
မကျိုးမီက ရရှိခဲ့သော ခြေစွမ်းလောက်နီးပါး ပြန်လည် ထက်မြက်လာပြီ ဖြစ်သည်။
ရိုးမားခံစစ်ကြောင်းတွင် ကစားသမား အပြောင်းအလဲများရှိပြီး ဂရိလက်ရွေးစင်
ကီဗင်မန်နိုလက်စ်ကိုသာ 'အထိုင်ချ'ထား သည်။ ကျန်ကစားသမားများကို လှည့်လည်
ပွဲထုတ်လာသည်။ ခြံုကြည့်လျှင် ယခုတစ်ခေါက် လာဇီယိုနှင့် ရိုးမားတို့
ထိပ်တိုက်တွေ့ဆုံသောပွဲသည် ရောမဒါဘီဖြစ်ရုံတင်မက ချန်ပီယံ လိဂ်
တိုက်ရိုက်ဝင်ခွင့်နေရာဖြစ်သော ဒုတိယနေရာလုဘက် ဖြစ်သောကြောင့်
ဖိအားများပြီး အမှားမခံသောပွဲ ဖြစ်သည်။ သို့ကလိုကြောင့် သရေကျနိုင်ခြေများပြီး
လာဇီယိုနိုင်ခြေ အနည်းငယ်သာရှိသည်။ ဂိုးနည်းသောပွဲ ဖြစ်လာနိုင်သည်။














