ဂျူဗင်တပ် - နာပိုလီ (စနေ၊ ည ၁၀း၃၀)
အင်တာမီလန်ကွင်းမှာ ၂-၁ နဲ့ နိုင်လိုက်လို့ ဂျူဗင်တပ်ဟာ စီးရီးအေမှာလည်း အာရုံစိုက်တဲ့ ပွဲဆိုရင် နိုင်အောင်ကစားနိုင်တဲ့ ခြေစွမ်းရှိတယ်ဆိုတာ ပေါ်လွင်နေတယ်။
နာပိုလီကတော့ တောင်ပံတိုက်စစ်ကောင်းပေမယ့် အသင်းလိုက်ကျစ်လျစ်မှုနဲ့
စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းတွေမှာ ဂျူဗင်တပ်ကို မမီသေးဘူး။ ဂျူဗင်တပ် အနိမ့်ဆုံးသရေပါ။
ဂျီနိုအာ - အင်တာမီလန် (တနင်္ဂနွေ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ တိုရီနိုကို ၅-၁၊ အတ္တလန္တာကို ၄-၁ နဲ့ နိုင်ခဲ့တဲ့ ဂျီနိုအာ
တိုက်စစ်က ထူးထူးခြားခြား ကောင်းမွန်တိုးတက်နေတယ်။ လူငယ်တိုက်စစ်သမားတွေကို
ပွဲထုတ် ရာမှာ အချိတ်အဆက်မိသလို အဆုံးသတ်ဂိုးသွင်းယူမှုတွေ ကောင်းလာတယ်။
အင်တာမီလန် ကတော့ ခြေစွမ်းတက်နေပေမယ့် ဂျူဗင်တပ်ကို ၂-၁ နဲ့ အရေးနိမ့်ထားလို့
ဦးကျိုးသွားနိုင်တယ်။ အိမ်ရှင်ဖြစ်ပြီး ဂိုးမြူးနေတဲ့ ဂျီနိုအာကို ပိုကြိုက်တယ်။
အမ်ပိုလီ-ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
နှစ်ပွဲဆက်တိုက် ရှုံးထားတဲ့ အမ်ပိုလီခြေစွမ်းက အကျဘက် 'ယိုင်'နေပြီး
နောက်တန်း 'ပွင့်' နေတယ်။ ဆမ်ဒိုးရီးယားကတော့ အိမ်ကွင်းမှာ လာဇီယိုကို
အရေးနိမ့်ခဲ့ပေမယ့် စုဖွဲ့မှုရော၊ တိုက်စစ်အားပါ ကောင်းတယ်။ ဆမ်ဒိုးရီးယား
နိုင်ခြေများတယ်။
ပါလာမို - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ရး၃၀)
ကက်ဂလီယာရီကွင်းမှာ ၁-၀ နဲ့ နိုင်လိုက်ပေမယ့် ပါလာမိုခြေစွမ်းနဲ့ တိုက်စစ်အားက
သိပ်အားရစရာ မရှိသေးဘူး။ ဖီအိုရင်တီးနားကတော့ ယူရိုပါလိဂ်က
ထွက်လိုက်ရပြီးနောက် စီးရီးအေမှာ ပြန်ပြီး အာရုံစိုက်လာလို့ စွမ်းဆောင်ရည်ပိုင်းရော၊
ရလဒ်ပါ တိုးတက်လာတယ်။အထူးသဖြင့် ဂိုးသွင်းနှုန်း ပြန်တက်လာလို့
ဖီအိုရင်တီးနားကို ပိုကြိုက်တယ်။
ချီယေဗို - အတ္တလန္တာ (တနင်္ဂနွေ၊ ည ရး၃၀)
သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတဲ့ ချီယေဗိုဟာ စုဖွဲ့မှုပိုင်း လျော့ကျသွားပြီး
တန်ပြန် တိုက်စစ်ကစားပုံကလည်း အစောပိုင်းကလောက် ထိရောက်မှု
မရှိတော့ဘူး။ အတ္တလန္တာကတော့ အဝေးကွင်းပွဲတွေမှာ ခြေစွာပြီး ဂိုးသွင်းအားရှိတယ်။
