အာဆင်နယ် - ၀က်စ်ဘရွန်း
တနင်္ဂနွေ၊ ည ၈း၃၀
နှစ်သင်းစလုံးက အမှတ်မလိုတော့ပါ ဘူး။ ဒါပေမဲ့ အာဆင်နယ်တို့ အိမ်ကွင်း
နောက်ဆုံးပွဲစဉ်ကို အနိုင်နဲ့ ပိတ်သွားမှာပါ။ အာဆင်နယ်နဲ့ ဂိုးအများကို
ရွေးချယ်သင့် ပါတယ်။
ဗီလာ - ဘန်လေ
တနင်္ဂနွေ၊ ည ၈း၃၀
ဒီပွဲပြီးရင် ဗီလာက အက်ဖ်အေဖလား ဗိုလ်လုပွဲကစားဖို့ရှိနေတာကြောင့်
အခုပွဲ မှာ အားအပြည့်ထည့်ပါ့မလား စဉ်းစားစရာ ပါ။ ဘန်လေကတော့
ပရီမီယာလိဂ်ကို နှုတ်ဆက်သွားပါပြီ။ သာမန်လောက်ပဲ ကစားမယ့်ပွဲစဉ်မှာ
အသင်းထက်စာရင် ဂိုး အနည်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
ချယ်လ်ဆီး - ဆန်းဒါးလန်း
တနင်္ဂနွေ၊ ည ၈း၃၀
၀က်စ်ဘရွန်းကွင်းမှာ ဂိုးပြတ်ရှုံးလိုက်တာက ချယ်လ်ဆီးခြေကို သံသယဖြစ်စေပါတယ်။
အခုပွဲက အိမ်းကွင်းမှာ ဆုဖလား ယူမယ့်ပွဲဖြစ်လို့ ၀က်စ်ဘရွန်းနဲ့ပွဲလိုတော့
အဖြစ်ခံမှာ မဟုတ်ပါဘူး။ ချယ်လ်ဆီး ခပ်ပါးပါးအနိုင်ရသွားမယ်ထင်ပါတယ်။
ပဲလေ့စ် - ဆွမ်ဆီး
တနင်္ဂနွေ၊ ည ၈း၃၀
လီဗာပူးလိုအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နဲ့ နိုင်ထားတဲ့ ပဲလေ့စ်ရဲ့ စိတ်ဓာတ် ပိုင်းက
အမြင့်ဆုံးမှာ ရှိနေမှာပါ။ ဆွမ်ဆီးက လည်း လျှော့တွက်လို့မရပါဘူး။ ပဲလေ့စ်
အိမ်ကွင်းဖြစ်တာကြောင့် အနိုင်ရသွားမယ် ထင်ရပေမယ့် သရေလောက်ဖြစ်သွားနိုင်
ပါတယ်။
အဲဗာတန် - စပါး
တနင်္ဂနွေ၊ ည ၈း၃၀
အဲဗာတန်က အမှတ်မလိုတော့ပေမယ့် စပါးက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အမှတ်
ရအောင် ယူရဦးမှာပါ။ ဒီပွဲမှာလည်း အဲဗာ တန်ရဲ့ တိုက်စစ်ကောင်းမွန်မှုတွေကို
တွေ့ရဦးမှာပါ။ စပါး ခံစစ်ကိုလုံအောင် လုပ်ပြီး တန်ပြန်တိုက်စစ်လောက်ပဲ
ကစားနိုင် မှာပါ။ အဲဗာတန်စားသွားမယ်ထင်တယ်။
ဟားလ်စီးတီး - မန်ယူ
တနင်္ဂနွေ၊ ည ၈း၃၀
ဟားလ်စီးတီး တန်းမဆင်းရဖို့ နောက်ဆုံး အနေနဲ့ ညှစ်ဦးမှာပါ။ မန်ယူကတော့
သိက္ခာ ဆည်အနေအထားလောက်ပဲကစားမှာပါ။ ဟားလ်စီးတီးနောက်တန်းက
ပေါက်နေတာ ကြောင့် မန်ယူကိုပဲ ရွေးချယ်ရမှာပါ။
လက်စတာ - ကျူပီအာရ်
တနင်္ဂနွေ၊ ည ၈း၃၀
ကျူပီအာရ် တန်းဆင်းသွားရပါပြီ။ လက် စတာက အခုအိမ်ကွင်းပွဲစဉ်မှာလည်း
သူတို့ဂုဏ်သိက္ခာကို ကျဆင်းအောင်တော့ လုပ်မယ်မထင်ပါဘူး။ လက်စတာကိုပဲ ရွေးရမှာပါ။
မန်စီးတီး - ဆောက်သမ်တန်
တနင်္ဂနွေ၊ ည ၈း၃၀
ဆောက်သမ်တန်ကို လျှော့တွက်ရင် မန်စီးတီးတို့ ခံစားသွားရနိုင်ပါတယ်။ အခုချိန်မှာ
မန်စီးတီးအမှတ်မလိုပေမယ့် ဆောက်သမ်တန်က ယူရိုပါလိဂ်ဝင်ခွင့်အတွက်
အမှတ်လိုနေပါတယ်။ ဆောက်သမ်တန်ဘက်က စွန့်စားကြည့်သင့်ပါတယ်။
နယူးကာဆယ် - ၀က်စ်ဟမ်း
တနင်္ဂနွေ၊ ည ၈း၃၀
နယူးကာဆယ်အတွက် ဒီပွဲဟာ အရမ်းအရေးကြီးတဲ့ပွဲပါ။ ဒီပွဲမှာသာရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီမီယာလိဂ်ကို နှုတ်ဆက်သွားရ နိုင်ပါတယ်။ နောက်တန်းအားနည်းတာ ကြောင့်
ဂိုးတော့ပြန်ပေးရနိုင်ပါတယ်။ ဂိုးအများကိုရွေးတာ ပိုကောင်းပါတယ်။
စတုတ် - လီဗာပူး
တနင်္ဂနွေ၊ ည ၈း၃၀
ကစားပုံမာကျောတဲ့ စတုတ်ကြောင့် လီဗာပူး အခက်အခဲ တွေ့နိုင်ပါတယ်။
စတုတ်ကလည်း သူ့ကွင်းမှာ လီဗာပူးကို ရှုံးအောင်ကစားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
အနိမ့်ဆုံး သရေတော့ကစားမှာပါ။ စတုတ်ကို ကြိုက်ပါတယ်။