လူငယ်တိုက်စစ်သမားတွေ ထည့်သုံးလို့ အချိတ်အဆက်မိရင် တိုက်အား၊
တိုးအားကောင်းတယ်။ အတ္တလန္တာကို ရွေးချယ် သင့်တယ်။
ဆီစီနာ - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ရး၃၀)
ပြီးခဲ့တဲ့ လေးပွဲဆက်တိုက် ၁၁ ဂိုး သွင်းခံလိုက်ရ တဲ့ ဆီစီနာနောက်တန်းက
လတ်တလော စီးရီးအေမှာ ပါးမားပြီးရင် ပျမ်းမျှပေးဂိုး အများဆုံး ဖြစ်နေတယ်။
ကက်ဂလီယာရီကတော့ ပွဲကျပ်ဆက်နေပေမယ့် တိုက်စစ်အားရှိတယ်။ ဒါပေမဲ့
နှစ်သင်းစလုံးက တန်းဆင်းလက်မှတ် ရသွားပြီဖြစ်လို့ အားစိုက်နိုင်ခြေ နည်းပါးပေမယ့်
ကက်ဂလီယာရီကို ပိုကြိုက်တယ်။
ပါးမား - ဗီရိုနာ (တနင်္ဂနွေ၊ ည ရး၃၀)
လတ်တလော နောက်တန်း 'ပွင့်'နေတဲ့ ပါးမားဟာ ပြီးခဲ့တဲ့ သုံးပွဲအတွင်းမှာ ၁၀ ဂိုး
အသွင်း ခံရလို့ စီးရီးအေမှာ ပျမ်းမျှပေးဂိုး အများဆုံး ဖြစ်နေတယ်။ ဗီရိုနာကတော့
အမ်ပိုလီက ၂-၁ နဲ့ အနိုင်ကစားသွားတဲ့ ခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့လိုတယ်။
လူကာတိုနီဪတာလက်ဘ် တိုက်စစ် အတွဲက အချိတ်အဆက်မိပြီး ဂိုးမြူးနေတယ်။
ဗီရိုနာကို ရွေးချယ်သင့်တယ်။
ယူဒီးနိစ် - ဆက်စူလို (တနင်္ဂနွေ၊ ည ရး၃၀)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက် ဆမ်ဒိုးရီးယားနဲ့ ရိုးမားတို့ကို အရေးနိမ့်ခဲ့ရာမှာ ခြောက်ဂိုးအသွင်း
ခံလိုက်ရလို့ ယူဒီးနိစ်ခံစစ် ကျဆင်းနေတယ်။ ဆက်စူလိုကတော့ ခြေတက်ပြီး ဂိုးမြူးနေသလို
အေစီမီလန်ကို ပူပူနွေးနွေး ၃-၂ နဲ့ အနိုင်ကစားထားတယ်။ အိမ်ကွင်းမှာ ကစားရမှာ
ဖြစ်ပေမယ့် ယူဒီးနိစ် နိုင်ခြေနည်းပါးတယ်။
အေစီမီလန် - တိုရီနို (တနင်္လာ၊ နံနက် ၁း၁၅)
ဆက်တိုက် ခြေစွမ်းကျဆင်းနေတဲ့ အေစီမီလန်ဟာ ခံစစ်မလုံခြံုဘဲ လတ်တလော
ပေးဂိုးများ နေတယ်။ ဂိုးသွင်းအားရှိပေမယ့် ခံစစ် 'ပွင့်'နေလို့ အေစီမီလန်ကို စိတ်ချလို့မရဘူး။
တိုရီနို ကတော့ ချီယေဗိုကို နှစ်ဂိုးပြတ်နိုင်ခဲ့တဲ့ ခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင်
ပြန်လည်ဦးမော့ လာနိုင်တယ်။ တိုရီနိုဟာ စုဖွဲ့မှုကျစ်လျစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်လို
့ ဂျူဗင်တပ်ကိုတောင် ၂-၁ နဲ့ နိုင်ထားတယ်။ တိုရီနိုကို ပိုကြိုက်တယ်။















